Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ပြည်သူ့ရင်ပြင်တွင်ထားရှိသော ဘတ်စ်ကားအစီး ၅၀၀ တပတ်အတွင်း လမ်းပေါ်ရောက်မည်


ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း ရပ်နားထားသော ကားအစီးရေ ၅၀၀ ကို လာမည့်တပတ်အတွင်း ရန်ကုန်ဘတ်စ်ကားစနစ်သစ်(YBS)၏ လမ်းကြောင်းများတွင် ထည့်သွင်းပြေးဆွဲရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အဖွဲ့အတွင်း ရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အဆိုပါ ကားများကို Omni Focus (ဘက်စုံမြင်ကွင်း) ကုမ္ပဏီက တရုတ်နိုင်ငံမှ တင်သွင်းထားခြင်းဖြစ်ပြီး အစီးရေ ၅၀၀ ရှိနေကြောင်းနှင့် လက်ရှိအချိန်တွင် လမ်းကြောင်းများတွင် ပြေးဆွဲရန်အတွက် စီစဉ်နေကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
''အခုဆွဲဖို့လုပ်နေပြီ။ လမ်းကြောင်းထဲကို ဒီတပတ်အတွင်းမှာရောက်မှာ။ ကားသစ်တင်သွင်းတယ်ဆိုရင် လုပ်ငန်းလိုင်စင်တို့၊ လမ်းကြောင်းလိုင်စင်တို့ ပြေးဆွဲခွင့်တွေလုပ်ပြီးမှ ပြေးဆွဲလို့ရတာ။ သူတို့က လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေထဲကိုလည်း ထည့်ဦးမှာ။ ပြေးဆွဲမယ့်လမ်းကြောင်းနဲ့ ယာဉ်လိုင်းနံပါတ်တွေကိုလည်း မကြာခင် အသိပေးထုတ်ပြန်ပေးသွားမယ်''ဟု ၎င်းက News Watch သို့ မေ ၁၈ ရက်တွင် ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အများပိုင်ဘတ်စ်ကားဝန်ဆောင်မှုစနစ်သစ် (YBS) အတွက် အစိုးရချင်း G to G စနစ်ဖြင့် ၀ယ်ယူထားသော တရုတ်နိုင်ငံထုတ် ကားအသစ်အစီးရေ ၁၀၀၀ ဇွန်လဆန်းပိုင်း တွင် ရောက်ရှိတော့မည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။ ''အစိုးရက G to G စနစ်နဲ့ မှာထားတဲ့ကားတွေက ဒီလကုန်မှရောက်မယ်။ အခုသင်္ဘောတင်ဖို့လုပ်နေပြီဆိုတော့ နှစ်ပတ်လောက် ကြာဦးမှာ။ အဲတော့ ဇွန်လဆန်းဆိုရင်ရောက်ပြီ''ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YBS စနစ်အတွက် ကားအသစ်အစီးရေ ၃၀၀၀ ၀ယ်ယူရန် မျှော်မှန်းထားပြီး လက် ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများမှ အရည်အသွေးကောင်းမွန်သော ကားများနှင့်ပေါင်းစပ်ကာ ကုမ္ပဏီစနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် (က) အစုရှယ်ယာရှင်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောကြားထားသည်။
လက်ရှိအချိန်တွင် YBS ကို ဘတ်စ်ကားစီးရေ ၃,၅၀၀ ကျော်၊ ယာဉ်လိုင်း ၇၉ လိုင်းဖြင့် ပြေးဆွဲနေပြီး ကုမ္ပဏီ စနစ်ဖြင့် ပြောင်းလဲကျင့်သုံးကာ ကားစီးရေ ၄,၅၀၀ ထိ တိုးချဲ့သွားရန် စီစဉ်ထားကြောင်း YRTA မှ သိရသည်။
လင်းလင်းအောင်
Photo-ရွှေဖီး
News Watch



No comments:

Post a Comment