ပြေတီဦး ဝတ်မှုန်ရွှေရည်တို့ရဲ့အကယ်ဒမီနှင့်ပတ်သက်ပြီးပြောဆိုမှု အွန်လိုင်းတွင်ပျံ့နှံ့


ဝက်ဝက်ကွဲအောင် ပွင့် ဇာတ်ကားရိုက်ကူးနေတုန်း မင်းသားပြေတီဦးနဲ့ ၀တ်မှုန်ရွှေရည်အကယ်ဒမီအကြောင်းပြောဆိုနေကြတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာလူပြောများပြီး ပျံ့နှံ့လျက်ရှိပါတယ်။ ရန်အောင်၊ပြေတီဦး၊၀တ်မှုန်ရွှေရည်တို့ပါဝင်တဲ့ဝက်ဝက်ကွဲအောင် ပွင့် ဇတ်ကားကိုရိုက်ကူးနေစဉ် ခဏနားတုန်းမှာ မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီအကြောင်းကို ပြောဆိုနေကြတာပါ။ ရုပ်ရှင်ရိုက်ကွင်းကို Live လွှင့်သူတစ်ယောက်ရှိနေတာကိုသတိမမူမိတဲ့မင်းသားက ဒီနှစ်အကယ်ဒမီဇတ်ကားတစ်ကားဖြစ်တဲ့ ချစ်လှစွာသောအမုန်းဇတ်ကားကိုဝေဖန်ပြောနေတာပါ။ မင်းသားပြေတီဦးက ရုပ်ရှင်ဇတ်ကားကို လက်ဝှေ့ပွဲတစ်ပွဲအလား အောက်ကနေထိုးတဲ့ဇတ်ကောင်က အပေါ်စီးကိုဖြစ်သွားတယ် စသဖြင့် ပြောတာကြောင့် မင်းသမီးသက်မွန်မြင့်ပရိသတ်များကလည်း မခံမရပ်နိုင်ဖြစ်ကြကာ အွန်လိုင်းမှာတော့ အပြန်အလှန်ထိုးနှက်မှုတွေဖြစ်နေကြပါတယ်။ အောက်မှာ ဗီဒီယိုလေးကိုကြည့်ရှုပြီး အကယ်ဒမီဘယ်အနုပညာရှင်ရရှိမလဲ စောင့်မျှော်ကြည့်ရှုကြပါစို့..
Sunthit
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)