Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 21, 2017

ဒီေဖ်ာ္ရည္ကို ေန႔တိုင္းေသာက္ၿပီး ဝမ္းဗိုက္အဆီေတြကိုခ်မယ္

 
ဗိုက္ခ်ပ္ခ်ပ္ နဲ႔ အဆီပိုကင္းတဲ့ ခႏၱာကိုယ္ကို အမ်ိဳးသမီးတိုင္း မက္ေမာၾကပါတယ္။ အဲဒီအတြက္ အစားအေသာက္ကို ဂရုစိုက္ဖို႔လိုသလို ကိုယ္လက္ေလ့က်င့္ခန္း လုပ္ဖို႔လိုအပ္ပါတယ္ရွင္။ ဒါတင္မကေသးပါဘူး အဆီက်ေစဖို႔ အေထာက္အကူျဖစ္တဲ့ သဘာ၀ေဖ်ာ္ရည္ေလးေတြကိုလည္းလုပ္ေသာက္ဖို႔ အႀကံေပးလုိက္ပါတယ္ေနာ္။ ၀မ္းဗိုက္က အဆီေလးေတြ ျမန္ျမန္က်ေစဖို႔ ေဖ်ာ္ရည္ျပဳလုပ္နည္းကို မွ်ေ၀ေပးလိုက္ပါတယ္။ ပါ၀င္ပစၥည္း

ေရ ၈ ခြက္
ဂ်င္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း
သခြားသီး အလယ္အလတ္ ၁ လံုး၊ (အခြံႏႊာၿပီး ပါးပါးလွီးပါ)
သံပုယိုသီး အေနေတာ္ ၁ လံုး (ပါးပါးလွီးပါ)
ပူစီနံ လတ္လတ္ဆတ္ဆတ္ ၁၂ ရြက္
ျပင္ဆင္ျခင္း

ဘူးအႀကီးတစ္လံုးထဲမွာ ပါ၀င္ပစၥည္းေတြကို တစ္ခုခ်င္းဆီ ထည့္လိုက္ပါ။ ၿပီးရင္ တစ္ညေလာက္ ေရခဲေသတၱာထဲထည့္ထားပါ။ မနက္ပိုင္းမွာ ေရကိုေသခ်ာေမႊေပးပါ။ ၿပီးရင္ တစ္ေန႔ကို ၄ ခြက္ ၅ ခြက္ေလာက္ေသာက္ေပးပါ။ မနက္စာမစားခင္မွာ ၁ ခြက္စၿပီးေသာက္ပါ။ ဒီေဖ်ာ္ရည္ကို ေန႔တိုင္း ပံုမွန္ေသာက္ေပးမယ္ဆိုရင္ ၀မ္းမွန္ေစၿပီး အားရွိေစပါတယ္။ လအနည္းငယ္ၾကာရင္ေတာ့ ကိုယ္အေလးခ်ိန္ သိသိသာသာက်ဆင္းလာမွာပါ။ တျခားအခ်ိဳရည္ေတြ ေသာက္မယ့္အစား ဒီေဖ်ာ္ရည္ကို အစားထိုးေသာက္ေပးပါ။
Credit:mystylemyanmar

#Unicode Version
 ဗိုက်ချပ်ချပ် နဲ့ အဆီပိုကင်းတဲ့ ခန္တာကိုယ်ကို အမျိုးသမီးတိုင်း မက်မောကြပါတယ်။ အဲဒီအတွက် အစားအသောက်ကို ဂရုစိုက်ဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့လိုအပ်ပါတယ်ရှင်။ ဒါတင်မကသေးပါဘူး အဆီကျစေဖို့ အထောက်အကူဖြစ်တဲ့ သဘာဝဖျော်ရည်လေးတွေကိုလည်းလုပ်သောက်ဖို့ အကြံပေးလိုက်ပါတယ်နော်။ ဝမ်းဗိုက်က အဆီလေးတွေ မြန်မြန်ကျစေဖို့ ဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ရေ ၈ ခွက်

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သခွားသီး အလယ်အလတ် ၁ လုံး၊ (အခွံနွှာပြီး ပါးပါးလှီးပါ)

သံပုယိုသီး အနေတော် ၁ လုံး (ပါးပါးလှီးပါ)

ပူစီနံ လတ်လတ်ဆတ်ဆတ် ၁၂ ရွက်

ပြင်ဆင်ခြင်း

ဘူးအကြီးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းဆီ ထည့်လိုက်ပါ။ ပြီးရင် တစ်ညလောက် ရေခဲသေတ္တာထဲထည့်ထားပါ။ မနက်ပိုင်းမှာ ရေကိုသေချာမွှေပေးပါ။ ပြီးရင် တစ်နေ့ကို ၄ ခွက် ၅ ခွက်လောက်သောက်ပေးပါ။ မနက်စာမစားခင်မှာ ၁ ခွက်စပြီးသောက်ပါ။ ဒီဖျော်ရည်ကို နေ့တိုင်း ပုံမှန်သောက်ပေးမယ်ဆိုရင် ဝမ်းမှန်စေပြီး အားရှိစေပါတယ်။ လအနည်းငယ်ကြာရင်တော့ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာမှာပါ။ တခြားအချိုရည်တွေ သောက်မယ့်အစား ဒီဖျော်ရည်ကို အစားထိုးသောက်ပေးပါ။

Credit:mystylemyanmar


No comments:

Post a Comment