Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 22, 2017
တုပ်ကွေး ကာကွယ်ဆေး အမျိုးအစားသစ် ကို ဖားအရေပြား ပေါ်ရှိ အရိအချွဲ မှ ထုတ်ယူနိုင်ဖွယ်ရှိ
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင်တွေ့ ရလေ့ရှိသည့် Hydrophylax bahuvistara ဖား အမျိုးအစား၏ အရေပြား ပေါ်ရှိ အရိအချွဲ တို့ တွင် တုပ်ကွေး ဗိုင်းရပ် ကူးစက်မှုကို ကာကွယ်နိုင်သည့် ပရိုတိန်း ကိုတွေ့ ရှိခဲ့ပြီးနောက် ၄င်းပရိုတိန်းကို အသုံးပြုကာ တုပ်ကွေး ကာကွယ်ဆေး အမျိုးအစားသစ်ကို
ရဦးမှာပါ။
သိပ်မပြနိုင်တော့တဲ့ နှစ်စဉ်ထုတ် လုပ်မြဲ တုပ်ကွေး ကာကွယ်ဆေး တွေရဲ့ အခက်အခဲကို အများကြီးကူညီပေးနိုင်မှာပါဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ တုပ်ကွေးဗိုင်းရပ်အမျိုးအစားကို ၄င်းဗိုင်းရပ်၏မျက်နှာပြင်ပရိုတိန်းများအလိုက် ပိုင်းခြားသတ်မှတ်ကြောင်း၊ Hemagglutinin ပရိုတိန်းပါရှိသည့်ဗိုင်းရပ် ၁၈ မျိုးရှိပြီး neuraminidase ပရိုတိန်းပါရှိသည့်ဗိုင်းရပ် ၁၁ မျိုး ရှိကြောင်း၊ အတွေ့ ရအများဆုံးဗိုင်းရပ်မှာ H1 ဗားရှင်းဖြစ်ပြီး hemagglutinin နှင့် N1 ဗားရှင်းဖြစ်သည့် Neuraminidase ပရိုတိန်းတို့ ပေါင်းစပ်နေခြင်းဖြစ်ကြောင်း၊ စမ်းသပ်မှုများအရ ဖား ကိုယ်ပေါ်ရှိ အရိအချွဲ မှ ထုတ်ယူရရှိသည့် အမိုင်နိုအက်ဆစ်သည် H1 ပရိုတိန်းကို ကောင်းစွာသုတ်သင်ပစ်နိုင်သည်ကို တွေ့ ရှိ
#Unicode Version
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင်တွေ့ရလေ့ရှိသည့် Hydrophylax bahuvistara ဖား အမျိုးအစား၏ အရေပြား ပေါ်ရှိ အရိအချွဲ တို့တွင် တုပ်ကွေး ဗိုင်းရပ် ကူးစက်မှုကို ကာကွယ်နိုင်သည့် ပရိုတိန်း ကိုတွေ့ရှိခဲ့ပြီးနောက် ၎င်းပရိုတိန်းကို အသုံးပြုကာ တုပ်ကွေး ကာကွယ်ဆေး အမျိုးအစားသစ်ကို
ထုတ်လုပ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ အက်တလန်တာပြည်နယ်ရှိ Emory တက္ကသိုလ်မှ သုတေသီ များက ပြောသည်။
ဖား တွေရဲ့ခန္ဓာကိုယ်အရေပြားဟာ အမြဲချောကျိနေတာကို သတိထားမိပါလိမ့်မယ်။ အဲဒီအရိအချွဲတွေထဲ မှာ မိုက်ခရိုဗက်တီးရီးယားတွေကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့အာနိသင်ရှိတဲ့ ပရိုတိန်းတစ်မျိုးကို တွေ့ရ ပါတယ်။ အဲဒီပရိုတိန်းကိုအသုံးပြုပြီး တုပ်ကွေးကာကွယ်ဆေးကို ထုတ်လုပ်နိုင်မယ်ဆိုရင် နှစ်စဉ် ကမ္ဘာ တစ်ဝန်း လူပေါင်း သန်းတစ်ဝက်ထက်မနည်း သေဆုံးနေရတဲ့ တုပ်ကွေးရောဂါဆိုးကြီးကို အခုထက်ပိုပြီး ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ဖားအရေပြားပေါ်ရှိ အရိအချွဲတို့တွင် အမိုင်နိုအက်ဆစ်များကို အတွဲလိုက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း အမိုင်နိုအက်ဆစ်များသည် တုပ်ကွေးဝေဒနာကိုဖြစ်စေသည့် Influenza A ဗိုင်းရပ်များကို ဖျက်ဆီးသုတ် သင် ပစ်နိုင်ကြောင်း၊ ဗိုင်းရပ်များကို သုတ်သင်ဖျက်စီးနိုင်သော်လည်း လူသားသွေးဥနီဆဲလ်များကိုမူ မည် သို့မှထိခိုက်စေခြင်းမရှိသည်ကိုတွေ့ရကြောင်း။ ထို့ကြောင့် ၎င်းအမိုင်နိုအက်ဆစ်ပရိုတိန်းများကို
အသုံးပြု ကာ တုပ်ကွေးကာကွယ်ဆေးကို ထုတ်လုပ်နိုင်မည်ဟု ယူဆရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောပြ သည်။ တုပ်ကွေးကာကွယ်ဆေးအဆင့်အထိဖြစ်လာဖို့ အဆင့်တွေအများကြီးဖြတ်သန်း
ရဦးမှာပါ။
ဒါပေမယ့် ဒီကာ ကွယ်ဆေးအသစ်က ဆေးယဉ်ပါး ဗက်တီးရီးယား တွေကြောင့် အာနိသင်
သိပ်မပြနိုင်တော့တဲ့ နှစ်စဉ်ထုတ် လုပ်မြဲ တုပ်ကွေး ကာကွယ်ဆေး တွေရဲ့အခက်အခဲကို အများကြီးကူညီပေးနိုင်မှာပါဟု ၎င်းက ထပ်လောင်း ပြောကြားသည်။ တုပ်ကွေးဗိုင်းရပ်အမျိုးအစားကို ၎င်းဗိုင်းရပ်၏မျက်နှာပြင်ပရိုတိန်းများအလိုက် ပိုင်းခြားသတ်မှတ်ကြောင်း၊ Hemagglutinin ပရိုတိန်းပါရှိသည့်ဗိုင်းရပ် ၁၈ မျိုးရှိပြီး neuraminidase ပရိုတိန်းပါရှိသည့်ဗိုင်းရပ် ၁၁ မျိုး ရှိကြောင်း၊ အတွေ့ရအများဆုံးဗိုင်းရပ်မှာ H1 ဗားရှင်းဖြစ်ပြီး hemagglutinin နှင့် N1 ဗားရှင်းဖြစ်သည့် Neuraminidase ပရိုတိန်းတို့ပေါင်းစပ်နေခြင်းဖြစ်ကြောင်း၊ စမ်းသပ်မှုများအရ ဖား ကိုယ်ပေါ်ရှိ အရိအချွဲ မှ ထုတ်ယူရရှိသည့် အမိုင်နိုအက်ဆစ်သည် H1 ပရိုတိန်းကို ကောင်းစွာသုတ်သင်ပစ်နိုင်သည်ကို တွေ့ရှိ
ရ ခြင်း ဖြစ်ကြောင်း သိရသည်။
Credit: ရတနာပုံ သတင်းစာ
No comments:
Post a Comment