Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 23, 2017

အောင်စာရင်း ကို အတန်းကူးပြောင်း စာရင်းခေါ်ရင်


အောင်စာရင်း ကို အတန်းကူးပြောင်း စာရင်းခေါ်ရင် -
အမှတ်စာရင်းကိုရော ဖြေဆိုသလောက် ရရှိလာသော ကိန်းဂဏန်း အညွှန်းစာရင်း လို့ ခေါ်မလားငှင်။

တသက်လုံး ကျောက်ကြမ်းလမ်းဘဲ ကြားဖူးတာ နအဖ ခေတ်မှာ ကျောက်ချောလမ်း လို့ (ချောလဲ မချောဘဲနဲ့) ပြောင်းလဲ ခေါ်စေ သတ်။
တသက်လုံး ပန္နက်ချပဲ ကြားဖူးတာ နအဖ ခေတ်ရောက်မှ ပန္နက်တင် ခေါ်သတတ်။ ချတာ မကြိုက်လို့ တင်တာ လို့ ပြောင်းသတတ်။

ကျောက်ဖြူ အထက ၂ က အပျိုကြီး ဆရာမ ဒေါ်အောင်ကြည်လဲ စာမေးပွဲမှာ ခိုးချတယ် ဆိုတာ မကြိုက်လို့ (ရှက်တတ်လို့) ခိုးချတယ် မပြောဘဲ ကူးစာနဲ့ဖြေတယ် လို့ ပြောသတတ်။
ဆိုတော့ စာမေးပွဲ ဆိုတာကိုလဲ စာဖြေပွဲ လို့ ခေါ်မလားငှင်။ ဒါမှ မဟုတ် သိထားသမျှ အရာများ စဉ်းစားတွေးခေါ် တွက်ချက်တတ်သော အရာများအား မေးမြန်းချိန်၌ ဖော်ထုတ် တင်ပြစေခြင်း လို့ ပြောင်းလဲ ခေါ်ဝေါ် မလားငှင်။

မဆလခေတ်တုန်းက ပညာရေး အဆင့်မြင့်အောင် လုပ်သတတ်။ အခြေခံပညာ အထက်တန်းကျောင်း (အထက) ကို အခြေခံပညာ အဆင့်မြင့်တန်းကျောင်း (အဆက) ကို ပြောင်းခေါ်သတတ်။ အဲ့လို ပြောင်းလိုက်ချိန်က စလို့ ပညာရေး အဆင့်မြင့်တော် မူသွားသတတ်။

ဆရာ့ဆရာကြီးများ ခင်ဗျား။
လေးဘီးတပ်၍ ကုန်းပေါ်တွင်သွားသောယာဉ်များ သွားရောက်ရာလမ်း မပိတ်အောင်လဲ လုပ်တော်မူကြပါအုန်း။

မြင့်ရာမှ နိမ့်ရာသို့ ရေစီးစေသော အိမ်နဲ့ လမ်းအကြား တူးဖော်ထားတဲ့ လမ်းကြောင်းအရာများ ပိတ်ဆို့ ရေမစီးသည်များ ရေစီးအောင် ရေရွေ့လျားအောင် လုပ်တော်မူကြပါအုန်း။

အသံတညောင်ညောင် တဝုန်ဝုန် မြည်လျက် လူ့အသားထဲ အပ်ကဲ့သို့ ချွန်သော နှာခေါင်း ဖြင့် ထိုးသွင်း သွေးစုပ်တတ်သည့် ပျံသန်းနေသည့် အကောင်ငယ်များ ကိုက်ခံရခြင်း ဒဏ်မှ ပြည်သူပြည်သားများ ကင်းဝေးအောင် လုပ်ဆောင်တော် မူကြပါအုန်း။
Kyaw Minn Htin


No comments:

Post a Comment