CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 12, 2017
Stock-Share Intro - စတော့ရှယ်ယာ မိတ်ဆက်
Stock-Share - စတော့ရှယ်ယာ ရဲ့ အခြေခံကြောရိုး
မြန်မာနိုင်ငံ Stock Share ပေါ်ပေါက်လာပြီး Capitalism (အရင်းအနှီးဈေးကွက်) ဖော်ဆောင်မှုပုံစံဖြင့် စီးပွားရေးစနစ်တွေ ပိုမိုကောင်းမွန်လာပါတယ်။ Stock ကို အများပြည်သူနားလည်နိုင်ဖို့ဆိုရင်တော့ အချိန်ယူပြင်ဆင်ရဦးမှာဖြစ်ပါတယ်။ (ဥပမာ - Stock နဲ့ပတ်သတ်တဲ့ သီးသန့် TV Talk အစီအစဉ်တွေ၊ အများပြည်သူအတွက် Stock နဲ့ပတ်သတ်တဲ့ စာပေဖြန်ဖြူးမှုတွေ၊ Stock နဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိသော နိုင်ငံခြားလုပ်ငန်းရှင် + ပညာရှင်တွေ + Stock မှာ ပါဝင်မဲ့သူတွေ အားလုံးနှင့် Stock Exchange စတင်မှုအဆင့် အောင်မြင်ဖို့အတွက် များစွာပြင်ဆင်ရဦးမှာတော့ အမှန်ပဲဖြစ်ပါတယ်။ Stock Exchange နဲ့ ပတ်သက်လာရင် အခြေခံ (၆-ခု) ကိုတော့ လူတိုင်းစဉ်းစားရမှာဖြစ်ပါတယ်။
(၁) Regulator ( Stock ကို တရားဝင်ကြားခံထိန်းပေးမဲ့ အဖွဲ့အစည်းတွေ)
(၂) Legal Framework (လုပ်ထုံးလုပ်ငန်း ဥပဒေနဲ့ စည်းကမ်းတွေ)
(၃) Stock Exchange (စတော့ရှယ်ယာ ၀ယ်-ရောင်း ဈေးကွက်)
(၄) Listed Company (Stock Listed ဖြစ်ထားတဲ့ ကုမ္ပဏီတွေ)
(၅) Intermediaries (ကြားခံဆောင်ရွက်ပေးမဲ့ ပွဲစားတွေ)
(၆) Investors (Stock ကို ရင်းနှီးမြုပ်နှံကြသူတွေ) စတဲ့ (အချက် - ၆ ခု) ဟာ Stock Exchange ရဲ့ အဓိက ပင်မကြောရိုးပဲဖြစ်ပါတယ်။ Stock Exchange အရောင်းအ၀ယ်ဆိုရာမှာ အတိုချုပ်ပြောရရင် (၂-မျိုး) ပဲရှိပါတယ်။
တခုက Trading ပုံစံနဲ့ အချိန်တိုအတွင်းမှာ (၀ယ်-ရောင်း) လုပ်တာမျိုးနဲ့၊ နောက်တမျိုးက Investment ပုံစံနဲ့ ရေရှည်အတွက် (၀ယ်-ရောင်း) လုပ်တဲ့ ပုံစံဖြစ်ပါတယ်။ Stock နဲ့ ပတ်သက်ပြီး လွယ်ကူစွာ နားလည်နိုင်စေဖို့ Credit - ကိုရိုးရာ(YSX) ၏ ရေးသားဖော်ပြမှုကို www.EntrepreneurSME.com အယ်ဒီတာချုပ်မှ ပြန်လည်မျှဝေဖော်ပြပေးလျှက်။
အစုရှယ်ယာ တွေ ပေါ် ပေါက်လာတဲ့ အဓိက အကြောင်းရင်း ?? အကြောင်းအရင်းကတော့ အရင်းနှီးလို အပ်ချက်ကြောင့်ပဲဖြစ်ပါတယ်…… အစုရှယ်ယာ တွေ ကို ရောင်းခွင့် ရှိတာ ဆိုရင် အများပိုင် company ဖြစ်မှ သာလျှင် ရောင်းချခွင့်ရှိပါတယ်။ တစ်ဦးတည်းပိုင်ဆိုလျှင် အများပိုင် company အဖြစ်ပြောင်းဖို့ လိုအပ်မယ်။
အများပိုင် company ဖြစ်ဖို့ဆိုလျှင် ကန့်သတ်ချက်တွေ တော့ ရှိတယ်… အနည်း ဆုံး 7 ဦးနဲ့ အထက် company ကို ပိုင်ဆိုင်ဖို့လိုမယ်…… အောက်မှာ ဥပမာနဲ့ ကြည့် ကြည့်ရအောင်ဗျာ…… ကျွန်တော့်မှာ ZAW ဆိုတဲ့ Storeဆိုင် တစ်ခု ရန်ကုန်မှာ ရှိတယ် ဆိုပါစို့… ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေး ကောင်းတဲ့ အတွက် အရောင်းသွက်ပြီး နာမည် ရလာတယ် ဆိုပါစို့… မန္တလေး,နေပြည်တော်,တောင်ကြီးမြို့ကြီး 3 မြို့မှာ ဆိုင်ခွဲ တွေ ဖွင့်ချင်လာတယ်… ဒါပေမဲ့ ကျွန်တော့်မှာ အရင်းနှီး မရှိဘူး… အဲ့တော့ အရင်းနှီးရလာအောင် ဆိုင်ရဲ့ ရှယ်ယာတွေကို ရောင်းဖို့ စီစဉ်မယ်… အများပိုင် company ဖြစ်အောင် သူငယ်ချင်း 8 ယောက်နဲ့(7 ယောက်နဲ့အထက်) တိုင်ပင်ပြီး သူတို့လည်း အချိုးကျ ပါဝင်တဲ့ အတွက် အများပိုင် Company အဖြစ် ဖြစ်သွားပါပြီ… အများပိုင် company ဖြစ်ပြီဆိုလျှင် အစုရှယ်ယာများကို စတင်ရောင်းချနိုင်ပါပြီ…… စတင်ဖွဲ့ စည်းတဲ့ 8 ယောက်ကတော့ ဒါရိုက်တာ အဖွဲ့ ဝင်တွေ ဖြစ်လာကြမှာပါ…… Company က အရင်းနှီး လိုအပ်ချက် 10 သိန်း ရှိတယ်ဆိုပါစို့… အစုရှယ်ယာ ယူနစ်တွေကို စတင်ရောင်းချကြည့်မယ်နော်… 10000 ks တန် ယူနစ်ဆိုရင် ယူနစ်ပေါင်း 100 ရောင်းရမှာ ဖြစ်တယ်…… အဲ့ ယူနစ်ကဘာလဲ ဆိုရင် သက်သေခံ လက်မှတ် စာချုပ် ရရှိမှာ ဖြစ်ပါတယ်…… ယေဘုယျ အား ဖြင့်တွက်ကြည့်ရင်တော့ Company တွေက အရင်းနှီး လိုအပ်ချက်ကြောင့်သာ အစုရှယ်ယာတွေကို ရောင်းချတာပါ……
~~~~~~~~~~~~~~~~~~~~~~~~
ဝယ်ယူသူ ဘက်ကနေ ပြန်တွေးကြည့်ရအောင်
ကိုယ်က အလားအလာ ကောင်းမယ်လို့ ထင်တဲ့ company ရဲ့ အစု ရှယ်ယာတွေကို ဝယ်ထားမိတယ် ဆိုပါစို့…… ဘာတွေ ရလာနိုင်သလဲ? Company က ခွဲဝေပေးတဲ့ အကျိုး အမြတ်တွေကို 3 လတစ်ကြိမ် ဒါမှ မဟုတ် 1 နှစ် တစ်ကြိမ် ရရှိမှာပါ…… အကျိုးအမြတ်တွေကို အပြည့်အဝ ရရှိ နိုင်သလားဆိုရင်တော့ မရရှိန်ုင်ပါဘူး… Company က ခွဲဝေပေးသလောက်ပဲ ရရှိမှာပါ…… ဥပမာ- အကျိုးအမြတ်က 100 % ရရင် 50 % လောက်ကိုပဲ ခွဲဝေပေးမှာပါ…… ကျန်တဲ့ 50% ကို Company ရဲ့ ဆက်လက်ရင်းနှီးမြုပ်နှံ မှု ပေါ်မှာပဲ ပြန်လည် အသုံးချသွားတာပါ… တစ်ခြား Company တွေနဲ့ ယှဉ်ပြိုင်တဲ့အခါ အဲ့လို မလုပ်ရင် နောက်ကျ ကျန်ခဲ့မှာပါ…… ရရှိလာတဲ့ အကျိုးမြတ်ရဲ့ 100 %လုံးကို ခွဲဝေ မပေးပဲ ရင်းနှီးမြုပ်နှံမှု ထဲ ပြန်ထည့်တဲ့ Company မျိုးတွေလည်း ရှိပါတယ်… Apple လို Company မျိုးပေါ့…… အကျိုးမြတ်ကို ရှယ်ယာရှင်တွေဆီ ခွဲ ဝေပေးတဲ့ % တွေ ကို တော့ ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်…… အစုရှယ်ယာ ပိုင်ဆိုင်တဲ့သူတွေက ဒါရိုက်တာ အဖွဲ့ဝင် ဘယ်သူဖြစ်သင့်တယ် ဆိုတာကိုတော့ မဲ တစ်မဲ အနေနဲ့ မဲပေး ရွေးချယ်ခွင့် ရရှိမှာပါ…… အများပိုင် Company ပြောင်းကာစ ဆိုရင်တော့ စတင်တည် ထောင်သူတွေက ပထမ 4 နှစ် or 5 နှစ်အတွင်းမှာ ဒါရိုက်တာ အဖွဲ့ မှာ အမြဲ ပါဝင်ခွင့် ရရှိနေမှာ ဖြစ်ပါတယ်……
~~~~~~~~~~~~~~~~~~~~~~~
Company တွေ ဘယ်လို တိုးတတ်လာသလဲ?? အစုရှယ်ယာ ရောင်းတဲ့ Company တွေက တစ်သောင်းတန် (10000 Ks) ယူနစ်တစ်ခုကို တစ်သောင်းနဲ့ ရောင်းစားလေ့ မရှိပါဘူး… သူထက်ပိုတဲ့ ဈေးနှုန်းနဲ့ ပဲ ရောင်းလေ့ ရှိပါတယ်…… 3 သောင်းနဲ့ ရောင်းတယ်ဆိုပါစို့… ပိုသွားတဲ့ 20000 ks ငွေတွေဘယ် ရောက်သွားလဲ မေးစရာရှိပါတယ်…… Company ရဲ့ ရင်းနှီးမြုပ်နှံ မှု ငွေထဲ ရောက်သွားပါတယ်…… တကယ်ဝယ်ယူသူ ပိုင်ဆိုင်တာကတော့ 10000 ks တန် ယူနစ်ပဲ ဖြစ်ပါတယ်…… အဲ့လိုနဲ့ Company ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး က များသထက်များလာမှာပါ…… အစုရှယ်ယာ ယူနစ်ပိုင်ဆိုင်တဲ့ သူတွေက လည်း Company ကို ပိုင်ဆိုင်တာ ဖြစ်လို့ Company တန်ဖိုး မြင့်လာလေ ယူနစ်တန်ဖိုးကလည်း အပြင်ပေါက်ဈေး မြင့်လာမှာပါ……
~~~~~~~~~~~~~~~~~~~~~~~
ဘယ်လို အစုရှယ်ယာမျိုးတွေ ဝယ် နိုင်သလဲ?
Common Shares နဲ့ Prefered Shares ဆိုပြီး နှစ်မျိုး ဝယ်ယူနိုင်ပါတယ်…… Common ရှယ်ယာတွေကတော့ သာမန်ရောင်းကြ ဝယ်ကြတဲ့ ရှယ်ယာမျိုးတွေပါ… Prefered ရှယ်ယာတွေကတော့ ဘဏ်အပ်တာနဲ့ တူတယ်ဗျ။ Company ရဲ့ အရူံး အမြတ်ပေါ် မမူတည်ပဲ ပုံသေ အကျိုးမြတ်ရတာပါ… ဘဏ်တိုးရသလို ရတာပါ။ Company ဒေဝါလီခံခဲ့ရင်တောင်မှ သူရဲ့ငွေ ကို ပြန်လည် ထုတ်ပေးတဲ့အတွက် ရူံးနိုင်မှု နည်းပါတယ်…… ရှယ်ယာ အရောင်းဝယ် မှာ အဲ့ကောင်က အကျိုးမြတ် နည်းလို့ သိပ် စိတ်ဝင်စားလေ့ မရှိကြ ပါဘူး……
~~~~~~~~~~~~~~~~~~~~~~~
အစု ရှယ်ယာတွေကို ဘယ်လို ဝယ်နိုင် ရောင်းနိုင်မလဲ? ဥပမာ- 10000 ks တန် အစု ရှယ်ယာ ယူနစ်တစ်ခုကို တစ်သောင်း ထက် မလျော့တဲ့ ဈေးနဲ့ ဝယ်ခဲ့မှသာလျှင် Stock Exchange မှာ ဝယ်ခွင့် ရောင်းခွင့်ရရှိမှာပါ…… ကိုယ်လို ချင်တဲ့ Company ရဲ့ အစုရှယ် ကို ဝယ်ယူလိုလျှင် Stock Exchage Service ကနေတစ်ဆင့် Company က သော်လည်းကောင်း…… အခြား ဝယ်ထားတဲ့ သူဆီက တစ်ဆင့် သော် လည်းကောင်း ဝယ်ယူနိုင်ပါတယ်……ြ့ပန်ရောင်းချင်ရင်လည်း အဲ့သည့်အတိုင်းပါပဲ…… Company ရဲ့ ဖွံဖြိုးတိုးတက်မှု အနာဂတ် ပေါ် မှုတည်ပြီး အစုရှယ်ယာ ယူနစ်တွေရဲ့ ဈေးတွေက တက်လာမှာပဲ ဖြစ်ပါတယ်…… Company က အရှုံးပေါ် နေပြီး ရှယ်ယာဈေး က မြင့်တက်နေတာလည်း ဖြစ်နိုင်ပါသေးတယ်… Company က နောက် ဘာတွေလုပ်မယ်, အစိုးရ ဥပဒေ အပြောင်းလဲ, သဘာဝ ပတ်ဝန်းကျင်, ဝယ်လိုအားရောင်းလိုအားနဲ့ အခြားအချက် တွေပေါ် မှုတည်ပြီး စတော့ ရှယ်ယာ ဈေး အတက်ကျ ဖြစ်နေမှာပါ…… အစုရှယ်ယာ ယူနစ်တွေ ကို ဝယ်ယူပြီး ပြန်လည် ရောင်းချ တာကိုတော့ Stock Exchange ကစားတယ်. အရောင်းဝယ်လုပ်တယ် လို့ သတ်မှတ်လို့ရပါတယ်…… Stock ဈေးကွက်မှာ ဝယ်ရောင်း လုပ်ရာက ရလာတဲ့ Capital Gain ကိုတော့ ဝယ်ရောင်း လုပ်တဲ့သူတွေကပဲ ရရှိမှာပါ…… မြန်မာပြည် Stock ဈေးကွက်အနေနဲ့ ကတော့ အောက်တိုဘာလ ၉ရက်နေ့မှာ စတင်ဖွင့်လှစ်ပါသည်……သိုသော် ၂၀၁၆ မတ်လမှသာ စတင်ရောင်းဝယ်နိုမည်ဟု သိရသည်... Credit - ကိုရိုးရာ(YSX) ၏ ရေးသားဖော်ပြမှုကို အယ်ဒီတာချုပ်မှ ပြန်လည်မျှဝေဖော်ပြပေးလျှက်။
-------------------------------------------------------------------------------------------------------------
မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့
မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်
www.entrepreneursme.com (www.esmemm.com)
မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း
Myanmar Entrepreneur SME Institute (MESI)
မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။
ESME Logo
Standard Post with Image
ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ရှုခြင်း အတတ်ပညာ။
08 Aug 2016 Thet Tun Oo Stock Exchange 3407
ကုမ္ပဏီတစ်ခု၏ ရှယ်ယာဝယ်ယုရန် စတော့ပွဲစာထံမှ အကြံဥာဏ်များ ရယူခြင်း မပြုမီ သင် ၀ယ်ယူလိုသော ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာကို မလွတ်တမ်း ဖတ်ရှုပြီး ယင်းကုမ္ပဏီ၏ လုပ်ငန်းသဘာဝနှင့်
ရှေ့ အလားအလာများကို ဦးစွာ လေ့လာသင့်ပါသည်။ ထပ်မံ သတိရစေရန် ပြောရပါလျှင် ကုမ္ပဏီတစ်ခု၏ ရှယ်ယာ မ၀ယ်ယူမီ ၄င်း၏&n... More
Standard Post with Image
How to Stock Pricing စတော့ရှယ်ယာဈေးနှုန်းကိုဘယ်လိုဖတ်ရမလဲ
08 Jun 2016 Thet Tun Oo Stock Exchange 2692
စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ။
စတော့ဈေးနှုန်းနှင့် ၄င်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက် ရန် အလွန် လွယ်ကူပါသည်။ ဥပမာပြ၍ရှင်းလင်းလိုသဖြင့် အောက်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို ရေးစွဲပေး ထားပ... More
Standard Post with Image
Stock-Share Intro- စတော့ရှယ်ယာ မိတ်ဆက်
08 Jun 2016 Thet Tun Oo Stock Exchange 3750
Stock-Share Intro - စတော့ရှယ်ယာ မိတ်ဆက်
Stock-Share - စတော့ရှယ်ယာ ရဲ့ အခြေခံကြောရိုး
မြန်မာနိုင်ငံ Stock Share ပေါ်ပေါက်လာပြီး Capitalism (အရင်းအနှီးဈေးကွက်) ဖော်ဆောင်မှုပုံစံဖြင့် စီးပွားရေးစနစ်တွေ ပိုမိုကောင်းမွန်လာပါတယ်။ Stock ကို အများပြည်သူနားလည်နိုင်ဖို့ဆ... More
Standard Post with Image
KBZ SC Security မှရန်ကုန်စတော့အိတ်ချိန်းတွင် လုပ်ငန်းများစတင်ရန်ရှင်းလင်းမိတ်ဆက်ပွဲကျင်းပ
08 Jun 2016 Entrepreneur SME Stock Exchange 412
မြန်မာနိုင်ငံ၌ပထမဆုံးဖွင့်လှစ်လိုက်သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံမှ ကမ္ဘောဇကုမ္ပဏီများအုပ်စုနှင့် စင်္ကာပူနိုင်ငံStirling Coleman Securities Co., Ltd. တို့ အကျိုးတူပူးပေါင်းထားသည့် KBZ Stirling Coleman Securities Co., Ltd. (KBZ SC Securities) ၏ လုပ်ငန်းစဉ်များမိတ်ဆက်ပွဲကို ဒီဇင်ဘာလ၁၅ရက... More
Standard Post with Image
3 Types of Stock Exchange - စတော့ရှယ်ယာ အမျိုးအစား ၃-မျိုး
08 Jun 2016 Thet Tun Oo Stock Exchange 459
လက်ရှိမြန်မာ့စီးပွားရေး အလားအလာမှာ ခေတ်ရှေ့ပြေးလာတဲ့ Stock Exchange ဆိုတာကတော့ Economic System (စီးပွားရေးစနစ်) များထဲမှ တစ်ခုဖြစ်တဲ့ Market Capitalism (ဈေးကွက်အရင်းအနှီးစနစ်) ပုံစံမျိုးဖြစ်ပါတယ်။ စတော့ကို ရင်းနှီးမြုပ်နှံမှုဆောင်ရွက်ရာမှာ စတော့အမျိုးအစားများကို သိဖို့ ဆိုတာအရေးကြီးလာပါတယ်။ Stock... More
Standard Post with Image
Yangon Stock Exchange - ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲ မှတ်တမ်းများ
08 Jun 2016 Entrepreneur SME Stock Exchange 463
စတော့အိတ်ချိန်းကို ဒုတိယသမ္မတဦးဥာဏ်ထွန်းမှ 9th December 2015 တွင်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် Yangon Stock Exchange (YSE) တွင်ရှယ်ယာရောင်းချခွင့်ရသော ကုမ္ပဏီ (၆-ခု) စာရင်းကို စတင်မိတ်ဆက်ပေးခဲ့သည်။
Reviewed by MP4 YoU
on
April 12, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment