
ဂျပန်နိုင်ငံပန်းပွဲတော် သွားရမည်ဆိုကာ လူ၂၀၀၀နီးပါးကို အွန်လိုင်းကနေငွေလိမ်တဲ့ အမျိုးသမီးကိုဖမ်းဆီးအရေးယူမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွား
၁၂.၄.၂၀၁၇
ထိုင်းနိုင်ငံသား လူ၂၀၀၀ နီးပါးကို ဂျပန်နိုင်ငံ အိုဆာကာက ဆာကူရာ ပန်းပြပွဲ သွားဖို့ ခရီးသွား ကုပ္မဏီ နံမည်အတုသုံးပြီး ငွေလိမ်ယူခဲ့တဲ့ ထိုင်းအမျိုးသမီး စီစန်ချုံရုံ ဆိုသူကို ရနောင်းခရိုင် ရဲတပ်ဖွဲ့ ကဖမ်းမိသွားခဲ့ပြီဖြစ်ပါတယ်။
ဂျပန်ခရီးစဉ်အတွက် သူမချိန်းထားတဲ့ နေ့ မှာ ဘန်ကောက်က သုဝဏဘူမိလေဆိပ်ကို ရာပေါင်းများစွာ ရောက်နေခဲ့ကြပြီး လေယာဉ်ပေါ်တက်ဖို့ လာရောက်တော့မှ
လေယာဉ်ခရီးစဉ်မှာ နာမည်ဘယ်သူမှမပါလို့  တိုင်ချက်ဖွင့်သူပေါင်း ၄၇၀ ရှိပြီး နောက်ထပ်တိုင်ချက်ဖွင့်သူတွေထောင်ချီရှိနေကြောင်း ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
သူမနဲ့ အတူ ပူပေါင်းလိမ်ခဲ့တဲ့ အပေါင်းအပါငါးဦးကိုပါ ဖမ်းဆီးပြီး ဘန်ကောက်ကိုရဟတ်ယာဉ်နဲ့  ခေါ်ဆောင်ခဲ့ပါတယ်။
သူမဟာ အခုလိုပုံစံမျိုးနဲ့  အကြိမ်ကြိမ်လိမ်နေသူဖြစ်ပြီး ဒီတကြိမ်မှာတော့ လူဦးရေအများဆုံး ဖြစ်ပါတယ်။
သူမလိမ်သွားတဲ့ ငွေပမာဏဟာဘတ်သန်းပေါင်း (၃၀)ကျော်ရှိ (ကျပ်သိန်း ၉၀၀၀ ကျော်)တယ်လို့  သိရပါတယ်။
SAW credit by matichon online


