Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 7, 2017

နွမ်းပါးကလေးငယ် (၂၀)ကျော်ကို ရှင်ပြုပေးခဲ့တဲ့ အလှမယ်များ

 

အလှမယ်များ ပေါင်းစုကာ ဖွဲ့စည်းထားတဲ့ Miss Myanmar Charity Group အဖွဲ့က နွမ်းပါးကလေးငယ်(၂၀)ကျော်ကို ရှင်းပြုပေးခဲ့ပါတယ်။ ရှင်ပြအလှူပွဲကို ဧပြီ(၆)ရက်နေ့က တိုက်ကြီးမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု ဘန့်ဘွေး ကွင်းကျေး ရွာ ရှိတုမူလသော မတပ်ဦးကျောင်း (ဂျိုးဖြူတောင် အဘိုးကျောင်း) မှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ဝင် ထားထက်ထက်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
ဒီနေ့ ၄လပိုင်း ၆ရက်နေ့မှာ တိုက်ကြီးမြို့ ဘန့်ဘွေးကွင်း ကျေးရွာတွင် ထားထက်တို့ Miss Myanmar Charity Group (MMCG) ရဲ့ ၁၄ ခုမြောက်အလှူ ထဲမှာမှ ပထမဆုံးအကြိမ်အဖြစ် ကိုရင် ၂၄ ပါးအားရှင်ပြုအလှူနှင့်တကွ ၅ ရက်စာ ဆွမ်းစား စရိတ်လှူဒါန်းမှုတွေပြုလုပ်ပြီး ကျောင်းထိုင်ဘုန်းကြီးနှင့်တကွ ဦးပဇင်းတို့အားဝတ္ထုငွေများကပ်လှူခြင်း သင်္ကန်းကပ်ခြင်း သိမ်ဆင်းလောင်းခြင်း စတဲ့ကုသိုလ်များစွာ ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။  ထားထက်တို့အလှူရဲ့ ကုသိုလ်များအား ဝေမျှပေးပါရစေရှင်။ ထပ်တူထပ်မျှ သာဓုခေါ်၍ ကုသိုလ်ရကြပါစေရှင်" လို့ ဆိုထားပါတယ်။

Miss Myanmar Charity Group အနေနဲ့ အခြားပရဟိတ အလှူများ ပြုလုပ်ဖူးသော်လည်း ယခုကဲ့သို့ ရှင်ပြုအလှူပြုလုပ် ခြင်းမှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

Photo : ထားထက်ထက်
Kay Thi Han

No comments:

Post a Comment