Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 26, 2017

ပိန္နဲစေ့အရွယ် စိတ်ကြွဆေးပြားအထုပ် ၃၀ ကို ဝမ်းဗိုက်အတွင်း မြိုချသယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြားများ ဝမ်းဗိုက်အတွင်း မြိုချသယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ
မေ ၂၆၊၂ဝ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မောင်တော-ကြိမ်ချောင်း ကားလမ်း၌ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များသည် မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက သတင်းအရ ရှာဖွေစစ်ဆေးရာမှ စိတ်ကြွဆေးပြားများ ဝမ်းဗိုက်အတွင်း မြိုချသယ်ဆောင် လာသူတစ်ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

မောင်တော-ကြိမ်ချောင်း ကားလမ်း၌ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၇ နာရီခွဲ ခန့်က ဆိုင်ကယ်တစ်စီးအား ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ် နောက်မှ စီးနင်းလိုက်ပါလာသူမှာ ဆိုင်ကယ်ပေါ်မှ ဆင်းပြီး မောင်းနှင် လာသူမှာ ရပ်တန့် ဟန်ပြင်ရာမှ ကြိမ်ချောင်းဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

ဆိုင်ကယ်နောက်မှ စီးနင်းလာသူအား စစ်ဆေးမေးမြန်းရာ ၄င်းမှာ ရေမျက် တောင်ကျေးရွာနေ ရာဟာမာအုလ္လာ (၃၁) နှစ်ဖြစ်ပြီး မောင်းနှင်ထွက်ပြေး သွားသူမှာ တစ်ရွာတည်းနေ ဆီရာဇူလ်အီစ္စလာမ် (၄ဝ)နှစ် ဖြစ်ကြောင်း၊ ၄င်းတို့ နှစ်ဦးသည် ရေမျက်တောင်ကျေးရွာမှ ထွက်ခွာလာပြီး ဇင်ပိုင်ညာ ကျေးရွာအနီး ဓနိတောနေရာ သို့အရောက်တွင် ဆီရာဇူလ်အီစ္စလာမ်မှ ပလပ်စတစ်ဖြင့် ထုပ်ပိုး ထားသော ပိန္နဲစေ့အရွယ်ရှိ အထုပ် (၃ဝ)ခန့်အား ဝမ်းဗိုက်ထဲသို့ မြိုချ၍ သယ်ဆောင်ပေးပါက ငွေကျပ် ၅ဝဝဝဝ ပေး မည်ဖြစ် ကြောင်း ပြောကြားခဲ့၍ အထုပ် (၃ဝ)အား ဝမ်းဗိုက် အတွင်းသို့ မြိုချသယ်ဆောင် လာ ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

မြိုချသယ်ဆောင်လာသူ ရာဟာမာအုလ္လာအား နယ်မြေရဲစခန်းသို့ ခေါ်ဆောင် ၍ ထမင်းနှင့်စားစရာများ ကျွေးပြီး မစင်စွန့်ခိုင်းစဉ် မစင်များ အတွင်းမှ WY/ R စာတမ်းပါ စိတ်ကြွဆေးပြား (၄၈)ပြားပါ အထုပ် (၃ဝ) စုစုပေါင်း ၁၄၄ဝ ပြား ခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၂၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ ရာဟာမာအုလ္လာနှင့် ဆိုင်ကယ်မောင်းနှင်ထွက်ပြေး သွားသူ ဆီရာဇူလ်အီစ္စလာမ်တို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom

No comments:

Post a Comment