Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 11, 2017

အိမ်ထောင်သက် ၃၁ နှစ်အတွင်းမှာ စိတ်ကူးလေးနဲ့တောင် မဖောက်ပြန်ခဲ့ဖူးပါဘူး မို့မို့မြင့်အောင်


အရွယ်သုံးပါးချစ်တတ်သည် ဇာတ်ကားထဲမှာ ရန်အောင်နဲ့တွဲဖက်ပြီး အသက် ၇၀ အရွယ် အဖွားအိုပုံစံ သရုပ်ဆောင် ထားတဲ့ စွယ်စုံရ အနုပညာရှင် အကယ်ဒမီမို့မို့မြင့်အောင်နဲ့ တွေ့ဆုံခိုက် . . .

ဒီကားထဲမှာ မမို့က ၇၀ ကျော် အဘွားကြီးပုံနော် . . .

ဟုတ်တယ်။ မိတ်ကပ်ဆံပင်ကို အောင်သန်းကို မမို့ပြောတယ်။ ၇၀ နော်။ ကိုအောင်သန်းတင် သာတင်။ ဒါမှ အိုက်တင် လုပ်လို့ ကောင်းမှာလို့။ ငယ်ချင်စိတ်နဲ့ မိတ်ကပ်ကိုလျှော့လိုက် ရင် အိုက်တင်လုပ်လို့မကောင်းတော့ဘူး။

ဒီကားက ဟာသဆိုပေမယ့် ရသစုံနော် . . .

ဒီကားရိုက်ရတာ မမို့တကယ် ကျေနပ်တယ်။ မိသားစုပညာပေးလေး တွေပါလို့လေ။ ပြီးတော့ ဟာသတစ်မျိုးတည်း မဟု တ်ဘဲ ရသစုံဆိုတော့လေ။ ဟိုအခန်းလေး၊ မျက်ရည်ဝဲမိတယ်၊ ကိုယ့်ယောက်ျား မရှိတော့ သူသုတ်ခဲ့တဲ့ မျက်နှာသု တ်ပု ၀ါလေး နမ်းတဲ့အခန်းလေးလေ . . .

အင်း။ အဲ့ဒီအခန်းက မမို့အမေရဲ့ တကယ့်အဖြစ်အပျက်ပါ။ အမေက အဖေနဲ့အတူသုတ်ခဲ့တဲ့ မျက်နှာသုတ်ပုဝါလေးကို တအားတန်ဖိုးထားတယ်။ မမို့တူမလေးက ဟောင်းနေပြီဆိုပြီး လဲပေးလိုက်တာ။ အမေလုံးဝလက်မ ခံဘူး။ ဒီမျက်နှာ သုတ်ပုဝါက စုတ်ချင်စုတ်သွားပါစေ။ သူ့ ယောက်ျားကိုယ်ငွေ့လေး တွေရှိနေလို့ပါတဲ့။ မမို့ မထင်ဘူး။ ရိုက်ကွင်းမှာ မမို့က အလာပသလာပ ပြောနေတာကိုမျိုး မင်းကရိုက်ချလိုက်တာ။

မေမေကြီး ကျန်းမာရေးရော . . .ကောင်းပါတယ်။

ဒီကားရိုက်နေတုန်း ၀မ်းနည်းဖွယ်အမှတ်တရတစ်ခု ဖြစ်ခဲ့သေးတယ်ဆို . . .

ဟုတ်တယ် ဂျူလိုင်ရေ။ မမို့နဲ့တစ်သက်လုံးလက်တွဲလာတဲ့ မိတ်ကပ်ဆန်နီ ဆုံးသွားတယ်လေ။ ငိုလိုက်မျက်ရည်သုတ်ပြီး ရိုက်လိုက်နဲ့ နာရေးလည်း လိုက်မပို့လိုက်ရဘူး။ တကယ့်အမှတ်တရပါပဲ။

လတ်တလောရော ဘာတွေရိုက်ဖြစ်နေလဲ . . .

သင်္ကြန်အပြီး တစ်ကားပြီးသွားပြီ။ နောက်တစ်ကားဝင်ခါနီးမှာ မင်းသားက သူ့ဇာတ်မဟုတ်လို့ မရိုက်တော့ဘူး။ မှန်ပါ တယ်၊ မင်းသမီးနှစ်ယောက်ဇာတ် ဖြစ်နေတော့ သူလည်းဘယ်ရိုက်ချင်ပါ့မလဲ။ ဒါနဲ့ ကားရိုက်ပျက်သွားတာ။

မို့မို့မြင့်အောင် တစ်ခေတ်ကတော့ မင်းသားမပါဘဲရိုက်ခဲ့တာတွေ အများကြီးနော် . . .

ဒါပေါ့။ ခုကျတော့ ပရိုဂျူဆာတွေလည်း မရိုက်နိုင်ကြတော့ဘူး။ ဗီဒီယိုတွေကလည်း ခေတ်မကောင်းတော့ဘူးလေ။
ရိုက်ကွင်းတွေ ပြန့်နေကြတော့ မမို့တပည့်တွေနဲ့ရော ဆုံဖြစ်သေးလား။

ဆုံတယ်၊ ဆုံတယ်။ ဟိုတလောကတောင် သူထူးစံနဲ့တူမလေး (၀ါဆိုမြင့် အောင်) ရိုက်ကွင်းမှာ ဆုံသေးတယ်။
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မိန်းကလေးတွေ အတုယူသင့်တဲ့ စံပြ မိန်းကလေးထဲ မမို့ပါပါတယ်။

မမို့တို့ အိမ်ထောင်ရေးသက်နဲ့ မမို့အမျိုးသား ကျန်းမာရေးကိုလည်းသိပါရစေ . . .

မမို့တို့ အိမ်ထောင်သက် ၃၁ နှစ်ထဲရောက်ပါပြီ။ တကယ်ပေါင်းခဲ့ရတာ ငါး လလေးပါပဲ။ အက်ဆီးဒင့်ဖြစ်ပြီးကတည်းပေါ့။ မမို့ သူ့အပေါ်မှာ ခုချိန်ထိ သစ္စာမဖောက်ဘူး။ မမို့လို လူမျိုးရှိရင်ရှိမှာပါ။ ရှားပါလိမ့်မယ်။ အထူးသဖြင့် မင်းသမီးထဲမှာ မ ရှိနိုင်ဘူး။ မမို့အမျိုးသားရဲ့ စီးပွားဘက်ဖော်ရိန်နာတွေက ပြောတယ်။ အသက်လည်းကွာတယ်။ မင်းသမီးလည်းဖြစ်တယ်။ ဘာလို့ပေါင်းနေတာလဲ။ ငါတို့ဆို မပေါင်းဘူးတဲ့။ ဒါ ငါတို့ မြန်မာလူမျိုးတွေရဲ့ သစ္စာတရားပဲလို့ ပြောပြလိုက်တယ်။

မမို့ရဲ့ခင်ပွန်းအပေါ်ထားတဲ့ သစ္စာတရားကနက်ရှိုင်းလွန်းပါတယ် . . .

မမို့သူ့အပေါ်မှာ နှမ်းတစ်စေ့လောက်တောင်၊ စိတ်ကူးနဲ့တောင် မဖောက်ပြန်ခဲ့ပါဘူး။

မမို့ရဲ့ခင်ပွန်းကရော၊ မမို့ကို အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဘာ ပြောသေးလဲ . . .

သူပြောတာတစ်ခုက ငါ့ကို ဘုရားပေးတဲ့ ဆုပဲတဲ့။ မင်းကိုလိုချင်လို့ ငါဘု ရားမှာ “အရှင်ဘုရား . .ဒီမိန်းကလေးကို ကျွန်တော်ရယူပိုင်ဆိုင်ရပါလို၏” ဆုတောင်းခဲ့တာတဲ့။ ဒါကြောင့် ငါခုချိန်ထိ အသက်ရှင်နေတာ။ နို့မို့ဆို သေတာ ကြာပြီပေါ့တဲ့။

ကျန်းမာရေးကရော . . .

ကောင်းပါတယ်။

ဝမ်းနည်းစရာတစ်ခုမေးပါရစေ၊ မမို့တပည့် မိုးအောင်ရင်အခြေအနေလေး သိပါရစေ . . .

ခုနောက်ပိုင်းမတွေ့ဖြစ်ဘူး။ စဖြစ်တုန်းကတော့ သူစားဖို့ထမင်းဟင်းချက် ပို့ပေးဖို့ သူ့ကောင်မလေးကို ငွေသွားပို့ပေးခဲ့ တယ်။ တစ်ပတ်တစ်ခါမုန့်လည်း သွားပို့ခိုင်းခဲ့တယ်။

ရုပ်ရှင်တစ်ခေတ်ပြန်ဖြစ်လာချိန်မှာ အရင်ခေတ်နဲ့ကွာခြားပုံက . . .

ကွာခြားတာက ဇာတ်တွေတအား ရှားသွားပြီ။ ရုပ်ရှင်ဇာတ်ကားရိုက်တော့ မယ်ဆို ဘယ်ဇာတ်တည်လို့ တည်ရမှန်းမသိ ဘူး။ အရင်ကဇာတ်တွေများမှများ၊ ဒေါ်ခင်နှင်းယု၊ တက္ကသိုလ်ဘုန်းနိုင်တို့ကို ဆွဲရိုက်မလား။ ခေတ်ပေါ်ဂျူးတို့ လွန်းထား ထားတို့ ရိုက်မလား၊ ကြားမှာ မိုး မိုး(အင်းလျား)၊ နုနုရီ(အင်းဝ)ရိုက်မလား။ အများကြီးပဲ။ ဆရာငြိမ်းကျော် ရော။ ခုကျေ တာ့မရှိတော့ဘူး။ ဘယ်လို ဇာတ်ထုတ်တည်လိုက်မယ်ဟဲ့ဆိုပြီး တည်စရာဇာတ်မရှိတော့ဘူး။

မမို့ရဲ့ စီနီယာတွေရော၊ တန်းတူတွေရော၊ ဂျူနီယာတွေရော စီးပွားရေးတွေ အသီးသီးလုပ်နေကြတယ်၊ မမို့ရော ဘာစီ စဉ်ထားတာရှိလဲ . . .

မရှိပါဘူး။ ဒါပေမဲ့ မမို့ခင်ပွန်းက သူ့အလုပ်တွေခိုင်းရင်တော့ ၀င်လုပ်ရမှာပေါ့။ ပရိသတ်အတွက် . . .

ဒီကားကတော့ ပညာပေးလေးလည်းပါတယ်။ ရယ်စရာလည်းကောင်းတော့ ပရိသတ်ကျိန်းသေကြိုက်မယ့် ကားတစ်ကား ပါလို့။

Credit to:ဂျူလိုင်မိုး (အိုအေစစ်ဂျာနယ်)

No comments:

Post a Comment