Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

မက္ကဆီကိုမြို့ပတ်ရထားမှာ အမျိုးသားလိင်အင်္ဂါပုံစံတပ်ဆင်ထားတဲ့ ထူးထူးဆန်းဆန်းထိုင်ခုံ


မက္ကဆီကို မြို့ပတ်ရထားတွေပေါ်မှာ အမျိုးသားလိအင်္ဂါပုံစံ ထိုင်ခုံတစ်ချို့ တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ကနဦးတုန်း တော့ ဒါတွေကို ဘာကြောင့်တပ်ဆင်ရသလဲဆိုတာ လူတွေက မသိခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေ လိင်
ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုမှ ကင်းဝေစေဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုလို့ ဆိုပါတယ်။

ဒါပေမယ့် တော်တော်များများကတော့ ဒီအစီစဉ်ကို သဘောကျခြင်း မရှိဘဲ၊ တစ်ချို့သော လူသားတွေကို လိင်စိတ်ကို
နှိုးစွသလို ဖြစ်နေစေတယ်လို့ ဝေဖန်နေကြပါတယ်။ တစ်ချို့ဆို ဒီတပ်ဆင်မှုကို သတိမထားမိလို့ သဘောရိုးနဲ့ ခုံပေါ်ကို ထိုင်ချမိကာမှ လူကြားသူကြားထဲ အရှက်ကွဲရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

Mexico City Metro က တော့ သူတို့ရဲ့အစီအစဉ်ကို သဘောကျနေပြီး၊ အမျိုးသမီးအများစုအနေနဲ့ ခရီးသွားတဲ့အခါ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းတဲ့ စကားတွေ၊ အနိုင်ကျင့်ခံရမှုတွေကို ယောက်ျားလေးတွေက ကိုယ်ချင်းစာနိုင်မယ်လို့ တွေးနေကြပါတယ်။

Mexico City Metro မှာ ဖော်ပြထားချက်ကတော့ ” အဲဒီအပေါ်ကို အမျိုးသားတွေ ထိုင်ကြည့်လိုက်ပါ .. သက်တောင့်သက်သာတော့ ဘယ်ရှိမလဲ .. ဒါပေမယ့် အမျိုးသမီးတွေ ခံရတာထက် စာရင် အများကြီး နေသာပါတယ် “လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။ မက္ကဆီကိုမြို့တော်မှာပင် အမျိုးသမီး 10 ယောက်လျှင် 9 ယောက်ဟာ နေ့စဉ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

source : metro.co.uk
http://www.shwemom.com/mexican-install-man-only-sexiest-penis-seats-public-transport/

No comments:

Post a Comment