Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ဗိုလ်ကြီး ရဲခင်ညွန့် မှ လက်ထပ်ယူပါမည်ဟုပြောဆိုထားပီး ယခုအခါ လ က်ထပ်ရန် ငြင်းဆိုခဲ့ပီး အရေးယူ ခံပါမည် ဟု ပြောဆိုနေပါသဖြင့် လိုအပ် သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန်


ခလရ (၄၂) ရွှေဘိုတပ်ရင်းမှ ကြည်း-၆၁၂၃၈ ဗိုလ်ကြီး ရဲခင်ညွန့် မှ လက်ထပ်ယူပါမည်ဟုပြောဆိုထားပီး ယခုအခါ လ က်ထပ်ရန် ငြင်းဆိုခဲ့ပီး အရေးယူ ခံပါမည် ဟု ပြောဆိုနေပါသဖြင့် လိုအပ် သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တ င်ပြ တိုင်ကြားခြင်းဟု ရွှေတံခါးမှူး ချစ်သူ စာမျက်နှာ သို့ တိုင်ကြားစာအဖြစ် တွေ့ရပါသည်။

ကျွန်မသည် ပြင်ဦးလွင်မြို့…အမှတ်(၁) တပ်မတော် အသံလွှင့် တပ်…သဇင် အသံလွင့်ဌာန တွင် ကိုယ်ပိုင်အမှတ် အ-၁၁၉၂၂၉ တပ်ကြပ်ကြီး အစားခန့် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော (နန်းဆုစံ)ဖြစ်ပါသည်..ကျွန်မသည် ခလရ (၄၂) ရွှေဘိုတပ်ရင်း တွင် တာဝန်ထမ်းဆောင်နေသော ကြည်း-၆၁၂၃၈ ဗိုလ်ကြီး ရဲခင်ညွန့် နှင့် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပီး ရည်းစား သက်တမ်း ၅ နှစ်နှင့် ၉ လ အကြာ ၂၅-၁-၂၀၁၆ ရက်နေ့တွင် အသိသက်သေများရှေ့ေ မှာက်တွင် နှစ်ဦးသဘောတူလက် မှတ် ရေးထိုး ခဲ့ကြပါသည် ။

ကျမသည် ဗိုလ်ကြီး ရဲခင်ညွန့်အား လက်ထပ်ခွင့်တင်ခိုင်းခဲ့ ရာ အကြောင်းအမျိုးမျိုး ပြ တိမ်းရှောင်နေခဲ့သည့် အတွက် ကျမသည် ၂၄.၁.၂၀၁၇ ရက်နေ့ ခလရ၄၂ရွှေဘိုတပ်ရင်းသို့ သွားကာ တပ်က တပ်ရင်းမှူးကတော်ထံ သတင်းပို့ခဲ့ပါသည် ။ တပ်ရင်းမှူး ကတော်မှ ဗကရဲခင်ညွှန့် ၄လပိုင်း သင်တန်းပြန်လာမှ ပြန်လည်လာရောက်ပါလို့ပြောဆိုခဲ့ပါတယ် ။
ကျမသည် ၄.၃.၂၀၁၇ ရက်နေ့တွင်ခလရ၄၂ရွှေဘိုတပ်ရင်းသို့ ထပ်မံ သွားရောက်ခဲ့ပါသည် တပ်မှာ ဗမနေဇာမင်ူေ ရှ့ တွ င်၎င်းနှင့် ညှိ့နှိုင်းခဲ့ရာ ၎င်းက လက်ခွင့်မတင်နိုင်ကြောင်း ပြောဆိုသဖြင့် ကျမမှ တိုင်စာ ထားရှိပြီး မိမိတည်းခိုရာအိမ်သို့ ပြန်လာခဲ့ပါသည် ။
ညရောက်တော့ ဗမှုးနေဇာမင်းမှဖုန်းဆက်ပြီး တပ်ရင်းမှုးက ညီမ နဲ့ဖုန်းပြောချင်လို့ တပ်ရင်းမှုးကိုဖုန်းခေါ်ပေးလို့ရမလား ဟုဆိုကာ တပ်ရင်းမှူး နံမည်နှင့် ဖုန်းနံပါတ်ပေးပါသည် ။ ကျမလည်း ဗိုလ်မှးုနှင့်ဖုန်းပြောပြီး တပ်ရင်းမှးုထံခေါ်ဆိုခဲ့ပါတယ် ။
ထိုအခါ အဘတပ်ရင်းမှုးက ညီမ တိုင်စာပြန်ရုတ် သိမ်းပေး လို့ရမလား အဘက သူ့ရဲ့ဖခင်ဆို လည်းဟုတ်ပါတယ် တပ်မှာ ဆို သူ့ရဲ့အဖေပါ အဖေနေရာကနေ အဘ အားလုံးတာဝန်ယူ ပါတယ် အားလုံးအဆင်ပြေစေရမယ် အဘတာဝန်ယူတယ် ။
ညီမကို သူသားမှတ်မှတ် မယားမှတ်မှတ် နဲ့ပေါင်းစေရမယ် မင်္ဂလာပွဲလည်း တင့်တောင်း တင့်တယ်ဖြစ်စေရမယ် အဘ အာမခံတယ် ညီမအနေနဲ့ တိုင်စာကိုပြန် ရုတ်သိမ်းပါလို့ပြော ဆိုခဲ့ပါတယ် ။
ညီမအနေနှင့် အဘ တပ်ရင်မှုး မှ တာဝန်ယူ အာမခံတာကြောင့် တိုင်စာကိုပြန်ရုတ် သိမ်းပေးမယ်လို့ပြောခဲ့ပ်တယ် ပြီးေ တာ့အဘ တပ်ရင်းမှူးက မနက်ဖြန် လက်ထပ်ခွင့်ဖို့အတွက် တပ်ရင်းကို စာရွတ် စာတမ်းတွေသွားယူချည့် ဟုပြောဆို ခဲ့သောကြောင့် ၅.၄.၂၀၁၇ ရက်နေ့တွင် တပ်ရင်းတွင်စာရွက်စာတမ်းတွေယူရင်း ဗိုလ်မှုးနေဇာမင်းရှေ့တွင် ဗကရဲခင်ညွှ န့်တွေ့ပြီးထပ်မံမေးခဲ့ရာ လက် ထပ်ခွင့်တင်ပေးမယ် သင်္ကြန်ပြီးရင် မိဘတွေခေါ်ခဲ့ သည်။

ကျမ မိဘတွေကို သူတောင်းပန်မယ်ပြီးတော့ မိဘချင်းမင်္ဂလာကိစ္စ္စဆွေးနွေးမယ်၎င်းက ပြောဆိုရာ ညီမ အနေဖြင့် ဗိုလ် မှုးနေဇာမင်း သူ့ကိုသေချာအောင်မေးပေးပါ ။ လက်ထပ်ခွင့်တင်ဖို့ စာရွက် စာတမ်းတွေ ထောက်ခံချက်တွေပြု လုပ်ပြီးမှ သူထပ်ငြင်းရင် ညီမအရှက်ကွဲမို့လို့ သေချာအောင် မေးပေးပါဟု ဗိုလ်မှုးနေဇာမင်းကို ကူညီမေးခိုင်းခဲ့ပါတယ် ။
ဗမနေဇာမင်းကလည်း ဟေ့ကောင်ဟုတ်တယ် မင်းတင်မှာ သေချာလား ဟု ၎င်းကို မေးပါတယ် ၎င်းကလည်း ဟုတ် သေ ချာ တယ် တင်ပေးမယ်ဟုပြောဆိုပြီး တပ်ရေးဗို လ်ကြီးထံမှ လက်ထပ်ခွင့်တင် ဖို့ရာအတွက်စာရွက်စာတ မ်းယူေ ဆာင် ကာ ကျမကိုပေးခဲ့ပါတယ် ။
တပ်ရေး ဗိုလ်ကြီးမှ ညီမတို့ တပ်က တပ်မှူးထောက်ခံစာယူခဲ့ ညီမတို့ လက်ထပ်စာချူပ်လုပ်ထား ကြာနေပြီမို့ ရွှေဘိုတ ရားရုံး လက်ထပ် စာချူပ်ပြန်လည်ချူပ်ဆိုရမယ်ဟု ကျမကို ပြောခဲ့ပါတယ် ။ ကျမလည်း စာရွက်စာတမ်းတွေယူပြီး ၆.၄. ၂၀၁၇ ရွှေဘိုမှ ပြင်ဦးလွင်သို့ ပြန်လာပြီး ၇.၄.၂၀၁၇ရက်နေ့တွင် ပြင်ဦးလွင် စစ်ဆေးရုံမှာ လက်ထပ်ခွင့်တင်ဖို့ရာအတွက် ဆေးစစ်ချက်ပြု လုပ်နေစဉ်တွင် တပ်ရင်းမှူးမှ ကျမဆီဖုန်းဆက်ပြီး ညီမ အဆင်ပြေလား အကျိုးကြောင်းလှမ်းမေးပါတယ် ။
ကျမလည်း ပြင်ဦးလွင်ပြန်ရောက်နေပြီ လက်ထပ်ခွင့်တင်ဖို့ အတွက် စာရွက်စာတမ်းတွေပြန်လုပ်တာ အခု ဆေးစစ်ေ န တာ စစ်ဆေးရုံမှာ လို့ ပြန်ပြောတော့ အဘတပ်ရင်းမှူးက စာရွက် စာတမ်းတွေ အကုန်လုပ်ပြီးရင် တပ်ကိုလှမ်းပို့လို က် လို့ပြောပါတယ် ။
၁၁.၄.၂၀၁၇ ရက်နေ့မှာ ကျမတို့တပ်က တပ်မှူးထောက်ခံစာ လုပ်တော့ လက်ထပ်ခွင့်တင်မှ ထောက်ခံစာလုပ်ပေး မယ့် ပြောလို့ ညီမ ဗကရဲခင်ညွှန့်ထံဖုန်းဆက်တော့ ဖုန်းက ခေါ်မရတာနဲ့ အဘ တပ်ရင်းမှူးထံဆက်ပြီး အဘ ရဲခငိညွန့်ဖုန်းဆ က်မရလို့အဘ အခုညီမ တပ်က လကိထပ်ခွင့်တင်ခိုင်းလို့ တင်မလို့ဖုန်းဆက် တာမရလို့ လက်ထပ်ခွင့်တင်ပြီးမှ တစ်ခုခုဖြ စ်မှာ စိုးရိမ်လို့ပြောတော့ အဘတပ်ရင်းမှူးက ညီမ စိတ်အေးအေး စိတ်ဖြောင့်ဖြောင့်နဲ့သာ လုပ်ပါ အဘအာမခံတယ် ဘာ မှမဖြစ်စေရဘူးဟု ပြောဆိုခဲ့ပါတယ် ။

ကျမလည်း အဘ တပ်ရင်းမှူး စကားကိုယုံပြီး ကျမတပ်မှာ လကိထပ်ခွင့်တင်ခဲ့တယ် ကျမမိဘဆွေမျိုးများကိုအသိပေးခဲ့ ပါသည် လက်ထပ်ခွင့်တင်ဖို့ရာ အတွက်လိုအပ်သည့် ဆေးစစ်ချက် ကို တပ်မတော် စစ်ဆေးရုံ ကုတင် ရဝဝ ၌ပြုလုပ်ပြီး တပ်မှူး ထောက်ခံစာ ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာအစရှိ သည့်လက်ထပ်ခွင့်တင်ပြရာတွင် လိုအပ်သည့် အချက်လက်များ ကိုပြုလုပ်ခဲ့ပါသည် ။
ထို့ပြင် ကျမ တာဝန်ထမ်းဆောင်ရာ အမှတ် ၁ တပ်မတော် သဇင် အသံလွှင့် တပ်တွင် လက်ထပ်ခွင့်တင်ထားခဲ့ပြီး ယခု အခါ လက်ထပ် ခွင့်တင်ရန် မင်္ဂလာကိစ္စစီစဉ်ရန်အတွက် အလုပ်မှခွင့်တင်ကာပြန် လာခဲ့ပါသည် ။ ၃၀.၄.၂၀၁၇ ရက်နေ့ တွင် ခလရ ၄၂ ရွှေဘိုတပ်ရင်းသို့ လက်ထပ် ခွင့်သွားတင်ရာတွင် ၎င်းမှ လက်ထပ်ခွင့်မတင်နိုင်ကြောင်း အရေးယူခံမည် ဟု ဗိုလ်မှုးနေဇာမင်းရှေ့တွင်ထပ်မံငြင်းဆိုပါတယ် ။
ဗိုလ်မှုးနေဇာမင်းမှ တပ်ကနေ ကြေးနန်းထွက်ပေးမယ် လို့ပြောကြား ပါတယ် ဗိုလ်ကြီး ရဲခင်ညွှန့်နှင့်အကြိမ်ကြိမ်ညှိ့နှိုင်း ပါသော်လည်း အရေးယူခံမည်ဟု ပြောဆိုနေပါသည် ကျွန်မသည်ဗုဒ္ဓ ဘာသာ မြန်မာမိန်းကလေးဖြစ်ပါသည် ။
အ-၁၁၉၂၂၉
တပ်ကြပ်ကြီး အစားခန့်(နန်းဆုစံ)
အမှတ်(၁) တပ်မတော် အသံလွှင့်တပ်
သဇင် အသံလွှင့်ဌာန
ပြင်ဦးလွင်မြို့






No comments:

Post a Comment