Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

ဒီလိုမျိုးတွေဖတ်ရတာစိတ်မကောင်းဘူး ( ကျန်းမာရေးဝန်ထမ်းများ ပိုမိုဖတ်စေချင်မိပါတယ် )

ဒီလိုမျိုးတွေဖတ်ရတာစိတ်မကောင်းဘူး ( ကျန်းမာရေးဝန်ထမ်းများ ပိုမိုဖတ်စေချင်မိပါတယ် )

မြို့နယ်တိုင်းက.ဆေးရုံးတွေမှာ.သူနာပြုဆရာမအတော်များက.%60စိတ်ပုတ်ကြတယ်..သူတို့သင်တန်းမှာမသင်လာကြဘူးလားမသိဘူး..အတော်ရိုင်းစိုင်းတာတွေ့ရတယ် ။

လူနာတွေကိုလည်းပစ်ထားကြတယ်.ဆရာဝန်တွေလည်း.မိမိလူနာများကိုဂရုစိုက်ဖို့လိုတယ်.ဆေးရုံအုပ်တွေအမြဲတန်းစီစစ်ပေးကြပါ..အခုခလေးအဖြစ်လည်းသနားပါတယ်.ဖတ်ကြည့်ကြပါ..ys@@



“နှလုံးသားထဲမှငိုရှိုက်သံ” လွိုင်ကော်ဆေးရုံကြီးမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ ဆေးကုသရန် ခေါ်ဆောင်လာသော သားလေး ကွယ်လွန် သွားခဲ့သည်မှာ ဒီနေ့ခုနှစ်ရက်ပြည့်ပါပြီ။ သားလေးရေ ကောင်းမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေ သားရယ်။

မွေးကထဲကရောဂါဝေဒနာတွေခံစားပြီးမွေးဖွားလာတဲ့သားလေး မြင်မြင်ချင်းချစ်ခဲ့ ဂရုဏာသက် ခဲ့ရတဲ့ သားလေး။ မာမား အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ 😪သားကိုသူတို့ဂရုမစိုက်ကြဘူးလေ။

မာမားကတော့သားကိုလူကောင်းလေးဖြစ်လာဖို့မျော်လင့်ခဲ့တယ်။ ဒါပေမဲ့သားရယ်သားက ကံဆိုးပြီး စေတနာ၊မေတ္တာ မထားနိုင်တဲ့ သူနာပြုနဲ့ တွေ့ခဲ့တာကိုး။

မာမားအခုချိန်ထိ မှတ်မိနေသေးတယ်။ (၁၂.၁.၂၀၁၇)နေ့ညနေပိုင်းက မာမားရောက်တော့ သားကို သူသွေးဖောက်နေ တယ်။ ရက်သားကလေး တစ်ယောက်ကို သွေးဖောက်ရတာ ခက်ခဲတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့လေ သူသား ရဲ့ ခြေထောက်ကို သွေးဖောက်တယ်။ အကြောရှာတာ လိမ်ချိုးနေသလိုဘဲ သားလေးနာလွန်းလို့ အရမ်းအော်ငိုတယ်။ ဒီဘက်ခြေထောက်မရတော့ နောက်တစ်ဖက်၊ မရတော့ လက်ကိုဖောက်တယ် စိတ်လည်းမရှည်ဘူးလေ။



သားလေးကိုကြည့်ပြီး မာမားမျက်ရည် ကျမတက် ဖြစ်ခဲ့ရတယ်။ စိတ်မကောင်းဖြစ်လို့ ရင်ဘက်တွေတောင် အောင့်လာ တယ်။ သားလေးများစကားပြောတက်ရင် မာမား သားသားအရမ်းနာတယ်သားကို ကယ်ပါအုံးလို့ပြောမှာနား ထဲမှာကြားေ ယာင်မိတယ်😪

ပြီးတော့လည်း သူကသားလေးကို ကူညီနေတဲ့ မာမားတို့ .. မိုးစေတနာပရဟိတအသင်းကလူတွေ သားလေးရောဂါဆေး ကုဖို့ လာလှူတဲ့ အလှူရှင်တွေကိုလည်း ကြည့်မရဖြစ်နေသေးတယ် ။

လူနာလာစောင့်ပေးတာအကြောင်းကြားရမယ်တဲ့လေ မင်းတို့ကိုဘယ်သူကလွတ်လိုက်တာလည်းတို့ ဘယ်လိုတာဝန် ယူ မှာလည်းလို့ မကျေနပ်တဲ့လေသံနဲ့ သားလေးကို လာစောင့်တဲ့ မမတွေကို ပြောသေးတယ်လေ။ နောက်တစ်နေ့ သားလေး ကို ဆရာဝန်က သွေးထပ်ဖောက်ခိုင်းတယ်လေ။ သား နာကြင်ခဲ့ရတာတွေ သားမှတ်မိမှာပေါ့။ သားကို မွေးကထဲက စော င့်လာပေးတဲ့ သားအဒေါ် နားနဲ့ ကြားခဲ့မြင်ခဲ့ရတာပါ။

သွေးကဖောက်မရကြာတော့ သားကိုသူက ” ဒီစောက်ကလေးဒုက္ခတော်တော်ပေးတယ်တဲ့” ဆရာဝန်တွေကလည်း သွေးဖောက်ရတာ မလွယ်ဘူး။ သွေးဘဲ ဖောက်ခိုင်းနေတော့ သူစိတ်တိုလာတယ်။ သားကိုဆောင့်အောင့်၊ ပြောဆိုပြီး လုပ်တော့တာပေါ့ သားရယ်။

အဲ့ဒါနဲ့သားလေးကို သွေးဖောက်ပြီး ဓါတ်ခွဲခန်းကို သွေးပုလင်း သွားပေးတော့ ပုလင်းမှားနေတယ်တဲ့ ဓါတ်ခွဲခန်းက ဒီပုလင်းမဟုတ်ဖူး သူမသိဘူးလားတဲ့လေ သားလေးကံဆိုး ပြန်တာပေါ့ ပုလင်းပြောင်းထည့်လို့မှမရတာ 😭😭😭
နောက်တစ်ခေါက်ထက်ဖောက်ရပြန်တာပေါ့ 😪😪



အဒေါ်က မြန်မာစကား နည်းနည်း နားလည်တယ် အဖေကတောနားမလည်ဘူး။ ဘာမှမသိတဲ့သူတွေ အပေါ် မေးရင် လည်းမကြိုက်ဘူး။ ကောင်းကောင်း မဖြေချင်ဘူးလေ။ သားလေးရဲ့နောက်ဆုံးရက် နေ့လည် (၁၂)နာရီမှာ သားေ လး အရမ်းမောလာတယ်။

သူနာပြု တွေကို သားလေးအဒေါ်ကသွားပြောတယ်။ လာမယ်ပေါ့ ဒုတိယအကြိမ် လာမယ်ပေါ့ တတိယအကြိမ် သွားပြောတော့ ည(၆)နာရီကျော်နေပြီ ဆရာမ သားလေး မရတော့ဘူး အခြေအနေမကောင်းတော့ဘူးဆိုတော့ လာကြည့်တယ်။

တနင်္ဂနွေနေ့ဆိုတော့ဆရာဝန်မရှိဘူးလိုက်ရှာရတယ် မွေးကင်းစအဆောင်ကဆရာဝန်မတွေရောက်လာတယ် (၇) နာရီေ ကျာ်နေပြီဆရာမလည်းရသလောက်ကုပေးပါတယ် ။

်အရေးပေါ်အခန်းထဲခေါ်ချိန်တောင်မရလိုက်ဘူးလေ သူနာပြုဆရာမတွေရဲ့ဂရုစိုက်မှု့ပေါ့လေ ဆရာမကပြောသေးတယ် ။ ကျွန်မအရေးပေါ်အခန်းထဲခေါ်ကုပေးဖို့ပါတဲ့ ဒါပေမဲ့ ကျမရောက်တဲ့အချိန်မှာ ကလေးကမရတော့ပါဘူးတဲ့လေ။ ဆရာမ ကိုတော့ ကျေးဇူးတင်ပါတယ်။

နေမကောင်းလို့ဆေးရုံလာတက်ကျတဲ့သူတိုင်း ပျော်လို့ ဆေးရုံကိုလာတာ မဟုတ်ပါဘူး။ အဲ့ဒါကိုသူနာပြုဆရာ မများ သိစေချင်ပါတယ်။ ကျမတို့ပရဟိတသမားများဟာလည်းအားလို့လိုက်လုပ်နေတာမဟုတ်ပါဘူး။လူသားခြင်းစာနာတဲ့စိတ်၊ ဒုက္ခရောက် နေသူတွေကို ကူညီဖို့ ကိုယ့် ထမင်းကိုစားပြီး ကူညီ ပေးနေကျတဲ့သူတွေပါ။

ဆေးရုံရောက်လာတဲ့လူနာဟာ အပူအပင် သောက များစွာနဲ့ ရောက်လာကြရတာပါ။ ကိုယ့်သားသမီး အခြေအနေ ဘယ်လိုနေလည်း သိခြင်လို့ မေးရင် မဖြေချင်ဘူး။

သူတို့အလုပ်အရမ်းရှုပ်နေတယ်ဆိုပြီး မပြောဘူး ပြောခြင်ရင်ပြောမယ် မပြောခြင်မပြောဘူး။ ဆရာဝန်၊ ဆရာမတွေ၊ သူ နာပြုတွေ လူနာပေါ်မှာ ချိုသာစွာ ပြောဆို ဆက်ဆံပေးရင် လူနာရှင်တွေ ရင်ထဲက သောကတွေ တစ်ဝက် ပြေေ ပျာက်ေ စပါတယ်။ ရှင်တို့လည်းကုသိုလ်ရပါတယ်ရှင်။ ကျမကတော့ စိတ်ဓါတ်လေးတွေ ပြောင်းလည်းပေးဖို့ လူနာရှင်များ ကိုယ် စား မေတ္တာရပ်ခံပါတယ်။

သူနာပြုဆရာမများ၊ဆရာဝန်များအားလုံးမဟုတ်ပါ စိတ်ဓါတ်မကောင်းသော၊ကိုယ့်ကိုယ်ကိုမပြုပြင်သေး သော သူများကို သာဆိုလိုပါသည်။ အခုတော့ သားလေးလည်း အေးချမ်းတဲ့ ဘုံဘဝမှာ ရောက်ရှိလို့ နေမှာပါ။

သားလေးကိုမေတ္တာမထားတဲ့ သူနာပြု ဆရာမလေး လည်း သိစေလိုပါတယ်။ ဝဋ်ဆိုတာလည်တက်ပါတယ် သံသရာမှာ ရှင့်လိုသူနာပြုမျိုးနဲ့မကြုံတွေရပါစေနဲ့လို့ ရင်ထဲကနေဆုတောင်းပေးလိုက်ပါတယ်သားရယ် ။

Credit – မိုးစေတနာ ပရဟိတ အသင်း ဥက္ကဌ




No comments:

Post a Comment