Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 28, 2017

မြ၀တီအာရှလမ်းသစ် ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်မှု သေဆုံး ၁၈ ဦးထိ တိုးလာ


မြ၀တီအာရှလမ်းသစ် ကွမ်းခြံကုန်းအဆင်း မှန်လုံယာဉ်တစ်စီး ချောက်ထဲထိုးကျရာ အမျိုးသား (၇)ဦး၊ အမျိုးသမီး(၁၁)ဦး သေဆုံးသွားပြီး (၂၁)ဦး ဒဏ်ရာအပြင်းအထန်ရရှိ
သင်္ဃန်းညီနောင် ဧပြီ ၂၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်၌ ဇရပ်ကြီး-တောင်ငူ-မြ၀တီ ပြေးဆွဲသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ကော့ကရိတ်ဘက်မှ မြ၀တီဘက်သို့ အတက် ကွမ်းခြံကုန်းအဆင်းတွင် ကားဘရိတ်ပေါက်ပြီး အရှိန် မထိန်းနိုင်ဘဲ ပေ(၈၀)ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျသွား၍ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များ ၃၉ ဦးအနက် ယာဉ်မောင်းအပါအ၀င် ကျား(၇)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၁၈)ဦးသေဆုံးသွားပြီး (၂၁)ဦးမှာ
ဒဏ်ရာများအပြင်းအထန်ရရှိခဲ့၍ မြ၀တီခရိုင်ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူလျှက်ရှိသည်။

ဖြစ်စဉ်မှာ ၂၈-၄-၂၀၁၇ ရက်နေ့ ၁၀၁၀ အချိန်ခန့်တွင် မြ၀တီမြို့နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်း ကွမ်းခြံကုန်းဆင်း တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သင်္ယန်းညီနောင် နယ်မြေရဲစခန်းမှူး ရဲအုပ် မြ၀င်း ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မြ၀တီအာရှလမ်းသစ်အတိုင်း ယာဉ်မောင်း အောင်နိုင်စိုး၊ ( ၄၆နှစ် )၊မြို့ကြီးရပ်၊ တောင်ငူမြို့၊ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ကျား(၂၂)ဦး၊ မ(၁၇)ဦး၊ ပေါင်း (၃၉)ဦး လိုက်ပါလာသော ယာဉ်အမှတ် 9B/2717 ၊Mitsubishi Fuso အမျိုးအစား၊ ဇရပ်ကြီး-တောင်ငူ-မြ၀တီပြေးဆွဲ သည့် (ကပေါ်ထူး) ယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံယာဉ်သည် ကော့ကရိတ် ဘက်မှ မြ၀တီဘက်သို့ မောင်းနှင်လာစဉ် ကွမ်းခြံကုန်းဆင်းအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဉ်ကြောသို့ ရောက်ရှိကာ လမ်းဘေး အနက် ပေ(၈၀)ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခြင်းဖြစ်သည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အောင်နိုင်စိုးအပါ အ၀င် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၁၁)ဦး ပေါင်း(၁၈)ဦးတို့ သေဆုံးသွားခဲ့ပြီး ကျား(၁၅)ဦး၊ မ(၆)ဦး ပေါင်း(၂၁)ဦးမှာ ဒဏ်ရာများ အပြင်းအထန်ရရှိ၍ မြ၀တီခရိုင်ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် တင်ပို့ထားပြီး အရေးပေါ်ဆေးဝါးကုသမှုခံယူလျှက်ရှိသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် နေရာသို့ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်မျိုးထူး ဦးစီးအဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ အဖွဲ့များ၊ မြ၀တီ၊ ကော့ကရိတ် ၊သင်္ဃန်း ညီနောင် မှ လူမှုကူညီရေးအဖွဲ့များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရီးသွားပြည်သူများ ၀ိုင်းဝန်းကူညီဆောင်ရွက် လျှက်ရှိပြီး ဖြစ်စဉ်အသေးစိတ်အား မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြပ်မတ်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment