Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ချောမောလှပသည့် ထိုင်းကားစပယ်ယာမလေး လူမှုကွန်ရက်တွင် ရေပန်းစား

ခုတလော ထိုင်းလူမှုကွန်ရက်မှာ ချောမောလှပတဲ့ ယာဉ်စီးလက်မှတ်စစ် ကားစ ပယ်ယာမလေး တယောက်အကြောင်း ရေပန်စားနေပါတယ်။

Suwanun Sudnongbua အမည်ရှိ ဖေ့စ်ဘုတ်ပိုင်ရှင်တဦးက သူဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ဘုရားမှာ အလှူလုပ်ပြီးအပြန် ဘန်ကောက် ထာ့အစ် နဲ့ ဆနမ်လုန်မှတ်တိုင်ကြား ပြေးဆွဲနေတဲ့ အမှတ် ၂၀၃ လိုင်းကားစီးခဲ့ပြီး လက်မှတ်စစ်စပယ်ယာမိန်းကလေးမှာ ထူးထူးခြားခြား လှပလွန်းလို့ ဗွီဒီယိုရော ဓာတ်ပုံပါ ရိုက်ကူးခဲ့မိတယ်လို့ ဆိုပါတယ်။

သူက အဲဒီပို့စ်ကို တင်လိုက်ပြီးတဲ့နောက် တစ်နေ့တည်းမှာပဲ ၀င်ရောက်ကြည့်ရှုသူသောင်း ချီရှိပြီး နှစ်သက်သူ တသောင်းကျော်၊ ပြန်ပြီး ရှယ်လ်တဲ့သူတွေ ၄ ထောင်ကျော်ကာ နေ့ချင်းညချင်း နာမည်ကြီးသွားပါတယ်။

ဖေ့စ်ဘွတ်ခ်ပိုင်ရှင်က သူတွေ့ခဲ့ဖူးသမျှ ကားစပယ်ယာတွေထဲမှာ ဒီလိုလှတဲ့မိန်းကလေး မတွေ့ဖူးသေးကြောင်း၊ မိန်းကလေးဟာ ဓာတ်ပုံထဲမှာထက် အပြင်မှာ ပိုလှပိုချစ်စရာကောင်းကြောင်း၊ သူ့အထင်ကတော့ သူမဟာ ကားစပယ်ယာအစစ်မဖြစ်နိုင်ဘဲ ကားပိုင်ရှင်အုံနာရဲ့သမီးက ခဏတဖြုတ်ဝင်လုပ်တာဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။

သူ့ရဲ့ပို့စ်မှာ လာပြီး ကွန်မဲင့်ရေးသားသူတချို့ကတော့ မိန်းကလေးရဲ့ နာမည်က ဖောင့် ပရယ်လ်လို့ခေါ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ဒီလိုစပယ်ယာလုပ်နေတာဖြစ်ကြောင်း၊ သူဟာ ဒီကားရဲ့ ကားဝေါ့ရှောပ်ဆိုက်က ချွေးမဖြစ်ပြီး ယောက္ခ္ခမရဲ့လုပ်ငန်းကို အခမဲ့ကူညီပေးနေတာလို့ ရေးထားပါတယ်။
Credit: dvb burmese

No comments:

Post a Comment