Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 21, 2017

လမ်းဘေးက ကလေးငယ်တစ်ဦးကို Nike Shoes ၀ယ်ပေးတဲ့ နိုင်ငံခြားသား

မနီလာရှော့ပင်းမောထဲကို ဖိနပ်မပါတဲ့ကောင်လေးတစ်ယောက်နဲ့နိုင်ငံခြားသားတစ်ယောက်ရောက်လာပြီး Nike Shoes ဆိုင်ထဲက ဖိနပ်တွေများစွာထဲက ကြိုက်နှစ်သက်ရာကိုရွေးစေပါတယ် ။ ၁၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပန်းရောင်းတဲ့ ကောင်လေးက သက်တောင့်သက်သာဖြစ်မည့် Running Shoes တစ်ရံကိုလက်ညိုးထိုးလိုက်ပါတယ် ။ သူ့အတွက်တော့ အရာအားလုံးက အထူးအဆန်းဖြစ်နေပါတယ် ။
.
အဲ့နောက်ဆိုင်ဝန်ထမ်းက ကောင်လေးအတွက်ဖိနပ်ဆိုင်ဒ်ကိုသေချာရွေးချယ်ပေးပြီး ၄၀ရာခိုင်နှုန်း Discount ချပေးခဲ့ပါတယ် ။ကောင်လေးရဲ့မျက်နှာပေါ်မှာ အပြုံးပန်းတွေပွင့်လာပါတယ် ။ ဒါသူ့အတွက် ဒီလိုတန်ဖိုးကြီးဖိနပ်ကို ပထမဆုံးဝတ်ဆင်ဖူးတာပါ ။သူဟာ မနီလာမြို့တော်အနီးက Pasig City မှာနေထိုင်ပြီး ဒီရှော့ပင်းမောနားမှာ စံပယ်ပန်းရောင်းရတာပါ ။ ဖိနပ်ဆိုင်ရဲ့ လက်ထောက် Supervisor ကတော့ ဒီဖြစ်ရပ်လေးကို ဓာတ်ပုံရိုက်ပြီးသူ့ရဲ့ ဖေ့ဘွက်မှာ မျှဝေခဲ့ပါတယ် ။
.
ဖိနပ်ရွေးနေစဉ်အတွင်းမှာပဲ ကောင်လေးက နိုင်ငံခြားသားကို ကျေးဇူးတင်တဲ့မျက်ဝန်းတွေနဲ့ သာကြည့်နေပြီး အံ့သြတသဖြစ်နေပါတယ် ။ ဒီလိုနိုင်ငံခြားသားတစ်ဦးရဲ့အမှတ်မထင်လုပ်ရပ်တစ်ခုက ဆိုင်ဝန်ထမ်းတွေနဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးအတွက်တော့ အားကျအတုယူစရာဖြစ်စေခဲ့ပါတယ် ။
.
ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း အမှန်တကယ်အကူအညီလိုအပ်နေသူတွေ ၊ အားနည်းသူတွေအပေါ်ဒီလိုစာနာစိတ်လေးထားရှိနိုင်မယ်ဆို လူ့အသိုင်းအ၀ိုင်းကြီးကဒီထက်ပိုလှပလာမှာပါ ။ ဟန်လုပ်အပြုံးတွေ ၊ ဟန်ဆောင်စေတနာတွေ ၊ ထင်ပေါ်ကျော်ကြားမှုတွေကို စစ်မှန်တဲ့မေတ္တာက ကျော်လွှားသွားနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်လေးက သက်သေထူလျှက်ရှိနေပါတယ် ။သင်ကောလမ်းပေါ်က ဖိနပ်မပါတဲ့ကောင်လေးကို ဖိနပ်တစ်ရံဝယ်ပေးဖို့ စိတ်ကူးမိပါသလား ။ ။
.
Ref : NTD Inspired
Credit: လင်းမိုးစက် ( Smart Life )

No comments:

Post a Comment