CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 12, 2017
စတော့ ရှယ်ယာ Intro
၇င်းနှီးမြုပ်နှံမှူ စတော့ ဈေးကွက် ဆိုလျှုင်လူအများ ထင်ထား တာက ငွေ အများကြီး ရှိမှ ဖြစ်မယ် တစ်ချို့  ကလဲ ငါ့ မှာ ရင်းနှီးဖို့ ငွေ အများကြီး မှ မရှိတာ ဘယ်လို ရင်းနှီးမြုပ်နှံပြီး စီးပွားရှာ မလဲ လို့ ဆိုတယ်။
ကမ္ဘာ့ အချမ်းသာ ဆုံး စာရင်းဝင် တစ်ယောက်ဖြစ် တဲ့  Warren E. Buffett က 1956 မှာ ငွေ 100 နဲ့  စတော့ ရှယ်ယာ စတင် ခဲ့ ပြီး ယခု လက်ရှိ သူ့ ရဲ့ ပိုင်ဆိုင်မှူ က ဘီလီယံ 40 ကျော် ထိအောင်မြင်ခဲ့ တယ်။
လူဦးရေ 53 သန်းကျော် ရှိတဲ့ မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ အကြွေး က 11 ဘီလီယံ ရှိချိန် မှာ သူဋ္ဌေး တစ်ယောက် ရဲ့ တစ်ဦး တည်း ပိုင်ဆိုင်မှူ က 40 ဘီလီယံ ဆိုတာ အံသြ ချီးကျူးစရာ လို့ ကျွန်တော် မြင် ပါတယ်။
စတော့ ရှယ်ရာ ဈေးကွက် မှာ သဘော တရားနဲ့ နည်းပညာ ကို သိသူများ အတွက် အနာဂတ် ဘ၀ ခိုင် လုံအောင် ငွေရှာပေးနိုင်တယ် ဆို တာ အမေရိကန် လူထု ရဲ့ လူနေမှူ စတိုင် က သက်သေပြနေပါတယ်။
2005 ရဲ့ ဆောင်းရာသီ တစ်ခု မှာ Warren Buffett ကို ကျောင်း အင်တာဗျူး တစ်ခု မှာ ကျောင်းသား တစ်စု က ဘယ်လို ဈေးကွက် အခြေအနေ မှာ ရင်းနှီးမြုပ်နှံ ဖို့ အကောင်းဆုံး လဲ လို့ မေးတော့ သူ က ” most of the time, are appropriate” လို့ ဖြေခဲ့ တယ်။
စတော့ရှယ်ယာ ဆို တာ ဈေးကွက် မှာ ကိုယ်ကြိုက် တဲ့ ကုမွဏီ ကို သဘောတွေ့ ယုံ နဲ့ ခန့် မှန်း ပြီး ၀ယ်တာမျိုး မဟုတ်ပဲ သေချာ analysis လုပ်ပြီး ၀ယ် ရင် undervalued stock လို့ ခေါ်တဲ့ ဈေးတန် တဲ့  စတော့ တစ်ခု တည်း နဲ့ တင် သင့် ကို ချမ်းသာအောင် လုပ်ပေးနိင်တယ် လို့ ဆိုခဲ့ တယ်။
စတော့ ရှယ်ယာမှာ လောင်းကစား လုပ်သလို ထင်ရာ ကို ခန့်မှန်းပြီး ၀ယ်တဲ့ ရင်းနှီးမြုပ်နှံ သူများ ရှူံးကြတာ ကို ကြားဖူး မှာပါ။ အချို့  ကလဲ short term ၇ည်ရွယ်ချက် နဲ့ Risk များတဲ့ company ကို ၀ယ်ပြီး သေ ရင်မြေ ကြီး ရှင်ရင် ရွေထီး လုပ်ကြ တဲ့ သူ ရှိသလို long term နဲ့ သေချာ တွက်ချက်ဆုံးဖြတ် ပုံမှန်ဝင်ငွေ ရရှိပြီး တိုးတက် ကြီးပွားအောင်မြင်နေသူ ကလဲ ဒုနဲဒေးပါပဲ၊
အမှန် တစ်ကယ်တော့ ကျွန်တော့ အမြင်ပြောရရင် အချိန် အနည်းပေးပြီး လေ့လာ၊ သေချာ နည်းပညာ နဲ့ Analysis လုပ်ပြီး investment လုပ်မယ် ဆို ရင် စတော့ ရှယ်ယာ ဆိုတာ အောင်မြင် တိုးတက်လို ၊ ကြီးပွား ချမ်းသာ လို တဲ့ လူငယ်များ အတွက် စီးပွားရေး လမ်းကြောင်း တစ်ခု ဆိုရင် မမှားပါဘူး။
စတော့ ရှယ်ရာ ရဲ့ ဈေး အတက်အကျ ဆိုတာ ကုမ္မဏီ ရဲ့  fundamental အချက် အလက်တွေပေါ်မှာ အများကြီး မှူတည်နေပါတယ်။ ရှယ်ယာ တစ်ခု ကို မ၀ယ်ခင်မှာ ကုမွဏီ ရဲ့ performance ကို သေချာ valuation လုပ်ဖို့ လိုပါတယ်။
ထိုသို့ လုပ်ရန် ကျွန်တော် နောက်ပိုင်း မှာ သင်ပြတဲ့ နည်းပညာများ က အရေးပါသလို ၊ သူများ ရောင်းရင် လိုက်ရောင်းပြီး သူများ ၀ယ်ရင် လိုက်ဝယ် တဲ့ အများနောက်လိုက် မဖြစ် ဖို့ နဲ့ emotional မဖြစ်ဖို့  ဆိုတာလဲ အရေးကြီး ပါတယ်။
Shweaeimsi Samsung Aeimsi created a doc in the group
၁၄။ငွေကြေး၊ စာရင်း စီမံခန့် ခွဲရေး.
စတော့ ရှယ်ယာ Intro
Reviewed by MP4 YoU
on
April 12, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment