Currency Trading ဆိုတာ (1)
Stock ဆိုတာ နဲ့ လူတွေ တော်တော် များများဘာလဲဆိုတာ အနည်းနဲ့အများသိကြပါတယ်. ရှင်းရှင်း ပြောရရင် ကျွှန်တော်လဲ ရင်းနှီးမြုပ်နှံမူကို Stock တစ်ခုပဲရှိတယ်လို့ထင်မှတ်ခဲ့ပါတယ်. ဒီလိုပဲ စလုံးက သူငယ်ချင်းက Currency Trading လုပ်ကြည့်ပါလားဆိုပြီး အကြံပြုတာနဲ့ FOREX Market ထဲကို ဘူးမသိ ဘမသိ ရောက်လာခဲ့တာပါပဲ. နှကို ကတည်းက Investment ကို ဘာမှန်းမသိတော့ FOREX ဆိုတာဘာလဲ သိဖို့ဝေလာဝေး. ဒါနဲ့ စာအုပ် ဖတ်ပြန်တော့လည်း စာအုပ်တွေအားလုံးက English တွေ ကြီးပဲဆိုတော့ Knowledge ကနည်းနည်း နဲ့နားလည်အောင်တော်တော်လေးဖတ်ယူခဲ့ရပါတယ်. Online မှာ မြန်မာဆိုဖတ်ဖို့လိုက်ရှာကြည့်တော့လည်း Stock အကြောင်းတွေရေးတာပဲခပ်များများတွေ့ရတော့ တော်တော် လေးရှာဖတ်ခဲ့ရပါတယ်. အခု ဒီ Currency ထဲကို ရောက်နေတာ ၃နှစ်လောက်ပဲရှိပါသေးတယ် ကျွှန်တော် ကိုယ်၌ ကလည်း အခုထိလေ့လာတုံးဆိုတော့ ဒီ "Currency Trading " ကို ကျွှန်တော်သိထားတာလေး မမေ့သွားအောင် ကတစ်ကြောင်း.Currency Trading အကြောင်းကို သိချင်တဲ့သူငယ်ချင်းများအတွက်တစ်ကြောင်းရေးသားခြင်းဖြစ်ပါတယ်ဒါကြောင့် ကျွှန်တော့် စာတွေမှာအမှားတွေ ပါနိုင်ပါတယ်. ဒီထဲမှာ ကျွှန်တော် ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အကြောင်းတွေဘာသလို စာအုပ်တွေထဲကလည်း Reference လုပ်ထားပါတယ်. တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံခြင်းမတူနိုင်ပါဘူး ဒါကြောင့် Currency Trading ရဲ့ အခြေခံတွေကို ရေးသွားပါမယ်. အမှားတွေတွေ့လို့ တောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…
Forex ဆိုတာကတော့ FOReign EXchange Market အတိုကောက်ယူထားတာဖြစ်ပါတယ်. (currency) ငွေကြေး နှစ်ခုကိုတစ်ပြိုင်ထဲ တစ်ခုကို ရောင်းပြီး တစ်ခုကို ၀ယ်တာကို Foreign exchange လို့ခေါ်ပါတယ်. Currencies တွေကို Dealar ဒါမှမဟုတ် Broker တွေကနေတစ်ဆင့် အ၀ယ်အရောင်း လုပ်ပါတယ်. အဲဒီ Trade လို့ရအောင် Currency တွေကို (pairs)အတွဲလိုက်ထားပေးထားပါတယ် .ဥပမာ Euro dollar and U.S. Dollar (EUR / USD) or the British Pound and Japanese Yen (GBP/ JPY).
ဒီ FOReign Exchange Market ဟာ ကမ္ဘာပေါ်မှာ အကြီးမှားဆုံး ငွေကြေး ဈေးကွက် ဖြစ်ပါတယ်.. နေ့စဉ် ဒေါလာ $ 2 Trillion နဲ့ အထက် စီးဆင်းမူ / သိပ်တည်းမူ ရှိပါတယ်. အဲဒီပမာဏ ဟာ stock market နဲ့ Future market ပေါင်းထားတဲ့ တန်ဖိုးတဲ့ ၃ ဆလောက် ပို များတယ်လို့ဆိုထားပါတယ်.
Forex spot market ဟာ တစ်ခြား ငွေကြေး ဈေးကွက် ဖြစ် တဲ့ stock တို့လို Physical Location တို့ Central exchange တို့ မရှိပါဘူး.. အရာင်းအ၀ယ်ကို တော့ ဘဏ် အချင်းချင်း , Corporations အချင်းချင်း, တစ်ဦးတစ်ယောက်ချင်း အ၀ယ်အရာင်းလုပ်ကြပါတယ်. Physical exchanges မရှိတဲ့ အတွက်ကြောင့် Forex ကို ၂၄ နာရီ Trade လုပ်လို့ရပါတယ်.
လက်ရှိငွေပေါက်ဈေးနဲ့ ရော့ ပတ္တမြား ရော့နဂါး , အ၀ယ်အရာင်ုးလုပ်တဲ့ဘယ် Market မဆို Spot Market လို့ခေါ်ပါတယ် .Future Market ကတော့ ကြိုရောင်းကြိုဝယ် သဘောမျိုးပေါ့. ပိုက်ဆံကို အရင်ပေးပြီး Commodity ကိုနောက်မှ ပို့တဲ့ Market ပေါ့. ဥပမာ Chicago Board of Trade က Future Market တစ်ခုပါ. FOREX မှာနှစ်ခုလုံး လုပ်ကြပါ future ရော spot ရော trade လုပ်ကြပါတယ်.ဒါပေမဲ့ Traders တော်တာ် များများကတော့ spot market ကိုပဲ သုံးကြပါတယ်.
FOREX ဆိုတာဘာလဲ……
Forex ဆိုတာကတော့ FOReign EXchange Market အတိုကောက်ယူထားတာဖြစ်ပါတယ်. (currency) ငွေကြေး နှစ်ခုကိုတစ်ပြိုင်ထဲ တစ်ခုကို ရောင်းပြီး တစ်ခုကို ၀ယ်တာကို Foreign exchange လို့ခေါ်ပါတယ်. Currencies တွေကို Dealar ဒါမှမဟုတ် Broker တွေကနေတစ်ဆင့် အ၀ယ်အရောင်း လုပ်ပါတယ်. အဲဒီ Trade လို့ရအောင် Currency တွေကို (pairs)အတွဲလိုက်ထားပေးထားပါတယ် .ဥပမာ Euro dollar and U.S. Dollar (EUR / USD) or the British Pound and Japanese Yen (GBP/ JPY).
ဒီ FOReign Exchange Market ဟာ ကမ္ဘာပေါ်မှာ အကြီးမှားဆုံး ငွေကြေး ဈေးကွက် ဖြစ်ပါတယ်.. နေ့စဉ် ဒေါလာ $ 2 Trillion နဲ့ အထက် စီးဆင်းမူ / သိပ်တည်းမူ ရှိပါတယ်. အဲဒီပမာဏ ဟာ stock market နဲ့ Future market ပေါင်းထားတဲ့ တန်ဖိုးတဲ့ ၃ ဆလောက် ပို များတယ်လို့ဆိုထားပါတယ်.
Forex spot market ဟာ တစ်ခြား ငွေကြေး ဈေးကွက် ဖြစ် တဲ့ stock တို့လို Physical Location တို့ Central exchange တို့ မရှိပါဘူး.. အရာင်းအ၀ယ်ကို တော့ ဘဏ် အချင်းချင်း , Corporations အချင်းချင်း, တစ်ဦးတစ်ယောက်ချင်း အ၀ယ်အရာင်းလုပ်ကြပါတယ်. Physical exchanges မရှိတဲ့ အတွက်ကြောင့် Forex ကို ၂၄ နာရီ Trade လုပ်လို့ရပါတယ်.
Spot Market Future Market ဆိုတာဘာလဲ.
လက်ရှိငွေပေါက်ဈေးနဲ့ ရော့ ပတ္တမြား ရော့နဂါး , အ၀ယ်အရာင်ုးလုပ်တဲ့ဘယ် Market မဆို Spot Market လို့ခေါ်ပါတယ် .Future Market ကတော့ ကြိုရောင်းကြိုဝယ် သဘောမျိုးပေါ့. ပိုက်ဆံကို အရင်ပေးပြီး Commodity ကိုနောက်မှ ပို့တဲ့ Market ပေါ့. ဥပမာ Chicago Board of Trade က Future Market တစ်ခုပါ. FOREX မှာနှစ်ခုလုံး လုပ်ကြပါ future ရော spot ရော trade လုပ်ကြပါတယ်.ဒါပေမဲ့ Traders တော်တာ် များများကတော့ spot market ကိုပဲ သုံးကြပါတယ်.ဘယ်Currencies တွေTraded ကြလဲ.?
လွယ်ပြောရရင်တော့ဗျာ interantional trade ရှိတဲ့ နိုင်ငံတိုင်း ရဲ့ currencies ကို trade လုပ်လို့ရပါတယ်..နေ့စဉ် အများဆုံး Trade လုပ်တဲ့ ကို အစဉ်လိုက်ရေးရမယ်ဆိုရင် ..U.S Dollar (USD), the Euro Dollar (EUR), the Japanese Yen (JPY) , the British Pound Sterling (GBP) , The Swiss Franc (CHF) , the Canadian Dollar (CAD) နဲ့the Australian Dollar (AUD) . ဒီ ရ ခုကတော့ Major currencies တွေပါ တစ်ခြား currencies တွေကို တော့ minor လို့တတ်မှတ်ပြီး.. တစ်ခြား နိုင်ငံငယ် တွေရဲ့ currencies တွေကို exotics လို့ခေါ်ပါတယ်..
FOREX Currency တွေရဲ့ symbols ကို အဂ်လိပ် အက္ခရာ သုံးခု နဲ့ အမြဲတမ်းသတ်မုတ်ကြပါတယ်. ပထမ အက္ခရာ ကတော့ နိုင်ငံကို ကိုယ်စားပြုပြီး နောက် ဆုံးတစ်လုံးကို တော့ နိုင်ငံ currency ရဲ့ နာမည်ပါ.. ဥပမာ U.S. Dollar ရဲ့ symbol ကတော့ USD ပါ. ထိုနည်းတူပဲ Jpanese Yen ကို JPY လို့တပ်မှတ်ထားပါတယ်..အခြားနိုင်ငံတွေ အကုန်လုံးလဲအဲဒီလိုပဲသတ်မှတ်ထားပါတယ်. သို့သော်လည်း ချို့ ယွင်းချက်အနေနဲ့ Swiss Franc ကို SWF လို့ မသုံးပဲ CHF လို့ သုံးပါတယ် အဲဒီတစ်ခုထဲပါပဲ. ဘာလို့လဲဆိုတော့ Swistzerland နိုင်ငံ ရဲ့ Latin နာမည်ဖြစ်တဲ့ Confederation Helvetica နဲ့ အသုံးပြုထားလို့ပဲဖြစ်ပါတယ်.
Symbol Country Currency
USD United States Dollar
EUR Euro members Euro
JPY Japan Yen
GBP Great Britain Pound
CHF Switzerland Franc-
CAD Canada Dollar
AUD Australia Dollar
ဆက်ပါဦးမည်
ခွန်ဇေယျာမင်း..
http://khunzmineconomy.blogspot.com/2013/05/currency-trading-1.html
No comments:
Post a Comment