Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 4, 2017

စင်ကာပူမှာ မူဆလင် ဘာသာရေးဆရာတစ်ဦးကို ပြည်နှင်ဒဏ်ပေး

 

စင်ကာပူမှာ မူဆလင် ဘာသာရေးဆရာတစ်ဦးကို ပြည်နှင်ဒဏ်ပေး

စင်ကာပူနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အမုန်းစကားပြောဆိုခဲ့တဲ့ အိန္ဒိယနိုင်ငံသား မူဆလင်ဘာသာရေးဆရာတစ်ဦး ပြည်နှင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဗလီတခုက ဝတ်ပြုပွဲမှာ အသက် ၄၇ နှစ်အရွယ် အဲဒီ ဘာသာရေးဆရာက ဂျူး နဲ့ ခရစ်ယာန်တွေကို ဆန့်ကျင်ရာမှာ အကူအညီပေးပါလို့ အာရဗီဘာသာနဲ့ ဆုတောင်းခဲ့တဲ့ ဗီဒီယို Facebook လူမှုကွန်ရက်ပေါ်တက်လာခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားရုံးမှာ အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီးတဲ့နောက်၊ တရားရုံးက သူ့ကို ငွေဒဏ် စင်ကာပူဒေါ်လာ ၄ ထောင်နဲ့ ပြည်နှင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဘာသာရေးဆရာက တခြားဘာသာရေးခေါင်းဆောင်တွေဆီ သွားရောက်ပြီး၊ သူ့ရဲ့ပြောဆိုမှုအတွက် နောင်တကြီးစွာရခဲ့ကြောင်း၊ ဝန်ချတောင်းပန်ခဲ့တာကြောင့် တရားသူကြီးက ငွေဒဏ်ကိုသာ ပေးဆောင်ဖို့ ပြောင်းလဲချမှတ်လိုက်ပါတယ်။

တရုတ်မျိုးနွယ်အများစုရှိတဲ့ စင်ကာပူမှာ မလေးမူဆလင်တွေနဲ့ အိန္ဒိယမျိုးနွယ်တွေလည်း အများအပြားရှိပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက- မတူကွဲပြားတဲ့ ဘာသာအယူဝါဒအုပ်စုဝင်တွေကြား အမျက်ဒေါသဖြစ်ဖွယ်ရာ၊ အမုန်းတရားကြီးထွားစေတဲ့ အပြောအဆိုတွေကြောင့်၊ တခြားနိုင်ငံတွေမှာ လူမှုရေးပွတ်တိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာ အထင်အရှားတွေ့မြင်နေရကြောင်း၊ ဒါကြောင့် အမုန်းစကားတွေအပေါ် အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် ဖိဖိစီးစီးကိုင်တွယ်ဖို့ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။

RFA

No comments:

Post a Comment