Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 18, 2017

“အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်” ဆိုလိုက်တဲ့ ကိုစိုးထိုက်(ဖဒို)


ဒုက္ခရောက်နေတဲ့ မိန်းကလေးငယ်များကို ကူညီစောင့်ရှောက်ရင်း Single Mother အစီအစဉ်ကို
 အကောင်းဆုံး၊အတက်နိုင်ဆုံးပုံဖော်နေတဲ့ ကိုစိုးထိုက်​(ဖဒို) ရေးခဲ့တဲ့ မနေ့က (၁၇.၅.၂၀၁၇)Status ကို ဝေဖန်မှုတွေအတွက် ပြန်လည်ဖြေရှင်းခဲ့တာကိုဖေါ်ပြလိုက်ပါတယ်။

“ ကျွန်​​တော်​ ​တည်းဟူ​သော လူတစ်​​ယောက်​​ကြောင့်
လူသိန်း​ပေါင်းများစွာ အကုသိုလ်​စိတ်​ဖြစ်​သွားကြတယ်​ဆိုတဲ့
အ​တွေးဟာ ကျွန်​​တော့်​ကို တကယ်​ပဲ ပြိုလဲ​စေပါတယ်​..
ရေးသမျှပို့စ်​တိုင်းဟာ ကျွန်​​တော်​ နာမည်​ကြီးချင်​တာမျိုးမဟုတ်​ဘဲ
ညီငယ်​​တွေ ညီမငယ်​​တွေ မမှားကြရ​လေ​အောင်​​စေတနာ
ထားခဲ့တယ်​ဆိုတာ ပွင့်​ခဲ့တဲ့ဘုရားအဆူဆူကို ကြိမ်​တွယ်​ပြ၀ံ့တယ်​..
ဒီ​နေ့အင်​တာဗျူး​ဖြေရင်း ကျွန်​​တော်​ ဆက်​မ​ဖြေနိုင်​​လောက်​​အောင်
ငိုခဲ့ရတယ်​..ကျွန်​​တော်​ တကယ်​နာကျင်​ပါတယ်​..
ဘ၀တစ်​ခုလုံးနဲ့ ရင်းထားရတဲ့ အလုပ်​ဆိုတာ ကိုယ်​သာအသိဆုံး..
နေရပ်​လိပ်​စာ လုံးဝမ​ပြောဘဲထားခဲ့တဲ့ ဒီ ၇ တန်း​ကျောင်းသူ​လေးကို
ပတ်​၀န်းကျင်​မှာ အရှက်​ရပါပြီဆိုပြီး ၀ိုင်း​ပြောကြတာကို
ကျွန်​​တော်​ တကယ်​နားမလည်​ပါဘူး..
ဒီ​ကျောင်းသူ​လေးက ဘယ်​ဇာတိကဖြစ်​ပြီး ၊
အခု​ရော ဘယ်​​ရောက်​​နေလည်း ဘယ်​သူသိလို့လဲ..
သူ့စိတ်​နဲ့သူ က​လေးလာ​မွေးတာကို ကျွန်​​တော်​ဖျက်​မချခိုင်းခဲ့တာ
ကျွန်​​တော်​သိပ်​မှားသွားသလား..
သူ့ဘ၀​လေးကို ကျွန်​တော်​နိုင်​သ​လောက်​ ပြုစုပျိုး​ထောင်​​ပေးမယ်
ဆိုတာ မှားယွင်းသွားသလား..
ကျွန်​​တော်​ဆိုတာ ဘယ်​လိုလူမျိုးလည်းဆိုတာ​တောင်
မသိခဲ့တဲ့လူ​တွေက မ​နေ့ကပိုစ့်​​တစ်​ခုထည်းကိုကြည့်​ပြီး
ဘာာ​ကြောင့်​များ အားရ၀မ်းသာ ထိုးနှက်​​နေကြတာလဲ..
ကျွန်​​တော်​ဟာ မုဒိန်းသမားထက်​​တောင်​ ပိုဆိုး​နေသလို
လူ​တွေက ၀ိုင်း​ပြောကြတာ ကျွန်​​တော်​ တကယ်​နာကျင်​တယ်​..
ကျွန်​​တော့်​​ဂေဟာကို ဘယ်​သူငယ်​ချင်းမှ​တောင်​​ခေါ်မသွားဘူး...
ညီမ​လေး​တွေ privacy ကို ကျွန်​​တော်
ဘယ်​​လောက်​ထိမ်းတယ်​ဆိုတာ ရင်းနှီးသူ​တွေသိပါတယ်​..
(ကျွန်​​တော်​​တောင်​ ကိစ္စမရှိဘဲ ​ဂေဟာထဲမ၀င်​ဘူး..)
ကျွန်​​တော်​ ​စေတနာထားပါတယ်​..
ကိုယ့်​ဇနီးထက်​ ကိုယ့်​ညီမထက်​ ကို ပိုပြီး ​စေတနာထားခဲ့တယ်​..
၅ လပိုင်း ၂၃ ရက်​​နေ့ဟာ ကိုယ်​တို့အိမ်​​ထောင်​သက်​ ၇ နှစ်​ပြည့်
ဆိုတာကို ​မေ့​နေပြီး
(ဇနီးက​ပြောမှ သတိရတယ်​..)
ညီမ​လေး ၇ ​ယောက်​ရဲ့ ဂျူးဒိတ်​ကိုပဲ
အလွတ်​ရ​နေခဲ့​လောက်​​အောင်​ ကျွန်​​တော်​ ဒီထဲမှာ
စိတ်​နှစ်​ထားတယ်​..
ကိုယ့်​ကို အား​ပေးဝန်းရံကြတဲ့ မိတ်​​ဆွေ​တွေကို မျက်​နှာပျက်​​စေခဲ့လို့
ဒီက​နေပဲ အနူးအညွှတ်​ ​တောင်းပန်​ပါတယ်​..
ကိုယ့်​ရဲ့ ကာယကံ ၀ဇီကံ မ​နောကံနဲ့ လုပ်​သမျှအရာတိုင်းကို
ကြားရသူအ​ပေါင်း နှလုံးစိတ်​၀မ်း ​အေးချမ်း​စေချင်​သူပါ..
အခုလို ကိုယ့်​​ကြောင့်​ လူ​ပေါင်းသိန်း သန်းချီပြီး
အကုသိုလ် ​စိတ်​​တွေဖြစ်​ခဲ့ရတာကို စိတ်​မ​ကောင်းပါဘူး..
ဘာပဲ​ပြော​ပြော ကျွန်​​တော်​ အားလုံးကို ​တောင်းပန်​ပါတယ်​..
လူငယ်​အ​လျောက်​ ရုတ်​တရက်​ စိတ်​ဆိုးပြီး ကိုယ့်​ကို
ဝေဖန်​သူ​​တွေကို နှုတ်​ပြန်​ထိုးမိ​လို့ အဲဒီလူ​တွေကိုပါ
ရင်​ထဲက​နေလှိုက်​လှဲစွာ ​တောင်းပန်​ပါတယ်​..
အားလုံးကိုနှုတ်​ဆက်​ခဲ့ပါတယ်​..
Good Bye..”
Soe Htike





No comments:

Post a Comment