Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 11, 2017

လေကြောင်းခရီးသည်များ လက်တော့ပ်ကွန်ပျူတာသယ်ဆောင်မှု အမေရိကန်အစိုးရအဖွဲ့ ပိတ်ပင်ဖွယ်ရှိ


ဝါရှင်တန် မေ ၁၁

ဥရောပမှ အမေရိကန်သို့ လာရောက်သည့် ကုန်သွယ်လေကြောင်း ခရီးသည်တင် လေယာဉ်များနှင့်အတူ လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် လက်တော့ပ်ကွန်ပျူတာများအား ခရီးဆောင်အိတ်ဖြင့်သယ်ဆောင်လာခြင်းကို ပိတ်ပင်ရန် သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက မေ ၁၁ ရက်တွင် ပြောကြားကြသည်။

ခရီးသည်များ၏ ကွန်ပျူတာများကို ခရီးသည်၏ ခရီးဆောင်လက်ဆွဲအိတ်ဖြင့် မဟုတ်ဘဲ တန်ဆာပြုလုပ်သော သေတ္တာအတွင်း ထည့်သွင်းယူဆောင်ပါက ကွန်ပျူတာ၏ လစ်သီယမ် ဓာတ်ခဲများ လေထုအတွင်း ပေါက်ကွဲ နိုင်ခြင်း ရှိ၊ မရှိ ကျွမ်းကျင်သူများက လေ့လာသုံးသပ်ရန်လည်း အစိုးရက ညွှန်ကြားထားသည်။

လက်တော့ပ် ကွန်ပျူတာများနှင့် ပတ်သက်၍ အမေရိကန်အစိုးရက ပိတ်ပင်မှုကို တိုးချဲ့မည်ဆိုပါက အမေရိကန် လေကြောင်းဌာနများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment