Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ရွှေလာပေါင်သော အမျိုးသမီးက အိမ်ရှင်ကို ဓားထောက် လုယက်



မုံရွာ၊မေ ၂၀။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျောက်ပြင်သာရွာတွင် ရွှေလာပေါင်သော အမျိုးသမီးမှ အိမ်ရှင်ကို ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ကောလင်းမြို့မရဲစခန်းမှသတင်းရရှိသည်။

မေလ ၁၉ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်က ကျောက်ပြင်သာရွာ နေ သူ ရွှေပေါင်ခံသူ ထံ တစ်ရွာတည်းနေသူ အမျိုးသမီးတစ်ဦးမှ လက်စွပ်နှင့် နားတောင်းအား ငွေကျပ် ၇သောင်းဖြင့် အပေါင်ထားလို့ကြောင်း ပြော၍ နေအိမ်၊အိမ်အပေါ်ထပ်တွင်ပိုက်ဆံသွားယူစဉ် ရွှေလာပေါင်သူအမျိုးသမီးက နောက်က လိုက်လာပြီး ဓားဖြင့် ထောက် လုယက်ခဲ့သည်။ ထိုသို့လုယက်စဉ် အိမ်ရှင်မှ ရုန်းကန်ပြီးဓားကို ပြန်လု ရာ ပါး၊လက်၊နောက်ကျော တို့တွင်ဓားဒဏ်ရာ၁၁ ချက်ရခဲ့ကြောင်း ရဲစခန်းသို့တိုင်ကြားစာအရ သိရသည်။

ဓားဖြင့်ထိုးသူ ရွှေပေါင်လာသောအမျိုးသမီးအား အရေးယူပေးရန် အိမ်ရှင်မှ တိုင်ကြားရာ ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar

No comments:

Post a Comment