Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 11, 2017

ပတာလင်​အကျဉ်းသား (၁၂)ပတာလင်​မှသည်​ပါ​ဂျောင်​သို့ (၁)

ပတာလင်​အကျဉ်းသား (၁၂)
*********************
ပတာလင်​မှသည်​ပါ​ဂျောင်​သို့ (၁)
°°°°°°°°°°°°°°°°°°°°°°°°°
`` အားလုံးထ´´ဆိုတဲ့အသံနဲ့အတူ စစ်​ဖိနပ်​သံ​တွေပါအချုပ်​ခန်းဆီ​ရွေ့လာ​နေလို့ ကျ​နော်​​ခေါင်း​ထောင်​ကာနးရွက်​ကိုအစွမ်းကုန်​ဆွင့်​ကားကာအကဲခတ်​​နေမိသည်​၊ မျက်​စိကအဝတ်​ဆနဲ့ပိ
တ်​စီးထား​တော့ဘာမှမမြင်​အသုံးမဝင်​၊ ငါတို့ကို​ခေါ်ထုတ်​သတ်​မလို့လား ဟု​တွေးပူမိ​တော့၏ ။
အချူပ်​ခန်းတံခါးကိုဆွဲဖွင့်​သံ ပြီး ``မျက်​လုံး​တွေဖွင့်​ပြီးငြိမ်​ငြိမ်​​နေ တစ်​​ယောက်​ခြင်းထွက်​ခဲ့´´တဲ့အဝတ်​ဆကိုဖြူတ်​ခွင့်​​ပေး
တာနဲ့အမြန်​ဖြုတ်​ပြစ်​ပြီး ပတ်​ဝန်းကျင်​ကိုအကဲခတ်​ကြည့်​လိုက်​တယ်​ အားပါးဘာ​တွေဖြစ်​​နေပါလိမ့်​ လက်​နက်​၊ ယူနီ​ဖောင်းအပြ
ည့်​အဆုံနဲ့ရဲ​ဘော်​​တွေ၊ဓာတ်​မီး​တွေကလည်းအချူပ်​ခန်း​လေးကို
ထိုးထားကြ​သေး ၊
အ​ပေါက်​နဲ့အနီးဆုံးကအကျဉ်းသား အချူပ်​​ပေါက်​​လေးက​နေအသာတိုးထွက်​သွာတယ်​ အပြကရဲ​ဘော်​က တဘက်​ကိုလှ
ည့်​ခိုင်းပြီးလက်​ပြန်​ချီထားတဲ့ကြိုးကိုစစ်​​နေရဲ့ `ဗု​ဒ္ဓော´ဟုတမိသ
ည်​ မတမဖြစ်​ကျ​နော့လက်​က​ပြေ​လျော့​နေတယ်​ အမှန်​ကချီကိုမ
ထားပါ ကြိုးကွင်းကိုကျယ်​ကျယ်​လုပ်​ပြီးလက်​ကိုစွပ်​ထားယုံ​လေး
သာ၊ဒီအျခြအ​နေမျိုးသာသူတို့​တွေ့သွားမိသွားရင်​​ခေါင်းကိုယ်​အိုး
စားကွဲပြီသာ ။
အချူပ်​ထဲမှာကျ​နော်​လက်​ကြိုးချီပြီးမအိပ်​ရတဲ့ရက်​​တွေရှိသ
ည်​ ။ဦး​သောင်းမြင့်​(​ဒေါင့်​ကြီးရွာ တန့်​ဆည်​မြို့နယ်​)ရဲ့​ကောင်းမှု
ဖြစ်​သည်​၊သူတန်းစီးလုပ်​ရတိုင်းကျ​နော်​လက်​ကိုကြိုးကွင်းမှဖြုတ်​ပြီးအိပ်​ခွင့်​ရခဲ့ပြီ လက်​ပြန်​ထားကြိုးတုတ်​ပြီးအိပ်​စက်​ခွင့်​သည်​ငရဲ
ဘုံသို့အရှင်​လတ်​လတ်​​ရောက်​​နေသူပင်​ဖြစ်​​တော့သည်​၊​ကျေးဇူး
ကြီးလှပါသည်​ ။ကျ​နော့အတွက်​ ငရဲမှကယ်​တင်​သူပင်​ ။
ဦး​သောင်းမြင့်​အခုလိုမျိုးလုပ်​​ပေးခြင်းသည်​သူ့အသက်​နှင့်
ရင်းရသည်​ အကယ်​၍ရဲ​ဘော်​တစ်​ဦးတစ်​​ယောက်​​တွေ့သွားလျင်
ကျ​နော်​နှုပ်​မလုံလျင်​သူပါအသတ်​ခံထိမည်​သာ ဒါကိုသူသိသည်​ သို့​သော်​သူမမှု ၊သူတန်းစီးလုပ်​ခွင့်​ရတိုင်းလုပ်​​ပေးမြဲ ။သူ့​စေတနာ
သည်​ကြီးမားလှ​ပေသည်​။
ပတာလင်​မှာတန်းစီးကအငြိမ်​မထား ​ရွေ့​နေ​ပြောင်း​နေ​သ
ည်​၊ကင်းသမားလုပ်​သူက`မ​နေ့ကတန်းစီ့းကဘယ်​သူလဲမင်းလား
ဒါဆိုမင်ဲးကဒီ​နေ့တန်းစီးကွာ ဒီနည်းနဲ့ပတာလင်​မှာတန်းစီးခန့်​တာ
ကျ​နော်​တန်းစီဖြစ်​ခွင့်​ရတယ်​ အဲ့​တော့ဦး​သောင်းမြင့်​လည်းငရဲက
လွတ်​​စေ​ပေါ့ သူ့ကြိုးက္မွင်းကိုကျယ်​ကျယ်​လုပ်​​ပေးထားလိုက်​တယ်
အကျဉ်းသားတွေတစ်ယောက်ပြီးတစ်ယောက်အပြင်​ကိုေ
ရာက်​ကုန်​ပြီ အချူပ်​ထဲမှာကျ​နော်​ကကြိုးကိုပြန်​ချီ ၍မရသေး၊​ဇော​ချွေးပြန်​တယ်​ဆိုတာဒီလိုပါလားလို့​ကောင်း​​ကောင်းသ​ဘော​ပေါ
က်​မိရပြီ၊ မိုးရာသီနဲ့​ဆောင်းရာသီသာရှိတဲ့ဒီ​နေရာ ငါ့မှာ​ချွေးပြန်​​နေ
ရပြီ ဘယ်​တစ်​​ယောက်​မှချီခိုင်း၍မဖြစ်​နိုင်​ဓာတ်​မီး​တွေထိုးထားပြီး
မျက်​​တောင်​မခတ်​​ဆောင့်​ကြည့်​​နေကြသည်​ ၊ကိုင်းမထူး​တော့ပါ
ကံစီမံတာပဲခံရုံပဲဟုဆုံးဖြတ်​ကာ လာမဲ့​ဘေး​ပြေး​တွေ့ရန်လုပ်​ရ​​ပေ​တော့မည်​ ။
လက်​ကိုတစ်​ပတ်​လှည့်​လိုက်​ကာကြိုးကိုလိမ်​လိုက်​​တော့
ကြိုးကလိမ်​ပြီးဆစ်​သွားသည်​ သိပ်​အ​ချောင်​ကြီးမ​နေ​တော့ အဲ့ဒီ
အ​နေအထားတိုင်း အချုပ်​အ​ပေါက်​မှတိုးထွက်​လိုက်​သည်​ အပြင်​ကို​ရောက်​လျင်​​ရောက်​ခြင်း ကြိုး​ချောင်​​နေသည်​ပြန်​ချီ​ပေးပါဟုဆို
ကာခန္ဓာကိုယ်​ကိုလှည့်​​ပေးလိုက်​သည်​ သူကကြိုးကိုအ​သေအချာ
မကြည့်​ပဲ့ပြန်​ချီ​ပေးပါသည်​ သို့​သော်​ကျ​နော့​ရှေ့မှရဲ​ဘော်​က မင်း
ကဘာကြံစီ​နေတာလဲဟုဆိုကာ ကျ​နော့နှစ်​ဖူးကို​သေနတ်​ဒင်​နဲ့ထု
တာကိုခံလိုက်​သည်​၊နှစ်​ဖူးကွဲသွားပြီး​သွေး​တွေစီးကျလာသည်​ ဒါ
ပေမဲ့​သွေးကိုမသုတ်​နိုင်​ စီးပ​လေ့​စေ​ပေါ့  ဥပက္ခာပြုလိုက်​တယ်​ အဲငါ့ကိုဘယ်​​ကောင်​တွယ်​ပါလိမ့်​သိရ​အောင်​​မော့ကြည့်​​တော့`ဒင်း´ကိုးဟုစိတ်​ထဲမှာထားလိုက်​ရ၏သူက``ဘာလဲမင်းကမ​ကျေ နပ်
ဘူးလား​ဟေ့​ကောင်​´´တဲ့ ၊``​ကျေနပ်​ပါတယ်​ဗျာဟု´´ပဲ​ပေါ့  စိတ်​ထဲမှာ​တော့သူ့​သောက်​ခွက်​ကိုအသားကုန်​ကြုံးထိုးပစ်​လိုက်​တယ်
သေဟ ။
ကျ​နော့ကို​သေနတ်​ဒင်​နဲ့​ဆော်​တဲ့​ကောင်​ကဘာလို့လဲမသိ
သူကျ​နော့အ​ပေါ်အမုန်းထား​နေပုံပဲပြဿ နာတစ်​စုံတစ်​ရာလည်း
မဖြစ်​ခဲ့ဖူးပါလျက်​ကယ်​နဲ့ သူ့နာမည်​က သိန်​လွင်​ တပ်​စိပ်​မှူးးတစ်
ယောက်​တစ်​ရစ်​လားနှစ်​ရစ်​လားမသိစစ်​​ကြေးလုပ်​တုန်းကလည်း
ကင်းသမားလုံခြုံ​ရေးတာဝန်​ပဲ ​အောင်​စိုးမြင့်​ဦး​ဆောင်​တဲ့စစ်​​ကြော
ရေးအဖွဲ့ကသံမီးပူနဲ့ကပ်​သူကကပ်​ ရင်​​ပေါင်​ကြမ်းမီးရှီု့အဆက်​ချ
သူကချ ဒုတ်​နဲ့ရိုက်​သူကရိုက်​ နဲ့ လုပ်​​နေကြတဲ့ထဲကသူကမရွံမ
ရှာ(က​တော့ပါ့ မရို​သေ့စကား)ကျ​နော့ငယ်​ပါကအ​မွှေးကိုဓားနဲ့ထ
ဖြတ်​ပြီး ကျ​နော့ပါးစပ်​ထဲထိုးထည့်​တာခံလိုက်​ရ​သေးတယ်​ အဲ့​ဒီ
လုပ်​ရပ်​ကိုကြည်​ပါ အဲ့ဒီ​ကောင်​လူယုတ်​မာပဲ ယုတ်​မာစိတ်​နဲ့ထ
လုပ်​တာမို့ပါ၊ ဘာပဲဖြစ်​ဖြစ်​ပါ​သေဒဏ်​ထိုက်​တဲ့အလုပ်​ကိုနှစ်​ဖူးကွဲ
သွေးထွက်​သာ​လောက်​နဲ့ပြီးသွားတာကံ​ကောင်း​ပေလို့ပ ။
အကျဉ်းသား​တွေအားလုံအချူပ်​ခန်းအပြင်​မှာကြိုး​တွေစစ်​​ဆေးပြီးတန်းစီရပ်​ခိုင်းထားတယ်​ပြီးဘဂျမ်းက``မင်းတို့ကို ​ထောင်​​ပြောင်းထားမယ်​ ဗဟိုပါ​ဂျောင်​​ထောင်​ကိုပို့မယ်​ လမ်း​မှာ​ကောင်း​ကောင်းလိုက်​ပါ ယုတ်​ယုတ်​ ယုတ်​ယုတ်​ လုပ်​ရင်​လမ်းမှာတခါ
တည်းသတ်​ထားခဲ့မှာ ကြားကြလား´´တဲ့ ``ကြားပါတယ်​´´​ပေါ့ 
``မင်းတို့ထဲကလမ်းမ​လျောက်​နိုင်​သူရှိလား ရှိရင်​ထွက်​ခဲ့ အပြင်​ထွက်​ရပ်​​နေ´´တဲ့ဆရာဝင်း​နောင်​က``ကျ​နော်​မ​လျေက်​နိုင်​ဘူးဗျ´´
ဟုဆိုကာ​ရှေ့ထွက်​ရပ်​​နေလိုက်​တယ်​``​သောင်းမြင့်​မင်း​ရောလမ်း
လျောက်​နိုင်​လား မလိုက်​နိုင်​ရင်​ထွက်​​နေ တရုတ်​ပြည်​ဘက်​က​နေ
ပို့​ပေးမယ်​´ဆို​တော့ဦး​သောင်းမြင့်​က`​လျောက်​နိုင်​ပါတယ်​ခင်​မျာ´
လို့ပြန်​​ဖြေလိုက်​​တော``​ကောင်းပြီလမ်းမှမ​လျောက်​နိုင်​ဘူး​ပြောလို့
မရဘူး​နော်​ တခါတည်းသတ်​ပစ်​ခဲ့မှာ´´တဲ့စတဲ့စကား​တွေ​ပြောပြီး
်``ဒီ​ကောင်​​တွေကို(၅)​ယောက်​ကိုတစ်​တွဲတွဲလိုက်​´´လို့အမိန့်​​ပေး
ပြန်​တယ်​ရဲ​ဘော်​​တွေကတွဲချီ​ပေးကြတယ်​လမ်းမှာထွက်​မပြေးနိင်
အောင်​​ပေါ့ ။ဆရာဝင်း​နောင်​ကလည်းကျ​နော်​တို့အားလုံးကိုလိုက်
ပြီးနှုတ်​ဆက်​တယ်​၊ပါ​ဂျောင်​မှာပြန်​ဆုံကြမယ်​​ပေါ့ တကယ်​​တော့
အဲ့ဒီ​နေ့ဟာသူနဲ့ကျ​နော်​တို့နဲ့ထာဝရနှုပ်​ဆက်​ခြင်းထာဝရခွဲခွာခြင်း
ဆိုတာမသိကြပါ ။
ဆရာဝင်း​နောင်​ခမျာ သိုင်း​ပြောင်းပြန်​ဆရာ ဆိုတဲ့ပြစ်​ချက်
ျကမျက်​မုန်းကြိုးစရာဖြစ်​သွားပြီး ကီထိုင်​ခိုင်းက ဒုတ်​နဲ့ဝိုင်းသမကြ
လို့ ဒူး​ခေါင်းမှာ ​ကြေသွားပြီးအနာကြီးဖြစ်​သွားရှာရဲ့ သူ့အနာထဲ
ကိုပတ်​တီးလိပ်​​တွေထည့်​တာ(၃)လိပ်​​လောက်​ထည့်​ရတယ်​လမ်းမ​လျှောက်​နိုင်​​တော့ဘူးဒုတ်​​လေးတစ်​​ချောင်းနဲ့သွားလာနေရတာ
မြင်​ရသူရင်​နာစရာပါ ၊။
ဆရာဝင်း​နောင်​ကိုဘဂျမ်းကိုတိုင်​ဓားနဲ့လယ်​ပင်းကိုခုပ်​ဖြတ်
တာ ဓားကမ​ကောင်း​တော့မ​သေမရှင်​ဖြစ်​​နေတာ ဒီအခါမှာ သူနဲ့
အတူသင်​တန်းဆရာအဖြစ်​အတူတူ တာဝန်​ထမ်း​ဆောင်​ခဲ့တဲ့
ဆရာ​ပေါက်​​ကွေးကပဲ ​သေနတ်​နဲ့လက်​ဆသတ်​လိုက်​ရဆိုပဲ ၊သူ့
အ​လောင်းကို​မြေမမြှုပ်​ပဲပစ်​ထားခဲ့ကြတယ်​ ​ခွေး​သေကြွက်​​သေ ​သေရစ်​​ပေါ့ ၊တရာကျစရာ​ကောင်းလှတယ်​ အမိတိုင်းပြည်​ကြီးစစ်
ဖိနပ်​​အောက်​ကလွတ်​​မြောက်​ဖို့ လက်​နက်​အားကိုးအနိုင်​ကျင့်​တာ
ကိုတွန်​ပစ်​ဖို့​ရောက်​လာတဲ့​ကျောင်းသားလူငယ်​​လေး​တွေ လက်​နက်​အားကိုး အာဏာရူး​ကောင်​​တွေရဲ့လက်​ချက်​နဲ့ပဲ ကျဆုံးရရှာ​လေပြီ​ပေါ့ ။
ဒီ​နေရာမှာ ၂၀၁၃ ခုနှစ်​က ရန်​ကုန်​မှာ ``92 ပါ​ဂျောင်​ ´´
ဖေ​ဖော်​ဝါရီ ၁၂ ရက်​​နေ့ မှာလုပ်​ကြံသတ်​ဖြတ်​ခံလိုက်ရတဲ့ကို
ထွန်း​အောင်​​ကျော်​နှင့်​ရဲ​ဘော်​များနဲ့ညှင်းပန်းနှိပ်​စက်​ရင်း​သေဆုံး​သွားတဲ့ရဲဗဘာ်​များအတွက်​ ​အောင်း​မေ့ဂုဏ်​ပြု ပွဲလုပ်​ကြတုန်းက
ကျ​နော်​လည်းရန်​ကုန်​ကိုဆင်းပြီး ကိုရဲလင်း ကိုဘိုဘို (ကို​ဇော်​မိုး)
စတဲ့ရဲ​ဘော်​​တွေနဲ့အတူဝိုင်းဝန်းလုပ်​ကိုင်​ရင်း ကို​အောင်​​စောဦးနဲ့
ချိပ်​ဆက်​ပြီးဆရာဝင်း​နောင်​ရဲ့မိခင်​ကြီးကို​တွေ့ခွင့်​ရခဲပါတယ်​ ၊အဲ့မှာအ​မေ(ဆရာဝင်း​နောင်​ရဲ့မိခင်​)​ပြောပြတာ​လေးတွေနားက
မထွက်​ဘူး မိခင်​ကြီး​ပြောပြတာက``သားတို့ရယ်​ အ​မေတို့မိသား​စု​သားကြီး​နဲ့အတူနေခဲ့တဲ့​နေ ရာက​ ​ရွှေဂုံတိုင်​ဘက်​မှာကွဲ့ စစ်​အစိုးရက​စီမံကိန်းအ​ဆောက်​အအုံ​တွေ​ဆောက်​​တော့ အ​မေတို့
အိမ်​​နေရာ​လေးပါသွားတယ်​ ​မြေစားအဖြစ်​ အခုအ​မေတို့​နေတဲ့
အကွက်း​လေးရတာ​လေ၊ အဲ့တုန်းကသမီး​တွေက​ရွှေပြည်​သာကို
ရွှေ့သွာကြတယ် ၊အ​မေက​တော့သားကြီးပြန်​လာရင်​မ​တွေ့မှာစိုး
လို့​​ရွှေဂံတိုင်​ဘက်​မှာအ​မေတို့အိမ်​​နေရာအနီးမှာဆိုင်​ခန်း​လေး​ဆောက်​ပြီးသားကြီးပြန်​အလာကို​စောင့်​​နေခဲ့​သေးတယ်​ကွယ်​ဒါ
ပေမဲ့တစ်​နှစ်​လာနိုးတစ်​နှစ်​လာနိုးနဲ့​​ပေါ်မလာပါဘူးကွယ်​တ​နေ့မှာ
သားကြီး​သေသွားပီဆိုတဲ့သတင်းကြားရတယ်​မယုံကြည်​ပါဘူးငါ့
သားရှိတယ်​​ပေါ့ တ​နေ့ပြန်​လာမှာ​ပေါ့ ဆိုပြီး​နေလာတာ အခုသား
တို့​ရောက်​လာတာပါပဲ´´တဲ့၊အ​မေနဲ့စကား​ပြောရင်းအ​မေ့ကျန်းမာ​ရေးအ​ခြေအ​နေ​တွေ​မေးကြည့်​ကြတယ်​ ဆရာဝင်း​နောင်​အသတ်​ခံရတဲ့အ​ကြောင်း​ပြောသင့်​မ​ပြောသင့်​ ချိန်​ဆရ​အောင်​ပါ အ​မေ့မှာ
သွေးတိုး​ရော ဆီးချို​ရော နှစ်​လုံး​ရောဂါ​ရောရှိ​နေတာသိရလို့ ဆရာ
ဝင်း​နောင်​ရဲ့ဖြစ်​ရပ်​အမှန်​ကိုမ​ပြောကြဘို့ဆုံးဖြတ်​လိုက်​ကြပါတ
ယ်​ ကျန်းမာ​ရေး​ကြောင့်​​သေဆုံးသွား​ကြောင်းကောင်းမွန်​စွာ​ဆေင်
ရွက်​​ပေကြပါ​ကြောင်း​ပြောပြီး ဆရာဝင်း​နောင်​ရဲ့ညီမ​လေး​တွေကို​တော့အဖြစ်​အပျက်​အမှန်​ကို​ပြောခဲ့ပါတယ်​ ၁၂ ရက်​ပွဲကိုတက်​ဖို့လည်းဖိတ်​ကြားခဲ့ပါတယ်​ ။
အ​မေ့(ဆရာဝင်း​နောင်​မိခင်​)ဆီကအပြန်​နှာ​ခေါင်းကျင်​ပါ
ဘိ မ​အေကသား​မျှော်​တာ​တောင်​ဖြစ်​သလိုဆိုင်​ခန်း​လေးနဲ့ဖြစ်​သ
လို​ဈေး​ရောင်းချစားပြီး​မျှော်​​နေချိန်​မှာ သားဖြစ်​သူရဲ့တိုင်းပြည်​အ​ပေါ်ထားတဲ့ချစ်​မြတ်​နိုးစိတ်​နဲ့ပြည်​သူကိုစစ်​ဖိနပ်​​အောက်​ကလွတ်​​မြောက်​​စေလိုစိတ်​​​ကြောင့်​ လက်​နက်​ကိုင်​​တော်​လှန်​သွားတာပဲဆို
တဲ့စိတ်​နဲ့သားအတွက်​ဂုဏ်​ယူ​နေတဲ့အ​ချိန်​ သားခမျာမှာ​တော့သူ
ချစ်​တဲ့ABSDF NB မှာသူရွံမုန်းတဲ့ သူ​တော်​လှန်​​နေတဲ့စစ်​အာ
ဏာရှင်​ရဲ့စစ်​​ထောက်​လှမ်း​ရေးသူလျိုအဖြစ်​မတရားစွပ်​စွဲပြီးညှင်း
ပန်းနှိပ်​စက်​သတ်​ဖြတ်​ခံ​လိုက်ရရှာရဲ့ ။
မှတ်​ချက် ။ ။စာကိုရှည်​ရှည်​ရိုက်​ရန်​အခက်​အခဲရှိ​နေတာ​ကြောင့်​ ဤမျှ​လောက်​နဲ့ပဲသိခံ​ပေးကြပါရန်​​မေတ္တာရပ်​ခံပါသည်
ဆက်​ရိုက်​ရင်း​ပျက်​သွားတာကလည်းအခါခါ ပရဟိတအတွက်
ဟိုသွားဒီသွားကလည်းရှိဆို​တော့ နားလည်​ကြမည်​ဟုထင်​ပါ၏
°°°°°°°
ဆက်လက်​​ဖော်​ပြပါမည်
OK AB
၁၁ ၅ ၂၀၁၇

No comments:

Post a Comment