Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

ဘိုရင်း ၇၂၇ လေယာဉ်ကို နေအိမ်ပြုလုပ်ပြီး တောအုပ်အတွင်းမှာ နေထိုင်တဲ့ လူသား


အမေရိကန် နိုင်ငံ အနောက်မြောက်ဘက် မှာရှိတဲ့ သစ်တော ထူထပ်တဲ့ အော်ရီဂွန်(Oregon) ပြည်နယ်မှာ ဘရုစ် ကမ်ဘဲလ် (Bruce Campbell ) ဆိုတဲ့ လူတစ်ယောက်ဟာ ဘိုရင်း ၇၂၇ လေယာဉ်ကိုယ်ထည်ကို နေအိမ်ပြုလုပ်ပြီး တောအုပ်ထဲမှာ တစ်ယောက်တည်းနေထိုင်သူ ဖြစ်ပါတယ်။ဘရုစ်  တီထွင်ဖန်တီး နိုင်စွမ်းရှိတဲ့ အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ပြီး အသုံးမပြုတော့တဲ့ လေယာဉ်ကိုယ်ထည်ဟောင်းတစ်ခုကို ၀ယ်ယူခဲ့ပြီး နေအိမ်တစ်ခုလို ပြင်ဆင်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်ဂျင် သုံးလုံးတပ် ကြီးမားတဲ့ ဘိုရင်း ၇၂၇ လေယာဉ်ကို ဘရုစ်ဟာ ကွန်ကရစ်တိုင်တွေပေါ်မှာ တင်ထားတာ ဖြစ်ပြီး အော်ရီဂွန်ပြည်နယ် ပို့လန်း မြို့ ဆင်ခြေဖုံး သစ်တောအုပ်ထဲ ထားရှိထားတာ လည်း ဖြစ်ပါတယ်။လေယာဉ် ကိုယ်ထည်ကို ဘရုစ် ၀ယ်ယူခဲ့စဉ်က ဘာမှမပါလာပေမဲ့ ဘရုစ်ဟာ အခုဆိုရင် လေယာဉ်ကိုယ်ထည် အိမ်ကြီးမှာ အိမ်သာ၊ရေချိုးခန်း၊မီးများနဲ့ ထိုင်ခုံများကို နေချင်စဖွယ် ပြန်လည်း မွမ်းမံထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဘရုစ်ဟာ လေယာဉ်ကိုယ်ထည်အိမ်မှာ တစ်နှစ်ကို ၆ လလောက်နေထိုင်သူဖြစ်ပြီး ကျန်တဲ့ ၆ နှစ်ကိုဂျပန်မှာ နေထိုင်သူ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဘရုစ်ဟာ ပိုကြီးတဲ့ ဘိုးရင်း ၇၄၇ လေယာဉ်ကိုယ်ထည် ၀ယ်ဖို့ ပြင်ဆင်နေတယ် လို့ပြောခဲ့ပါတယ်။

အော်ရီဂွန် ပြည်နယ်က ၁၀ ဧက အကျယ်ရှိတဲ့ မြေကွက်ကို ဘရုစ်ဟာ သူ အသက် ၂၀ မှာ ဒေါ်လာ ၂၃၀၀၀ ( မြန်မာ ငွေ ၃၁ သိန်း ) ကျော်နဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပြီး ဘိုရင်း ၇၂၇ ကတော့ ဒေါ်လာ ၂၂၀၀၀၀ (မြန်မာငွေ သိန်း ၃ ထောင် ) ခန့်ပေးခဲ့ရတယ် လို့သိရပါတယ်။

ဘရုစ်ဟာ လေယာဉ်ကိုယ်ထည်များကို သတ္တု အပိုင်းအစများမဖြစ်ခင် ၀ယ်ယူခဲ့တာ ဖြစ်ပြီး အစပထမကတော့ ဘရုစ်ဟာ ကုန်တင်ကားခွံများနဲ့ နေအိမ်ပြုလုပ်ဖို့ စိတ်ကူးရှိပေမဲ့ တခြားသော လူတစ်ယောက်က လေယာဉ်ကိုယ်ထည်နဲ့ အိမ်လုပ်ဖို့ ပြောခဲ့တဲ့ အတွက် စိတ်ပြောင်းသွားခဲ့တာ ဖြစ်တယ် လို့ပြောပြခဲ့ပါတယ်။

Shwemom

Ref : Mirror
http://www.shwemom.com/meet-the-man-who-lives-in-a-boeing-727-in-the-middle-of-the-woods/




No comments:

Post a Comment