သြစတြေးလျှက Luke Moore ဆိုတဲ့ကျောင်းသားတစ်ယောက်ဟာ အကြွေးတင်နေတဲ့ဘ၀ကနေ ချက်ချင်း ဇိမ်ခံကားအကောင်းစား ၊ ဇိမ်ခံရွက်လှေ စတာတွေကို ၀ယ်ပြီး လူချမ်းသာဘ၀ကို ချက်ချင်းရောက်သွားခဲ့ပါတယ်။ အကြောင်းကတော့ ဘဏ် error တစ်ခုကနေ သူ့အကောင့်ထဲကို ဒေါ်လာ ၂သန်းခွဲ မှားဝင်လာလို့ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဘဏ်ကိုပြန်ပြောရင်ပြော ၊ ဒါမှမဟုတ် ဘဏ်က ချက်ချင်းသိပြီး စုံစမ်း..အဲလိုဖြစ်ရမှာဖြစ်ပေမယ့် ဘဏ်ကလည်း သတိမထားမိပါဘူး။ သူကလည်း လည်ပါတယ်။ ချက်ချင်းပဲ ၀င်လာတဲ့ငွေတွေကို အခြားအကောင့်တွေဆီ ကိုပြောင်းပစ်လိုက်ပါတယ်။
အဲဒီနောက်တော့ ဒေါ်လာ ၅သောင်းကျော် Aston Martin ကား ၊ ဒေါ်လာ ၁၆၉၀၀၀တန် Maserati ကား ၊ ဒေါ်လာ ၂သောင်းကျော်တန် ရွက်လှေတို့အပြင် ကမ္ဘာကျော်တွေရဲ့ အမှတ်တရပစ္စည်းတွေကိုတောင် ဈေးကြီးပေးပြီး ၀ယ်လိုက်
ပါသေးတယ်။ ချက်ချင်းသူဌေးတစ်ယောက်လို သုံးဖြုန်းနိုင်သွားပါတယ်။ နှစ်နှစ်ကြာတော့မှ ဘဏ်က သူ့ကိုမိပါတယ်။ ဒေါ်လာ ၁.၁သန်းကိုလည်း အခြားဘဏ်က သူ့အကောင့်တစ်ကောင့်ကနေ ပြန်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က မတရား လိမ်လည်ပြီး အကျိုးခံစားတဲ့အတွက် ထောင်လေးနှစ်ကျခဲ့ပေမယ့်ပြီးခဲ့တဲ့ အပတ်က အယူခံအနိုင်ရရှိကာ လွတ်လာခဲ့ပါတယ်။
မိန်းမလှလေးတွေ ၊ ဆေးခြောက်တွေ ၊ အကောင်းဆုံးကားတွေ ရခဲ့တဲ့ ဘ၀ကို မမေ့ဘူး လို့ အသက် ၂၉နှစ် ရှိပြီဖြစ်တဲ့ Luke Moore က ဆိုပါတယ်။ အခုတော့ သူဟာ ပွဲစားတစ်ယောက် လုပ်နေပြီး နယူးဆောက်ဝေးပြည်နယ် Goulburn မှာ မိခင်နဲ့အတူနေကာ ဥပဒေပညာကို သင်ကြားနေပါတယ်။
သူ့နေရာမှာ မိတ်ဆွေဆိုရင်ရော ဘယ်လိုလုပ်မလဲ...:)
Credit: thutazon
http://www.thutazone.com/2016/12/blog-post_23.html
No comments:
Post a Comment