CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 12, 2017
ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ရှုခြင်း အတတ်ပညာ။
ကုမ္ပဏီတစ်ခု၏ ရှယ်ယာဝယ်ယုရန် စတော့ပွဲစာထံမှ အကြံဥာဏ်များ ရယူခြင်း မပြုမီ သင် ၀ယ်ယူလိုသော ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာကို မလွတ်တမ်း ဖတ်ရှုပြီး ယင်းကုမ္ပဏီ၏ လုပ်ငန်းသဘာဝနှင့်
ရှေ့ အလားအလာများကို ဦးစွာ လေ့လာသင့်ပါသည်။ ထပ်မံ သတိရစေရန် ပြောရပါလျှင် ကုမ္ပဏီတစ်ခု၏ ရှယ်ယာ မ၀ယ်ယူမီ ၄င်း၏ နှစ်ပတ်လည် အစီရင်ခံစာကို ဦးစွာဖတ်ရှုပါ။ ယင်း အစီရင်ခံစာထဲမှ ဦးစားပေး ဖတ်ရှုသင့်သည့် အချက်များကိုလည်း အစဉ်တကျ မှတ်သားထားရပါမည်။
စာရင်းစစ် အစီရင်ခံစာ
ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာတိုင်းတွင် စာရင်းစစ် အစီရင်ခံစအခန်းတစ်ခု ပါဝင်လေ့ရှိပါသည်။
ယင်း လွတ်လပ်သည့် ပြင်ပ စာရင်း စစ်အဖွဲ့ က ကုမ္ပဏီမှ ရေးဆွဲထားသည့် စာရင်းများမှာ စာ၇င်းကိုင် စာရင်းစစ်စံများနှင့် ညီညွတ်စွာ ရေးဆွဲထားခြင်း ရှိ မရှိကို အစီရင်ခံပါ လိမ့်မည်။
အဆိုပါ စာရင်းစစ် အစီရင်ခံစာထဲတွင် တစ်ခါတရံ Subject to ဟူသော စကားလုံးကို မြင်တွေ့ ရတက်ပါတယ်။
ယင်းအဓိပ္ပာယ်မျာ နောက်ခံအကြောင်းတစ်ခုခုအရသာ ကိစ္စရပ်တစ်ခုခုကို လိုက်နာရသည် ဆိုသည့် အဓိပ္ပာယ်ဖြစ်ပြီး ဤစကားလုံးသည် ၀ယ်ယူသူများအနေနှင့် သတိထားရန် အချက်ပြခြင်းဖြစ်သည်။
ဥက္ကဋ္ဌ၏ တင်ပြချက်
ကုမ္ပဏီ နှစ်ပတ်လည်အစီရင်ခံစာ၏ အရှေ့ ဆုံးတွင် ကုမ္ပဏီဥက္ကဋ္ဌ၏ ကြေညာချက်/တင်ပြချက်ကို မြင်တွေ့ ရမည်ဖြစ် ပြီး ယင်းတွင် ကုမ္ပဏီ၏ ပြီးခဲ့သည့်နှစ်အတွင်း ကုမ္ပဏီ၏ စွမ်းဆောင်ချက်များနှင့်လာမည့် အနာဂတ်တွင် ဆောင်ရွက်မည့် အချက်များ ဖြစ်သည့် လုပ်ငန်းအသစ်ချဲ့ထွင်မူများ၊ ကုမ္ပဏီ၏ ခွဲခြမ်းစိတ်ဖြာမှုများ စသည့်တို့ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
ဤဥက္ကဋ္ဌ အစီရင်ခံစာတွင်လည် “Despite the ---“ သို့မဟုတ် “Except for ---“ အစရှိသော မတင်မကျ သုံးထားသည့် စကားလုံးများ ပါ မပါကိုလည်း သတိထားကြည့်ရန် လိုအပ်မည် ဖြစ်ပါသည်။
ဤအချက်များသည် ကုမ္ပဏီအနေဖြင့် ပြသနာ တစ်စုံတစ်တစ်ရာ ရင်ဆိုင်နေရကြောင်း ညွန်းပြနေသည့် စကားလုံးတစ်ခုဖြစ်ပါသည်။
အရောင်အ၀ယ် အရှုံးအမြတ်စာရင်း
ကုမ္ပဏီ၏ နှစ်ပတ်လည် အရောင်းအ၀ယ် အရှုံအမြတ်စာရင်းတွင် ၀င်ငွေနှင့် အမြတ်ငွေ တိုးတက်လာမူ တစ်ခုတည်းကိုကြည့် ရ်ျ ကုမ္ပဏီအလားအလာကောင်းသည်၊ အနာဂတ်အတွက် စိတ်ချရသည်ဟု အထင်မှတ်စေလိုပါ။ ကုမ္ပဏီ၏ အသုံးစာရိတ် အမျိုးမျိုးကို လေ့လာကြည့်သင့်ပါသည်။ ရောင်းအား တက်လာသည် မှန်သော်လည်း ရောင်းကုန်တန်ဖိုး (cost of goods sold) အခြေအနေက မည်မျှ ရှိနေသနည်းဆိုသည်ကိုလည်း ခွဲးခြမ်း စိတ်ဖြာသင့်ပါသည်။ အကယ်ရ်ျ ရောင်းကုန်တန်ဖိုးများ မြင့်တက်လာလျှင် အမြတ်ငွေ ကျန်ရှိမူ မာဂျင် နည်းသွားကာ ကုမ္ပဏီ၏ နှစ်ကုန် အမြတ်ငွေမှာလည်း လျော့ကျသွာနိုင်ပါသည်။
လက်ကျန်ရှင်းတမ်း
ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်း (balance sheet) သည် ကုမ္ပဏီ၏ ခိုင်မာမူ၊ ကြွေးဆပ်နိုင်မူ အင်အားကို ပြသသောစာရင်ဖြစ်ပါသည်။ ကြွေးဆပ်နိုင်အား (solvency) သည်လည်း ကုမ္ပဏီဘဏ္ဍာရေး
တောင့်တင်းမူ အခြေအနေကို ဖော်ပြသည့် ကိန်းတစ်ခု ဖြစ်ပြီး အကယ်ရ်ျ ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန် အချိန်စေ့ပါက ကျေလည်စွာပြန်လည် ပေးဆပ်နိုင်သည် ဆိုသော အနေအထားကို ဖော်ပြခြင်း ဖြစ်ပါသည်။
ဤကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်းကို ဖတ်ရှုရင်း သင့်အနေနှင့် ကုမ္ပဏီအပေါ် အတွေးသစ် အမြင်သစ်များကို ခံစားနိုင်ပါသည်။
အသားတင်လှည့်လည်နေသော ငွေကြေးပမာဏ
ဤကိန်းဂဏန်းကို ကုမ္ပဏီ၏ လက်ငင်း ရပိုင်ခွင့် တန်ဖိုး (current assets) မှ လက်ငင်းပေးရန်တာဝန် (current assets) မှ လက်ငင်းပေးရန်တာဝန် (current liability) ကို နုတ်ခြင်းမှ ရရှိပါသည်။ ဤကိန်းဂဏန်းမှာ အရေးပါသည့် ကိန်းဂဏန်းတစ်ခုဖြစ်ပြီး ယင်းက ကုမ္ပဏီ၏ လုပ်ငန်းများကို ဆောင်ရွက်ရန် လှည့်လည်ငွေကြေးမည်မျှ ရှိနေသည်ကို ဖော်ပြခြင်းဖြစ်ပါသည်။ ဤကိန်းဂဏန်းကြီးလေလေ ကုမ္ပဏီအနေနှင့် ချေးငွေများ၊ အကြွေးများ ရယူ လည်ပတ်ရမည့် အခွင့်အလမ်း နည်းလေလေဖြစ်ပါသည်။
သို့ရာတွင် ကုမ္ပဏီ၏ လှည့်လည်နေသော ငွေကြေးပမာဏ အနည်းအများမှာ ကုမ္ပဏီတစ်ခုစီ၏ လုပ်ငန်းသဘာဝနှင့် အရွယ်အစားအပေါ်တွင် မူတည်ပါသည်။ သို့အတွက် ဤကိန်းဂဏန်းကို လေ့လာလိုပါကလုပ်ငန်း အမျိုးအစား တူရာ ပြိုင်ဘက်ကုမ္ပဏီ တစ်ခုခုနှင့် နှိုင်းယှဉ်လေ့လာရမည်ဖြစ်ပါသည်။
-------------------------------------------------------------------------------------------------------------
မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့
မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်
www.entrepreneursme.com (www.esmemm.com)
မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း
Myanmar Entrepreneur SME Institute (MESI)
မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။
Writer: ဆရာသက်ထွန်ဦး
http://www.entrepreneursme.com/article-detail/3194
ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ရှုခြင်း အတတ်ပညာ။
Reviewed by MP4 YoU
on
April 12, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment