Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

Stocks Market အကြောင်းတစ်စေ့တစ်စောင်း..

၂၀၁၅ မှာ မြန်မာနိုင်ငံ စတော့ ဈေးကွက် စတင်တော့မယ် ဆိုတော့ စတော့ (stock) ဈေးကွက် အကြောင်းရေးဖို့စိတ်ပါ လာပါတယ်… အရင်က Currency Trading (ငွေကြေးေ၇ာင်းဝယ်မူ) အကြောင်းနည်းနည်းပါးပါးရေးဖူးပါတယ်..အဲဒီတုံးက တော့  Technical Analysist တို့ Fundemental Anaysist ထိမရောက်ခဲ့ဘူး . ငွေကြေးဈေးကွက်ရဲ့ အပေါ်ယံ လေးပဲ ရေးခဲ့ပါတယ်. အခုလဲ အဲဒီထိရောက်ချင်မှ ရောက်မှာပါ. အခုဒီထဲမှာ U.S စတော့ဈေးကွက် ဆိုတာ ဘာလဲနဲ့ ကုမ္ဗဏီတွေ (Stock)  စတော့ ရောင်း ချင်ရင် ဘယ်လိုသွားရမှာ ကို အရင်ဆုံးရေးသွားပါမယ် ..အမေရိကန် ဈေးကွက်ပဲ ဆိုပေမယ့် တစ်ကမ္ဘာလုံးဈေးကွက်တွေရဲ့ လုပ်ဆောင်ခြင်းက အတူတူပါပဲ အခေါ်အဝေါ်လေးတွေပဲနည်းနည်း ကွဲရင်ကွဲမယ်.


လူတွေတော်တော်များများ ကတော့ New York Stock Exchange (NYSE) ကို ကြားဖူးကြပါလိမ့်မယ်. TV တွေ ရုပ်ရှင်ဇတ်ကား တွေ မှာ တွေ့ ဖူးကြပါလိမ့် မယ် ၊ အကျီ ရောင်စုံလေးတွေ ၀တ်ပြီး  သူတို့ရဲ့ ရှေ့ Computer မြောက်မြားစွာနဲ့ အော်ဟစ်ပြေးလွားနေကြတာတွေ ၊ သတင်းတွေထဲမှာ ရံဖန်ရံခါ မေးမြန်းထားတာတွေ ကို တွေ့ရပါလိမ့်မယ်..့  အဲဒီလူတွေက NYSE မှာ ဘာတွေလုပ်နေကြတာလဲ ? ကျွှန်တော်တို့လို့ Investor ရင်းနှီးမြုပ်နှံသူ တွေအတွက် သူတို့က ဘယ်သူတွေလဲ ?


အဲဒီ ထိမရောက်ခင် ကျွှန်တော် တို့ပထဦးဆုံး နောက်တစ်လမ်းဆုတ်ပြီးကြည့်ရအောင်ဗျာ. စတော (stock)့ ကို အ၀ယ်အရာင်းလုပ်တော့မယ်ဆိုရင် တော့  ငွေကြးဈေးကွက် (Financial Market) က ပါလာပြီးသားပဲဗျာ. ပြီးတော့ ဈေးကွက် Market ဆိုတာ က အင်မတန်မှ ရုပ်ထွေး လှပါပေတယ်. အဲဒါကြောင့် ကျွှန်တော်တို့ငယ်ငယ်လေးကနေစပြီး အခုအထိ အဲဒီ ဈေးကွက် ( အရောင်းအ၀ယ်) ကို လေ့လာသင်ယူခဲ့ကြတာပဲမဟုတ်လား..

ငယ်ငယ်တုံးက သံပရာရေ ရောင်းသလိုပဲပေါ့. ကျွှန်တော်တို့ မှာ ရောင်းဖို့ကုန် ရှိတယ်. (Buyer) ၀ယ်မယ့်လူကို လိုက်ရှာရတယ်. ဘယ်မှာ ရောင်းရင် ပိုမြတ်မလဲ . သံပရာ ရေ တစ်ခွက်ဘယ်ဈေ့း သတ်မှတ်ဖို့ အတွက် Information ရှာ ရတယ်. ၀ယ်လိုအားဘယ်လောက်ရှိလဲ  . တစ်ခြားသူတွေ ဘယ်လောက်နဲ့ ရောင်းလဲ. ဘယ်သူကဘယ်လောက်မြတ်တယ်  . ရေ၊ သကြား ၊ သံပါရာသီး  ဘယ်လောက်ကျလဲ ၊ အမြတ် ဘယ်လောက်ကျန်မှာလဲ အစသည် ရှိပေါ့.

 တစ်ကယ်တမ်း ပြောရရင် စတော့ ဈေးကွက် လဲ အဲဒါနဲ့ အခြေခံခြင်းတူပါတယ်. ၀ယ်တဲ့သူ ( Buyer ) နဲ့ ရောင်းတဲ့သူ (ှSeller) တွေပါပဲ. ၀ယ်လို့အား နဲ့ ရောင်းလိုအား ပေါ်မှာပဲ မူပါတယ်. တကယ်တမ်းပြောရရင် အဲဒီ အကျီ ရောင်စုံ လေးတွေ ၀တ်ပြီး NYSE ကြမ်းပြင် မှာ ပတ်ပြေးနေတဲ့လူတွေဟာကျွှန်တော့်တို့ ခင်ဗျားတို့လိုပဲ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေပါပဲ.  (အဲဒီအကျီအရောင်တွေဝတ်ထား  သူတွေက  ဘယ်သူက ဘယ့်သူကို ကိုယ်စားပြု တာကို သတ်မှတ်တာပါ) . ဒါပေမယ့် မတူတာတစ်ခုက စတော့ ဈေးကွက် က ကျွှန်တော်တို့လမ်းဘေး  အအေး ရောင်း တာထက် အရာရာ ပိုပြီး မြန်မြန်ဆန်ဆန် နဲ့ အတက်အကျကြီးတာပါပဲ.


Two Type of Market ( ဈေးကွက်နှစ်မျိုးနှစ်စား)

အမေရိကန် မှာ စတော့ တွေကို Maket ဈေးကွက် နှစ်ခုကနေ အဓိက ထားပြီးရောင်းပါတယ်. ကျွှန်တော်ပြောခဲ့တဲ့ The New York Stock Exchange (NYSE) နှင့် the Nasdaq Stock Market  ပါ။ တစ်ခြားသော အချို့ ဈေးကွက်တွေလည်းရှိပါတယ် ဒါပေမယ့် ဒီဈေးကွက် နှစ်ခု ထဲကနေပဲ အဓိက အရောင်းအ၀ယ် လုပ်ကြပါတယ်. Company တွေ Public လုပ်ချင်တယ်ဆိုရင် အဲဒီ ဈေးကွက် နှစ်ခု ကနေ  ရောင်းကြပါတယ်.


The New York Stock Exchange (NYSE)

The New York Stock Exchange (NYSE) က အမေရိကား မှာ သက်တမ်းအရှည် ဆုံး ဈေးကွက် တစ်ခုပါ. ၁၉ ၇၂ ခုနှစ် တုံးက Lower Manhattan မှာရှိ buttonwood (မြန်မာ အမည်မသိ) အပင် အောက်မှာ စပြီး စတော့(stock) အ၀ယ်အရောင်း လုပ်ရင်းကနေ အခုလို ကမ္ဘာအကြီးဆုံး  စတော့ ဈေးကွက်တွေထဲ တစ်ခုဖြစ်လာခဲ့ပါတယ်.

အခု  The New York Stock Exchange (NYSE) က Lowe Manhattan မှာ ရှိတဲ့  Wall Street နဲ့  Broad Street လမ်းတောင့်မှာ တည် ရှိပါတယ်. တစ်ကယ်တမ်း ဒီလို နည်းပညာတွေ ၊ ဆက်သွက်ရေးတွေ မြန်ဆန်နေတဲ့ ခေတ်တွေမှာ တည်နေရာက  အရေးမကြီးတော့ပါဘူး. ဗဟုသုတ အနေနဲ့ ပါ.  စတော့ (stock) အ၀ယ်အရာင်းလုပ်ဖို့အထွက် အဲဒီ အထိလည်း သွားဖို့မလိုပါဘူး ကမ္ဘာ နေရာ အရပ်ရပ်က နေ၀ယ်ယူလို့ရပါတယ်
 
၁၉ ၉ ၀ ခုနှစ် တုံးက NYSE 
The New York Stock Exchange  ကို အတိုကောက်အနေနဲ့ NYSE  လို့လဲခေါ် ကသလို The Big Board  ဆိုပြီးတော့ နာမည် ပြောင် နဲ့ လည်းခေါ်ကြပါတယ်. အဲဒီ  မှာ Trading  လုပ်ရင်  (ကိုယ်စားပြုေ၇ာင်းဝယ်နည်းလမ်း)    specialist trading system လို့ခေါ်တဲ့ system အသုံးပြုပါတယ် . အဲဒီ system ကတော့ စတော့တစ်ခု ကို လူတစ်ယောက် က ကိုယ်စားပြုခြင်းဖြစ်ပါတယ်. ဥပမာ ခင်ဗျား IBM ရဲ့ စတော့ကို ၀ယ်ချင်တယ်ဆိုပါဆို့ .. ခင်ဗျား IBM စတော့ ကို  ( Assigned) ကိုယ်စားပြုထားတဲ့ လူစီသွားပြီး bid( ဈေးပေး) လုပ်ရပါတယ်.အဲဒီလူက ယဉ်ထိမ်းရဲ လိုပါပဲ   စတော့ရဲ့ အသွားအလာကို အမြဲ စောင့်ကြည့်နေပါတယ်. သူကနေပြီးတော့မှာ ခင်ဗျားပေးတဲ့ဈေးနဲ့ ရောင်းချင်တဲ့လို လိုက်ရှာရပါတယ်.ဈေးတဲ့ ရင် တော့ အ၀ယ်ရောင်းဖြစ်သွားတာပေါ့ ဈေးမတဲ့ တဲ့ အချိန်ကြရင်လည်း သူတို့က သူ့တို့ အတွက်ဝယ် ရောင်းလုပ်ကြပါတယ်.



လက်ရှိNYSE
အဲဒါကြောင့်ဗျာ အရင် တုံးကသတင်းတွေမှာ ရုပ်ရှင်တွေမှာ စတော့ အကြောင်းပါပြီဆို စာရွက်တွေကိုင်ပြီး ယဉ်ထိန်းရဲ တွေလိုပဲ ပြေးလွား၊ လက် ဟန်ခြေဟန်တွေနဲ့ အော် နေကြတာတွေ့ဖူးပါလိမ့်မယ် ရုတ်ရှက်ခတ်ပြီး  ဘာတွေလုပ်နေကြမှန်းမသိဘူး. ဒါတစ်ကယ်တမ်းကြတော့ ရှင်းရှင်းလေးပါပဲ ၀ယ်ချင်တဲ့လူနဲ့ ရောင်း ချင်တဲ့ လူနဲ့ ရှာ ပြီး စတော့ ကို ၀ယ်ရောင်းလုပ်ချင်နေကြလို့ပါပဲ.

ဒီလို  အော်ရောင်း ရင်း နဲ့ ပဲ ကွန်ပျူတာပေါ်မှာလဲ ရှာဖွေပြီး ဈေးတဲ့ပေးခဲ့ကြတယ်. နည်းပညာ တိုးတက် လာတာနဲ့ အမျှ အဲဒီလိုအော်ရောင်း တာတွေ NYSE မှာ လျှော့ကြလာပြီး ကွန်ပျူတာ နဲ့ ရောင်းဝယ် လာကြပါတော့တယ်. လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်အတွင်း နေစဉ်နဲ့ အမျှ အရောင်းအ၀ယ် ပမဏ တွေ ကြီးထွားလာပေမည့်  တိုးတက်လာတဲ့ နည်းပညာ ကျေးဇူးတွေကြောင့် NYSE ကြမ်းပြင် မှာ အလုပ်လုပ်တဲ့ လူတွေဟာ သိသိသာသာ တိုးမလာပါဘူး.  NYSE မှာ လုပ်တဲ့ အရောင်းအ၀ယ် မှန်သမျှ က ဒီ ကိုယ်စားပြု ( specicalists ) တွေက refereed  လုပ်ပါတယ်.
NYSE အလုပ်လုပ်ပုံ 


The Nasdaq Stock Market 

The NYSE မှာ ရောင်းဖို့အတွက် listing requirement  လိုအပ်ချက်တွေက တော်တော် မြင့်ပါတယ် ဒါကြောင့် အသစ်စတောင်တဲ့ ကုပ္ဗဏီ တွေ အထူးသဖြင့် သက်တမ်းနု သေးတဲ့ ကုပ္ဗဏီတွေ က ဒီ  Nasdaq Stok Market မှာ လာတင် listing  ရောင်း ကြပါတယ် .  Micorsoft တို့  Intel တို့ လို listing တွေ နည်းပညာ Hight tech stock တွေနဲ့  နာမည်ကြီးတဲပ  Nasdaq မှာတော့  NYSE လို စတော့ တစ်ခုကို လူတစ်ယောက် ကိုယ်စားပြု specicalists တွေမရှိပဲ Market Makers ( ဈေးကွက်ဖွင့်သူ) လို့ခေါ်တဲ့  လူတစ်စုနဲ့ အ၀ယ်အေ၇ာင်းလုပ်ကြပါတယ်.. အဲဒီ Market Makers တွေက specicalists တွေလိုပဲ စတော့တစ်ခု ဒါမမဟုတ် စတော့တစ်စုကို အ၀ယ် အရောင်းလုပ်ကြတယ် . ဒါပေမဲ့ သူတို့က specicailist တွေလို refeereed လုပ်တာမျိုး မဟုတ်ပဲ စတော့ တွေကို ရင်းနှီးမြုပ်နှံသူကိုယ်စား အ၀ယ်အေ၇ာင်းလုပ်ပေးလိုက်ကြတယ်.

စိတ်ဝင်စားစရာကောင်းတာတစ်ခုက တော့ ဒီ Nasdaq ဟာ NYSE လိုမျိုး  သူမှာ တည်နေရာ Trading Floor မှာရှိပါဘူး..အေ၇ာင်းအ၀ယ် အကုန်လုံးကို ဖုန်း နဲ့ ဖြစ်စေ ကွန်ပျူတာတွေနဲ့ ဖြစ်စေ နိုင်ငံ တစ်ဝမ်းလုံးမှာရှိတဲ့  ပွဲစားတွေက နေ အ၀ယ် အရာင်းလုပ်ကြပါတယ်..Market Maker တွေက ဒီ အဆက်တွေကနေ တစ်ဆင့် သူတို့ အ၀ယ်အေ၇ာင်းလုပ်ချင်တဲ့ဟာတွေကို ကြော်ငြာပါတယ် ဒီလိုနဲပ ဈေးတဲ့ရင် အ၀ယ်အရာင်းဖြစ်သွားကြတာပေါ့…
Nasdaq အလုပ်လုပ်ပုံ





ကိုးကား
Wall Street Journal : Complete Money & Investing Guide Book . Dave Kansas.

No comments:

Post a Comment