Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

အခွန်ကောက်ခံရရှိမှု လျာထားချက်ထက်ကျော်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း အခွန် ကောက်ခံရရှိမှုသည် လျာထားချက်ထက် ကျော်လွန်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

လျာထားချက်မှာ ကျပ်ဘီလီယံ ၆၆၈ ဖြစ်ပြီး ကျပ်ဘီလီယံ ၇၅၀ ကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကောက်ခံရမှုအောက် ကျပ် ဘီလီယံ ၂၅၀ ခန့် ကောက်ခံ ရရှိမှုပမာဏ လျော့ကျကြောင်း ယင်းဌာနထံမှ သိရသည်။

“ကျွန်တော်တို့ ဒီနှစ် ၁၁၂ ရာခိုင်နှုန်းအထိ ကောက်ခံနိုင်ခဲ့တယ်။ လျာထားချက်ထက်လည်း ကျော်ခဲ့ပါတယ်”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန လက်အောက်မှ ကောက်ခံသည့် အခွန် အမျိုးအစားများကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ်ဆိုင်ရာ အခွန်ရုံးများကို လွှဲပြောင်းပေးဆောင်ခွင့် ပြုထားခြင်းကြောင့် အခွန်လျာထားချက် နည်း၍ ရရှိမှု လျော့နည်းသွားခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် အထူး ကုန်စည်ခွန် အမျိုးအစားတစ်ခု တိုးမြှင့်ကောက်ခံနိုင်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကျပ် ၉၉၄ ဘီလီယံကျော် ကောက်ခံရန် လျာထားခဲ့ပြီး ကျပ်ဘီလီယံ ၁၀၀၀ ကျော် ကောက်ခံရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။  

The Voice
http://thevoicemyanmar.com/news/7616-tax

No comments:

Post a Comment