Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

၃မွှာပူးမွေးသည့်အနက်၂ဦး​သေဆုံးပြီး ၁ ဦးသာအသက်ရှင်



ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့မယ် စိမ်းစင်းကျေးရွာမှာ ၃ မွှာပူးမွေးဖွားခဲ့ပြီး ၁ ဦး သာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

သုံးမွှာပူးမွှေးသော မိဘများဖြစ်ကြတဲ့ အဖ ဦးကိုးအောင် အသက် (၃၉) နှစ် နဲ့ အသက်(၂၃) ရှိပြီဖြစ်တဲ့ မိခင်ဒေါ်အေး စန္ဒာထွေး တို့ဟာ မေလ ၇ ရက်နေ့က ယောကျာ်းလေးတစ်ဦး နဲ့ မိန်းကလေး (၂) ဦး တို့ အောင်မြင်စွာမွေးဖွားနိုင် ခဲ့ေ ကြာင်း သိရပါတယ်။

မေလ ၈ ရက်နေ့မနက် (၄) နာရီမှာ သားလေး (၁) ဦးဆုံးသွားပြီး နောက်နေ့ မေလ ၉ ရက်နေ့ ညဘက်(၁၂) နာရီမှာ သမီးလေး(၁)ဦးထပ်မံဆုံးသွားခဲ့တယ်။

ဆေးရုံကိုချက်ချင်းသွားဖို့ အမျိုးသမီးရဲ့ကိုယ်တွေအရမ်း ရောင်နေပြီး၊ ငွေကြေးလည်းခက်ခဲတဲ့အတွက် မေ ၁၀ ရက်နေ့ မနက် (၉) နာရီလောက်မှ ပလက်ဝမြို့ပြည်သူ့ဆေးရုံကို ရောက်နိုင်ခဲ့တယ်” ဟု ဖခင်ဖြစ်သူ ဦးအောင်ကိုးက ပြောသည်။



လက်ရှိ ကလေးအမေ နဲ့ အသက်ရှင် ကျန်ရစ်နေတဲ့ သမီးလေးဟာ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူေ နေ ကြာင်း သိရပါတယ်။
ဆန်းသစ်




No comments:

Post a Comment