Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 4, 2017

ငွေကျပ် ၇ ဘီလီယံခွဲပျောက်ဆုံးမှုတွင် USDP အတွက် ၁ ဒသ၁မ ၇ ဘီလီယံ သုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ဟုဆို

 

ငွေကျပ် ၇ ဘီလီယံခွဲပျောက်ဆုံးမှုတွင် USDP အတွက် ၁ ဒသ၁မ ၇ ဘီလီယံ သုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ဟုဆို
==========================

ငွေကျပ် ၇ ဘီလီယံခွဲပျောက်ဆုံးမှုနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက် မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ခေါင်းဆောင်သည့် တိုင်းအစိုးရကို စစ်ဆေးရာ USDP အတွက် ၁ ဒသ၁မ ၇ ဘီလီယံ သုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပွင့်ဖြူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ဧပြီ ၄ ရက်တွင် The Ladies သို့ပြောသည်။

“ဖေဖော်ဝါရီ ၇ ရက်က စစ်ထားတယ် စစ်ထားတာ တွေ့ရှိချက်က ၇ ဒသ၁မ ၄၅၉ ဘီလီယံတွေ့ရှိရတယ်။ သူတို့ထွက်ဆိုချက်အရ အကိုတို့ပြောတုန်းက ၂ ဒသ၁မ ၈ ဘီလီယံ သူတို့ကို သေချာစစ်ဆေး လိုက်တော့ ၇ ဒသ၁မ ၄၅၉ ဘီလီယံ ဖြစ်သွားတယ်။ အဲ့ဒီ ဘီလီယံထဲမှာ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး ၄ ဒသ၁မ ၁၈ ဘီလီယံ သုံးစွဲခဲ့ပါတယ်လို့ ပြောထားတာတွေ့ရတယ်။ နောက်တစ်ခုက ရွှေသုခ အသေးစား ငွေရေးကြေးရေး ချေးငွေပေါ့နော်။ အဲ့ဒီမှာလည်း ၁ ဒသ၁မ ၅၇ ဘီလီယံပေးထားတယ်။ အဖွဲ့အစည်းတစ်ခုပေါ့။ နောက်တစ်ခါ USDP အတွက် ၁ ဒသ၁မ ၇ ဘီလီယံသုံးစွဲထား တယ် ဆိုတာလည်း တွေ့ရှိရတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ကောက်ခံထားသည့် ငွေများ အစိုးရထံ လွှဲပေးခြင်း ရှိမရှိကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလအတွင်းက ပွင့်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက မေးခွန်းမေးမြန်း ခဲ့ပြီး နောက် ကျပ်ငွေ ၂ ဘီလီယံခွဲကျော် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာ ပျောက်ဆုံးမှုသည် ၇ ဘီလီယံခွဲအထိရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူတို့ရဲ့ ထွက်ဆိုချက်ပေါ့။ လက်ရှိတိုင်းဒေသကြီး အစိုးရကလည်း ဒါတွေဟာ မဖြစ်သင့်ဘူး၊ ပြည်သူရဲ့ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် သုံးစွဲဖို့ကောက် ခံခဲ့တာ ပြည်သူရဲ့ ဖွံ့ဖြိုးရေးမှာသုံးစွဲရမယ်၊ ပြည်သူ့ဘဏ္ဍာကို အခုလို အဖွဲ့အစည်းတစ်ခုကနေ သုံးစွဲတာမျိုးလို ဒါတွေဟာ မဖြစ်သင့်ဘူးပေါ့။ ဒါတွေကိုလည်း အရေးယူပေးဖို့ ပြည်ထဲရေးကို ထပ်ပြီးတော့ ပြည်ထောင်စု အစိုးရကို တင်ထားတာ ကြားရပါတယ်” ဟု ဦးထွန်းထွန်းကပြောသည်။

မကွေးတိုင်းဒေသကြီးအတွက် ကျပ်ငွေ ၄ ဒသ၁မ ၁၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့သည်ဟု ထွက်ဆိုခဲ့သော်လည်း မည်သည့်နေ ရာများတွင် ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော် သုံးစွဲခဲ့သည်ကို မတွေ့ရှိရကြောင်း ယခင်အစိုးရ သက်တမ်းတွင်လည်း သုံးစွဲထားမှု မတွေ့ရှိ ရကြောင်း ဦးထွန်းထွန်းက ဆက်လက်ပြောကြားသည်။

အစိုးရသက်လက်ထက်တွင် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိမှုများကို မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၅ မြို့နယ်အတွက် ညီညီမျှမျှ သုံးစွဲလျက်ရှိကြောင်းလည်း ဦးထွန်းထွန်းက ဆက်လက်ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ အပါအဝင် အစိုးရ အဖွဲ့ဝင် ဟောင်းများကို တိုင်းဒေသကြီး အစိုးရ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အပါအဝင် စသုံးလုံး၊ တိုင်းအခွန် ဦးစီးဌာန၊ တိုင်းစာရင်းစစ် အဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့မှ စုပေါင်းကာ စစ်ဆေးနေပြီး ပျောက်ဆုံးငွေများနှင့် ပတ်သက်၍ ပြန်လည် ရရှိရန် စုံစမ်းစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment