Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 23, 2017

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အမတ်မှရွာသားအားရိုက်သည့်ကိစ္စနှစ်ဦးနှစ်ဖက်ရှင်းလင်းပွဲလုပ်မည်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အမတ်မှရွာသားအားရိုက်သည့်ကိစ္စနှစ်ဦးနှစ်ဖက်ရှင်းလင်းပွဲလုပ်မည်

၂၃.၄.၂၀၁၇

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေမှ ပဝကျေးရွာသား ကိုထွန်းလှကို ပါးရိုက် သည့်ဟုသတင်းများထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်များက ဧပြီလ ၂၄ ရက်နေ့မှာ အခင်းဖြစ်ပွားတဲ့ ပဝရွာမှာရှင်းလင်းပွဲပြုလုပ်သွားမယ် လို့သိရပါတယ်

ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ် ပဝချောင်းထဲရွာမှာရှိတဲ့ စာသင်ကျောင်းကို လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေဦးဆောင်တဲ့တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဧပြီလ ဆန်းပိုင်းက သွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ် စာသင်ကျောင်းရဲ့ တံခါးဘောင်တွေမှာ စံချိန်မညီတာကို ရွာသားတွေကထောက်ပြပြောဆိုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်မှလည်း သက်ဆိုင်ရာ အင်ဂျင်နီယာ၊ ကုမ္ပဏီတာဝန်ရှိသူများကိုပြန်လည် ပြုပြင်ပေးရန်ပြောဆိုဆွေးနွေးပေးခဲ့ကြောင်းသိရပါ တယ်
လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများဆွေးနွေးနေတဲ့အချိန်မှာ ပဝရွာမဘက်မှ ရောက်လာတဲ့ ကိုထွန်းလှဆိုသူမှ တာဝန်ရှိသူများကိုကြားကိုဝင်ရောက်လာပြီး တံခါးဘောင်ပြန်ပြင် ပေးစရာမလိုဟုအော်ဟစ်ပြောဆိုခဲ့တယ်လို့သိရပါတယ်..
လွတ်တော်ကိုယ်စားလှယ်နှင့်ပဝချောင်းထဲရွာသားများက တာဝန်ရှိသူများပြောကြားနေစဉ်ဝင်ရောက်မပြောဆိုဖို့ တံခါးဘောင်များပြန်လဲခိုင်းခြင်းမှာ ရွာသားများကပြောကြားခြင်းဖြစ်ကြောင်းပြောဆိုသော်လည်း ကိုထွန်းလှဆိုသူမှ ဆက်လက်အော်ဟစ်နေတာ ကြောင့်လွှတ်တော်ကိုယ်စားလှယ်မှ လက်ဖြင့်ဝင်ရိုက်ခဲ့တယ်လို့သိရပါတယ်
အဆိုပါကိစ္စကို လူတစ်ချို့မှလူမှုကွန်ရက်ကိုတင် ခဲ့သောကြောင့်သတင်းများပြန့်နှံ့ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်မှအခင်းဖြစ်သည့်နေရာတွင် ကာယကံရှင်များအားလုံးကိုခေါ်ယူရှင်းလင်းသွားမည်ဖြစ်သလိုမီဒီယာများကိုဖိတ်ကြားခဲ့ကြောင်းသိရပါတယ်။
ပဝချောင်းရွာထဲရှိစာသင်ကျောင်းကို တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ဥက္ကဌ ( ရွေးကောက်ပွဲတွင် ယခုလွတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနှင့်ယှဉ်ပြိုင်ခဲ့သူ )မှတင်ဒါအောင်ထား ခြင်းဖြစ်ပြီး ဦးထွန်းလှဆိုသူမှာလည်း NLD မှ စည်းကမ်းပျက်ပြီးထုတ်ပယ်ခံထားရကာ ပြည်ခိုင်ဖြိုးတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက်ဝင်ရောက်လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်းသိရပါတယ်။
သတင်းနှင့် ဓါတ်ပုံ - မြတ်ထွဋ် (မြိတ်)
Credit- Maung Maung Aye

No comments:

Post a Comment