Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 27, 2017

ကုသိုလ္ စံုေအာင္ လုပ္ပါ




ေနာင္တ ဆိုသည္မွာ အကုသိုလ္ စိတ္ ဟု ဆရာေတာ္မ်ား ေဟာၾကားသည္ကိုမွတ္သားနာယူဖူးပါသည္။
အကုသိုလ္ ျပုသူသည္ ေနာင္တ ရမည္မွာမလြဲေပ။

သို ့ေသာ္ ကုသိုလ္ ျပဳ၍ ေနာင္တ ရသူ လည္းရွိ၏။

မည္ကဲ့သို ့ ေနာင္တ ရပါမည္လဲ??????????

အခါတပါးျမတ္စြာဘုရားထံေတာ္သို ့ (၉)မ်ိဳးေသာ နတ္တို့သည္ စုရံုးေရာက္ရွိလာ၍
၎တို့ ၏ ကုသိုလ္ေၾကာင့္ ျဖစ္ရေသာ ေနာင္တ ကို ေလွ်ာက္တင္ၾကေလ၏။

(၁) အရွင္ဘုရားတပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကို ရွိခိုးေနရာေပးေသာ္လည္း ခရီးဦးၾကိဳျခင္းမရွိခဲ့ပါ
ထို ့ေၾကာင့္ နိမ့္က်ေသာ ဘံုဘ၀ ကို ရၾကပါတယ္ ဘုရား။

(၂)အရွင္ဘုရား တပည့္ေတာ္တို ့ဟာ သံဃာေတာ္မ်ားကိုခရီးဦးၾကိဳေသာ္လည္း ေနရာေပးေသာ္လည္း
ရွိခိုး ျခင္း မျပဳခဲ့မိပါဘုရား။ ထို ့ေၾကာင့္ ဘံုဘ၀ နိမ့္က်ျခင္းျဖစ္ပါတယ္ ဘုရား။

(၃)အရွင္ဘုရားတပည့္ေတာ္တို ့ဟာ သံဃာေတာ္မ်ားကို ခရီးဦးၾကိဳျခင္း ရွိခိုးျခင္းျပဳေသာ္လည္း
ေနရာထိုင္ခင္း မေပးခဲ့မိပါဘုရား။ ထို ့ေၾကာင့္ နိမ့္က်ေသာ ဘံုဘ၀ ကို ရျခင္းျဖစ္ပါတယ္ ဘုရား။

(၄)အရွင္ဘုရား တပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကို ခရီးဦးၾကိဳျခင္း။ရွိခိုးျခင္း။ေနရာထိုင္ခင္းေပးျခင္းကို
ရြက္ေဆာင္ခ့ဲေသာ္လည္း စြမ္းနိုင္သေလာက္ မလွ ူခဲ့ပါဘုရား။ထို့ေၾကာင့္ နိမ့္က်ေသာ ဘံုဘ၀ ကိုရျခင္း
ျဖစ္ပါတယ္ ဘုရား။

(၅)အရွင္ဘုရား တပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကိုခရီးဦးၾကိဳျခင္း။ရွိခိုးျခင္း။ေနရာထိုင္ခင္းေပးျခင္း။
စြမ္းနိုင္သေလာက္ လွ ူဒါန္းျခင္းမ်ား ျပဳခဲ့ေသာ္လည္းတရားေတာ္ကိုနာၾကားျခင္းမျပဳခဲ့ပါဘုရား။
ထို ့ေၾကာင့္ ဘံုဘ၀ နိမ့္က် ျခင္းျဖစ္ပါတယ္ ဘုရား။

(၆) အရွင္ဘုရား တပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကိုခရီးဦးၾကိဳျခင္း။ရွိခိုးျခင္း။ေနရာထိုင္ခင္းေပးျခင္း။ စြမ္းနိုင္သေလာက္ လွ ူဒါန္းျခင္း ။တရားေတာ္ကိုနာၾကားျခင္းမ်ား ျပဳခဲ့ေသာ္လည္း ထိုတရားေတာ္ကို
ေသခ်ာနားစိုက္၍နာၾကားျခင္းမ်ား မရွိခဲ့ပါဘုရား ။ထို ့ေၾကာင့္ ဘံုဘ၀ နိမ့္က်ျခင္း ျဖစ္ရပါတယ္ဘုရား။

(၇)အရွင္ဘုရား တပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကိုခရီးဦးၾကိဳျခင္း။ရွိခိုးျခင္း။ေနရာထိုင္ခင္းေပးျခင္း။ စြမ္းနိုင္သေလာက္လွ ူဒါန္းျခင္း။တရားေတာ္ကိုနာၾကားျခင္း။ေသခ်ာနားစိုက္နာၾကားျခင္း။
ျပဳခဲ့ေသာ္လည္း မွတ္သား ေဆာင္ထားျခင္း မရွိခဲ့ပါ ဘုရား။
ထို ့ေၾကာင့္ ဘံုဘ၀ နိမ့္က်ရျခင္းျဖစ္ပါတယ္ ဘုရား။

(၈) အရွင္ဘုရား တပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကိုခရီးဦးၾကိဳျခင္း။ရွိခိုးျခင္း။ေနရာထိုင္ခင္းေပးျခင္း။ စြမ္းနိုင္သေလာက္လွ ူဒါန္းျခင္း။တရားေတာ္ကိုနာၾကားျခင္း။ထုိတရားေတာ္ကိုေသခ်ာ
နားစိုက္နာၾကားျခင္း။ မွတ္သားေဆာင္ထားျခင္းမ်ား ျပဳခဲ့ေသာ္လည္းတရားေတာ္မ်ားကိုစဥ္းစားဆင္ျခင္
ျခင္း မျပဳခဲ့မိပါဘုရား။ထို့ေၾကာင့္ ဘံုဘ၀ နိမ့္က်ျခင္းပါဘုရား။

(၉) အရွင္ဘုရား တပည့္ေတာ္တို ့ဟာသံဃာေတာ္မ်ားကိုခရီးဦးၾကိဳျခင္း။ရွိခိုးျခင္း။ေနရာထိုင္ခင္းေပးျခင္း။ စြမ္းနိုင္သေလာက္လွ ူဒါန္းျခင္း။တရားေတာ္ကိုနာၾကားျခင္း။ထုိတရားေတာ္ကိုေသခ်ာနားစိုက္နာၾကား
ျခင္း။မွတ္သားေဆာင္ထားျခင္း။စဥ္းစာဆင္ျခင္ျခင္းမ်ား ျပဳခဲ့ေသာ္လည္း အားမထုတ္ခဲ့မိပါဘုရား။
ထို ့ေၾကာင့္ ဘံုဘ၀ နိ္မ့္က်ေနျခင္းျဖစ္ပါတယ္ ဘုရား ။

အစရွိသျဖင့္ ဘုရားရွင္ကိုယ္ေတာ္ျမတ္အား အသီးသီးေလွ်ာက္ထား ၾကေလသည္။
ထိုနတ္သားတု့ိ၏ ေလွ်ာက္ထားခ်က္ကိုအေၾကာင့္ျပဳ၍ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္က
" ခ်စ္သားတို ့...ကုသိုလ္ျပဳပါက ျပည့္ျပည့္စံုစံု ျဖစ္ေအာင္ ကုသိုလ္ျပဳပါ " ဟူ၍ မိန္ ့ေတာ္မူေလ၏။

++++++

ကုသိုလ္ျပဳသူသည္ ျပည့္ျပည့္စံုစံု ျပဳသင့္လွပါသည္။ အထက္ေဖၚျပပါ အတိုင္း
၁။ခရီးဦးၾကိဳျခင္း
၂။ရွိခိုးျခင္း။
၃။ေနရာထုိုင္ခင္းေပးျခင္း။
၄။စြမ္းနိုင္သေလာက္လွ ူဒါန္းျခင္း။
၅။တ၇ားေတာ္ကုိနာၾကားျခင္း။
၆။ေဟာၾကားေသာတရားေတာ္ကို ေဆာင္ထားမွတ္သားျခင္း။
၇။ထိုတရားေတာ္ကိုအာရံုပ်ံ ့လႊင့္မွ ူမရွိပဲ နာၾကားျခင္း ။
၈။ထိုတရားေတာ္တို ့၏ ဆိုလိုသည့္အဓိပၸါယ္ကို အျပန္ျပန္ အလွန္လွန္ စဥ္းစားဆင္ျခင္ျခင္း။
၉။တရားေတာ္ မွ ညႊန္ျပသည့္အတိုင္း ၾကိဳးစားအားထုတ္ျခင္း.............စသျဖင့္ ျပီးျပည့္စံုေအာင္
ရြက္ေဆာင္ ျပဳလုပ္သင့္ပါေၾကာင္း မွတ္သားမိသည့္အႏွစ္သာရ ကို ေရးသားတင္ျပအပ္ပါသည္။
Credit: Myanmar News Updates




#Unicode Version
နောင်တ ဆိုသည်မှာ အကုသိုလ် စိတ် ဟု ဆရာတော်များ ဟောကြားသည်ကိုမှတ်သားနာယူဖူးပါသည်။
အကုသိုလ် ပြုသူသည် နောင်တ ရမည်မှာမလွဲပေ။

သို့သော် ကုသိုလ် ပြု၍ နောင်တ ရသူ လည်းရှိ၏။

မည်ကဲ့သို့ နောင်တ ရပါမည်လဲ??????????

အခါတပါးမြတ်စွာဘုရားထံတော်သို့ (၉)မျိုးသော နတ်တို့သည် စုရုံးရောက်ရှိလာ၍
၎င်းတို့ ၏ ကုသိုလ်ကြောင့် ဖြစ်ရသော နောင်တ ကို လျှောက်တင်ကြလေ၏။

(၁) အရှင်ဘုရားတပည့်တော်တို့ဟာသံဃာတော်များကို ရှိခိုးနေရာပေးသော်လည်း ခရီးဦးကြိုခြင်းမရှိခဲ့ပါ
ထို့ကြောင့် နိမ့်ကျသော ဘုံဘ၀ ကို ရကြပါတယ် ဘုရား။

(၂)အရှင်ဘုရား တပည့်တော်တို့ဟာ သံဃာတော်များကိုခရီးဦးကြိုသော်လည်း နေရာပေးသော်လည်း
ရှိခိုး ခြင်း မပြုခဲ့မိပါဘုရား။ ထို့ကြောင့် ဘုံဘ၀ နိမ့်ကျခြင်းဖြစ်ပါတယ် ဘုရား။

(၃)အရှင်ဘုရားတပည့်တော်တို့ဟာ သံဃာတော်များကို ခရီးဦးကြိုခြင်း ရှိခိုးခြင်းပြုသော်လည်း
နေရာထိုင်ခင်း မပေးခဲ့မိပါဘုရား။ ထို့ကြောင့် နိမ့်ကျသော ဘုံဘ၀ ကို ရခြင်းဖြစ်ပါတယ် ဘုရား။

(၄)အရှင်ဘုရား တပည့်တော်တို့ဟာသံဃာတော်များကို ခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်းကို
ရွက်ဆောင်ခဲ့သော်လည်း စွမ်းနိုင်သလောက် မလှ ူခဲ့ပါဘုရား။ထို့ကြောင့် နိမ့်ကျသော ဘုံဘ၀ ကိုရခြင်း
ဖြစ်ပါတယ် ဘုရား။

(၅)အရှင်ဘုရား တပည့်တော်တို့ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။
စွမ်းနိုင်သလောက် လှ ူဒါန်းခြင်းများ ပြုခဲ့သော်လည်းတရားတော်ကိုနာကြားခြင်းမပြုခဲ့ပါဘုရား။
ထို့ကြောင့် ဘုံဘ၀ နိမ့်ကျ ခြင်းဖြစ်ပါတယ် ဘုရား။

(၆) အရှင်ဘုရား တပည့်တော်တို့ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက် လှ ူဒါန်းခြင်း ။တရားတော်ကိုနာကြားခြင်းများ ပြုခဲ့သော်လည်း ထိုတရားတော်ကို
သေချာနားစိုက်၍နာကြားခြင်းများ မရှိခဲ့ပါဘုရား ။ထို့ကြောင့် ဘုံဘ၀ နိမ့်ကျခြင်း ဖြစ်ရပါတယ်ဘုရား။

(၇)အရှင်ဘုရား တပည့်တော်တို့ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှ ူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။သေချာနားစိုက်နာကြားခြင်း။
ပြုခဲ့သော်လည်း မှတ်သား ဆောင်ထားခြင်း မရှိခဲ့ပါ ဘုရား။
ထို့ကြောင့် ဘုံဘ၀ နိမ့်ကျရခြင်းဖြစ်ပါတယ် ဘုရား။

(၈) အရှင်ဘုရား တပည့်တော်တို့ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှ ူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။ထိုတရားတော်ကိုသေချာ
နားစိုက်နာကြားခြင်း။ မှတ်သားဆောင်ထားခြင်းများ ပြုခဲ့သော်လည်းတရားတော်များကိုစဉ်းစားဆင်ခြင်
ခြင်း မပြုခဲ့မိပါဘုရား။ထို့ကြောင့် ဘုံဘ၀ နိမ့်ကျခြင်းပါဘုရား။

(၉) အရှင်ဘုရား တပည့်တော်တို့ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှ ူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။ထိုတရားတော်ကိုသေချာနားစိုက်နာကြား
ခြင်း။မှတ်သားဆောင်ထားခြင်း။စဉ်းစာဆင်ခြင်ခြင်းများ ပြုခဲ့သော်လည်း အားမထုတ်ခဲ့မိပါဘုရား။
ထို့ကြောင့် ဘုံဘ၀ နိမ့်ကျနေခြင်းဖြစ်ပါတယ် ဘုရား ။

အစရှိသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား အသီးသီးလျှောက်ထား ကြလေသည်။
ထိုနတ်သားတု့ိ၏ လျှောက်ထားချက်ကိုအကြောင့်ပြု၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
" ချစ်သားတို့...ကုသိုလ်ပြုပါက ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကုသိုလ်ပြုပါ " ဟူ၍ မိန့်တော်မူလေ၏။

++++++

ကုသိုလ်ပြုသူသည် ပြည့်ပြည့်စုံစုံ ပြုသင့်လှပါသည်။ အထက်ဖေါ်ပြပါ အတိုင်း
၁။ခရီးဦးကြိုခြင်း
၂။ရှိခိုးခြင်း။
၃။နေရာထိုင်ခင်းပေးခြင်း။
၄။စွမ်းနိုင်သလောက်လှ ူဒါန်းခြင်း။
၅။တရားတော်ကိုနာကြားခြင်း။
၆။ဟောကြားသောတရားတော်ကို ဆောင်ထားမှတ်သားခြင်း။
၇။ထိုတရားတော်ကိုအာရုံပျံ့လွှင့်မှ ူမရှိပဲ နာကြားခြင်း ။
၈။ထိုတရားတော်တို့၏ ဆိုလိုသည့်အဓိပ္ပါယ်ကို အပြန်ပြန် အလှန်လှန် စဉ်းစားဆင်ခြင်ခြင်း။
၉။တရားတော် မှ ညွှန်ပြသည့်အတိုင်း ကြိုးစားအားထုတ်ခြင်း.............စသဖြင့် ပြီးပြည့်စုံအောင်
ရွက်ဆောင် ပြုလုပ်သင့်ပါကြောင်း မှတ်သားမိသည့်အနှစ်သာရ ကို ရေးသားတင်ပြအပ်ပါသည်။
Credit: Myanmar News Updates

No comments:

Post a Comment