Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 22, 2017

အင္ဒီယားနား အထက္တန္းေက်ာင္း တခ်ိဳ႕ ျမန္မာစာ စသင္မယ္

စိတ္ဝင္စားတဲ့ ေက်ာင္းသားတိုင္း ျမန္မာစာနဲ႔ နီးစပ္နိုင္ခြင့္ ရလာမယ္

             
ျမန္မာ ဒုကၡသည္ေတြနဲ႔ ေရႊ႕ေျပာင္း အေျခခ်သူေတြ အမ်ားအျပား ရွိေနတဲ့ အေမရိကန္ ျပည္ေထာင္စု အင္ဒီယာနာ ျပည္နယ္ထဲက အထက္တန္းေက်ာင္း တခ်ိဳ႕မွာ ျမန္မာ ဘာသာစကားကို ဘာသာရပ္ တစ္ခု အေနနဲ႔ စတင္ သင္ၾကား လာေတာ့မွာ ျဖစ္ပါတယ္။

လာမယ့္ ဩဂုတ္လကစလို႔ အစိုးရ စာသင္ေက်ာင္းေတြ ရွိတဲ့ ဖို႔ဒ္ဝိန္းၿမိဳ႕၊ East Allen County နယ္ထဲက ေက်ာင္း ၃ ေက်ာင္းမွာ ျမန္မာစာ ဘာသာရပ္ စတင္ သင္ၾကားနိုင္ဖို႔ သင္ရိုးညႊန္းတမ္းထဲမွာ ျပည္နယ္ အစိုးရက ထည့္သြင္း လိုက္ၿပီလို႔ ဒီ အစီအစဥ္ ျဖစ္ေျမာက္ လာေအာင္ ကမကထလုပ္ ေဆာ္ဩခဲ့တဲ့ ဆရာတစ္ေယာက္က ဘီဘီစီကို ေျပာပါတယ္။

ဒီလို သင္ၾကား လာနိုင္တာေၾကာင့္ ျမန္မာ ႏြယ္ဖြား ကေလးေတြ ျမန္မာစာ ေလ့လာ နိုင္တဲ့ အခြင့္အေရး ရွိလာ႐ုံ သာမက၊ ကိုရီးယားနဲ႔ ဂ်ပန္စာေတြလိုပဲ စိတ္ဝင္စားတဲ့ ေက်ာင္းသားတိုင္း ျမန္မာစာနဲ႔ နီးစပ္နိုင္ခြင့္ ရလာမွာ ျဖစ္တယ္ ဆိုၿပီး ျမန္မာစာ ဆရာ ဦးေက်ာ္သိန္းစိုးက ဘီဘီစီကို ေျပာပါတယ္။

ျမန္မာစာ ဘာသာရပ္ စတင္ ထားလာမယ့္ East Allen County နယ္ထဲမွာ ျမန္မာ ႏြယ္ဖြား ေက်ာင္းသား ဦးေရ တစ္ေထာင္နီးပါး ရွိေနၿပီး၊ အင္ဒီယားနား တျပည္နယ္လုံးမွာ ဆိုရင္ တစ္ေသာင္း နီးနီး ရွိေနတယ္လို႔ ဦးေက်ာ္သိန္းစိုးက ဆိုပါတယ္။

ေက်ာင္းေတြမွာ ျမန္မာစာ ဘာသာရပ္ ထားရွိ လာေစခ်င္တယ္ ဆိုရင္ ျမန္မာႏြယ္ဖြား ေက်ာင္းသား ဦးေရ မ်ားမ်ား ရွိေနတဲ့ ေက်ာင္းေတြမွာ မိဘေတြဘက္က စတင္ ေဆာ္ဩ ေတာင္းဆိုမွုေတြ ျပဳလုပ္သင့္တယ္ လို႔လည္း ဦးေက်ာ္သိန္းစိုးက အႀကံျပဳ ထားပါတယ္။

http://www.bbc.com/burmese
Credit:BBC Burmese

#Unicode Version
စိတ်ဝင်စားတဲ့ ကျောင်းသားတိုင်း မြန်မာစာနဲ့ နီးစပ်နိုင်ခွင့် ရလာမယ်


မြန်မာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေ အများအပြား ရှိနေတဲ့ အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ်ထဲက အထက်တန်းကျောင်း တချို့မှာ မြန်မာ ဘာသာစကားကို ဘာသာရပ် တစ်ခု အနေနဲ့ စတင် သင်ကြား လာတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဩဂုတ်လကစလို့ အစိုးရ စာသင်ကျောင်းတွေ ရှိတဲ့ ဖို့ဒ်ဝိန်းမြို့၊ East Allen County နယ်ထဲက ကျောင်း ၃ ကျောင်းမှာ မြန်မာစာ ဘာသာရပ် စတင် သင်ကြားနိုင်ဖို့ သင်ရိုးညွှန်းတမ်းထဲမှာ ပြည်နယ် အစိုးရက ထည့်သွင်း လိုက်ပြီလို့ ဒီ အစီအစဉ် ဖြစ်မြောက် လာအောင် ကမကထလုပ် ဆော်ဩခဲ့တဲ့ ဆရာတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီလို သင်ကြား လာနိုင်တာကြောင့် မြန်မာ နွယ်ဖွား ကလေးတွေ မြန်မာစာ လေ့လာ နိုင်တဲ့ အခွင့်အရေး ရှိလာရုံ သာမက၊ ကိုရီးယားနဲ့ ဂျပန်စာတွေလိုပဲ စိတ်ဝင်စားတဲ့ ကျောင်းသားတိုင်း မြန်မာစာနဲ့ နီးစပ်နိုင်ခွင့် ရလာမှာ ဖြစ်တယ် ဆိုပြီး မြန်မာစာ ဆရာ ဦးကျော်သိန်းစိုးက ဘီဘီစီကို ပြောပါတယ်။

မြန်မာစာ ဘာသာရပ် စတင် ထားလာမယ့် East Allen County နယ်ထဲမှာ မြန်မာ နွယ်ဖွား ကျောင်းသား ဦးရေ တစ်ထောင်နီးပါး ရှိနေပြီး၊ အင်ဒီယားနား တပြည်နယ်လုံးမှာ ဆိုရင် တစ်သောင်း နီးနီး ရှိနေတယ်လို့ ဦးကျော်သိန်းစိုးက ဆိုပါတယ်။

ကျောင်းတွေမှာ မြန်မာစာ ဘာသာရပ် ထားရှိ လာစေချင်တယ် ဆိုရင် မြန်မာနွယ်ဖွား ကျောင်းသား ဦးရေ များများ ရှိနေတဲ့ ကျောင်းတွေမှာ မိဘတွေဘက်က စတင် ဆော်ဩ တောင်းဆိုမှုတွေ ပြုလုပ်သင့်တယ် လို့လည်း ဦးကျော်သိန်းစိုးက အကြံပြု ထားပါတယ်။


http://www.bbc.com/burmese
Credit:BBC Burmese

No comments:

Post a Comment