Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 11, 2017

ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မြေငလျင်လှုပ် ရှစ်ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ



တာ့ကျော့ကန်(ရှင်ကျန်း) မေ ၁၁

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာ့ကျော့ကန် စီရင်စုတွင် မေ ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၈ မိနစ်တွင် ရစ်ခ်ျတာစကေးပြင်းအား ၅ ဒသမ ၅ ရှိ မြေငလျင်လှုပ်ခဲ့ရာ လူရှစ်ဦးသေဆုံးပြီး ၂၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အတည်ပြုပြောကြားကြသည်။

လူဦးရေ ၁၂ဝဝဝ ခန့် မြေငလျင်ဒဏ်ခံခဲ့ရပြီး လူပေါင်း ၉၂ဝဝ တို့အား ဘေးကင်းလုံခြုံရာနေရာများသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်သည်။

မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ တင်ပို့ကာဆေးကုသမှု ပြုလုပ်ပေးထားပြီး မြေငလျင်လှုပ်သည့် ဒေသ၌ စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်၊ အရပ်သား ၁၅ဝဝ ကျော်တို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများကို ပေးပို့လျက်ရှိကြောင်း အရေးပေါ်မြေငလျင် တုံ့ပြန်ရေးဌာနချုပ် က ပြောကြားသည်။

မြေငလျင်လှုပ်ခတ်အပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ်များ မကြာခဏ လှုပ်ခဲ့ကြောင်း ယင်းစီရင်စု၏ကွန်မြူနစ်ပါတီအကြီးအကဲ ဝမ်ဖုယုက ပြောကြားသည်။

မြေငလျင်လှုပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရသည့် ကုကန်ကျေးရွာ၌ မြေကြီးအောက်တွင် နစ်မြုပ်နေသူများကို ရှာဖွေကယ်ဆယ်ရန် စီရင်စုအုပ်ချုပ်ရေး အဖွဲ့က တပ်ဖွဲ့ဝင်များအား စေလွှတ်ခဲ့ကြောင်း ဝမ်က ပြောကြားသည်။

ယင်းကျေးရွာရှိ အိမ်မွေးတိရစ္ဆာန်ကောင်ရေ ၈၂ဝ ခန့်မှာ သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ် အလုံး ၁၅၂ဝ တို့မှာ ပြိုကျပျက်စီးခဲ့သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment