Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 11, 2017

အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ဦးအား အမျိုးသားနှစ်ဦးမှ သားမယားပြုကျင့်မှု ဖြစ်ပွား


ကော့သောင်းမြို့ မာရမ်းကျေးရွာအုပ်စု ၊ အေးချမ်းသာကျေးရွာ ၊ ခမောက်ငယ်ဆီအုန်းပျိုးခင်းဇုန် အတွင်း အသက် တစ် ဆယ်ငါးနှစ် အရွယ် မိန်းကလေးတစ်ဦးအား သားမယားအဖြစ်ပြုကျင့် သူ အမျိုးသားနှစ်ဦး အား မာရမ်းရဲတပ်ဖွဲ့ မှ မေလ ၉ ရက်နေ့ က ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။

ပြုကျင့်ခံရ သူ အသက်၁၅နှစ်အရွယ် မ—— ၏ မိခင် ဖြစ်သူ က ဆီအုန်းစိုက်ပျိုးရေးလုပ်ကွက်တာဝန်ခံ ခင်ဇော် နှင့် ဆီအုန်းလုပ်သား တင်အေး ဆိုသူ နှစ်ဦး မှ သားမယားအဖြစ် ပြုကျင့်ကြောင်းတိုင်တန်းချက်အရ မာရမ်းရဲစခန်းမှ မ- ——အား စစ်မေးရာ လွန်ခဲ့သည့်တစ်လခန့် က ပြုကျင့်ခံရသူ မ——- သည် ဆီအုန်းအလုပ်စခန်းမှအိမ် သို့ပြ န်လာစဉ် လုပ်ကွက်တာဝန်ခံ ခင်ဇော် က လိုက်ပါပို့ဆောင်ပေးရာ လမ်းတွင်လမ်းဘေးချုံပုတ်အတွင်း သို့ဆွဲခေါ်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သည်။

ယင်းနောက် လွန်ခဲ့သည့်(၂၀)ရက်ခန့် က မ——သည် မိမိနေအိမ်တွင်တစ်ဦးတည်း ထမင်းချက်နေစဉ် ဆီအုန်းလုပ် သား တင်အေး ဆိုသူ မှ နေအိမ်နောက်ပေါက်မှအိမ်ပေါ်သို့တက်လာပြီး မ——အား ဖုန်းဝယ်မေးမယ် ၊ ရန်ကုန်သို့ ခိုးပြေးကြမယ် ဟုပြောဆိုကာပါးစပ်ပိတ်၍ သားမယားအဖြစ်(၁)ကြိမ် ထပ်မံပြုကျင့် ခဲ့ရကြောင်းစစ်ဆေးေ ဖ်ါထု တ်နို င်ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မိခင်ဖြစ်သူ၏တိုင်းတန်းချက်အပေါ် ပြုကျင့်ခံရသူမ—–အားကော့သောင်းဆေးရုံသို့ မှုခင်းေ ဆးစာဖြင့်ပေးပို့စစ်ဆေးထားရှိပြီး ပြစ်မှုကျူးလွန်သူ ခင်ဇော်(၂၇)နှစ် နှင့် တင်အေး(၃၁)နှစ်တို့အား မာရမ်းရဲစခန်း (ပ)၅ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ ဖမ်းဆီးအမှုဖွင့် ကာ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

Iprd Kawthoung Iprd

No comments:

Post a Comment