Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 7, 2017

နာမည်အမျိုးမျိုးနဲ့ တရုတ်​ဆေးခန်း​တွေကို စစ်​​ဆေး​တွေ့ရှိပါက ​ထောင်​ဒဏ်​ ၁နှစ်​မှ ၅နှစ်​ချမှတ်​မည်


 
နိုင်ငံခြားသားပိုင် ဆေးခန်းများ လုပ်ကိုင်ခွင့်ပေးထားမှု လုံးဝမရှိဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းပြော


ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင် လျှောက်ထားသူများသည် နိုင်ငံသား မှတ်ပုံတင်ရှိသည့် မြန်မာနိုင်ငံ သားများသာ လျှောက်ထားခွင့်ရှိပြီး၊ နိုင်ငံခြား သားပိုင် ဆေးခန်းများ လုပ်ငန်းလိုင်စင် လျှောက်ထား၍ မရကြောင်း၊ လုပ်ကိုင် ခွင့်ပေးထားမှုလည်း လုံးဝမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဧပြီလ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်  ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တရုတ်လူမျိုးများ ဖွင့်ထားသည့် ဆေးခန်းများကို လသာနှင့် ဗိုလ်တထောင် မြို့နယ်များတွင် ကြေညာအား ကောင်းကောင်းဖြင့် ဖွင့်လှစ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး အချို့ကို အရေးယူခဲ့သော်လည်း နာမည်ပြောင်းလဲ၍ ပြန်လည် ဖွင့်လှစ်ကြကြောင်း၊ ဆေးကုသခွင့်လိုင်စင် လျှောက်ထားဆဲ အခြေအနေ(လိုင်စင်မကျသေးဘဲ) ဆေးကုသနေသည့် ပုဂ္ဂလိက ဆေးခန်းများနှင့် နိုင်ငံခြားသား တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် ဆေးခန်းများကို မည်သို့ အရေးယူ ဆောင်ရွက်မည်ကို မေးခွန်း မေးမြန်းခဲ့ရာ ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နာမည်အမျိုးမျိုးနဲ့ ပြောင်းလဲဖွင့်နေတဲ့ တရုတ်ဆေးခန်းတွေကို စစ်ဆေးတွေ့ ရှိပါက ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ ချမှတ် အရေးယူသွားမယ်”ဟု ၀န်ကြီး ဦးနိုင်ငံလင်းကပြောသည်။

ထို့အတူ တိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ အနေဖြင့် ကွင်းဆင်းပြီး အရေးယူ ဆောင်ရွက်နေကြောင်း၊ သို့သော်လည်းလည်း လုံလောက်မှု မရှိကြောင်း၊ ဆေးခန်းများက နာမည်အမျိုးမျိုး ပြောင်းလဲ၍ လုပ်ဆောင်မှုများရှိနေပြီး လိုအပ်နေသည်မှာ ပြည်သူလူထုနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက်မှသာ နိုင်နိုင်နင်းနင်း ဖြစ်မည်ဖြစ်ကြောင်း လည်း ၀န်ကြီးက ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News


No comments:

Post a Comment