ဖိနှိပ်မှု ရပ်ဖို့ သူနာပြုတွေ ဆန္ဒ ထုတ်ဖော်ခဲ့စဉ် |
ဆွေးနွေး ညှိနှိုင်းမှု အရ အခုအခါ သူနာပြုတွေ အတွက် လိုင်စင် ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ခွင့်ပြုမိန့် အရ သူနာပြု ဒါမှမဟုတ် သားဖွား သင်တန်း တက်ထားပြီးသူ သို့မဟုတ် အစိုးရ အသိအမှတ်ပြု တက္ကသိုလ် တခုခု က ဘွဲ့ရပြီးသူ ဖြစ်ရင် ထိုက်သင့်တဲ့ လျော်ကြေးပေးကာ လိုင်စင် ရယူနိုင်ပြီ ဖြစ်ပါတယ်။
အခု သဘောတူညီချက် အရ အစိုးရ အလုပ်မ၀င်ရင် လျော်ကြေးပေးကာ အရည်အချင်းစစ် စာမေးပွဲ ဖြေပြီး သွားရင် လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။
အစိုးရ အလုပ်ဝင်သူတွေ အနေနဲ့တော့ လိုင်စင်ကို သူတို့လျှောက်ထားတဲ့ အချိန်မှာ တန်းထုတ်ပေးမယ်လို့ ဆိုပါတယ်။
တကယ်လို့ သူနာပြု ကျင့်ဝတ်နဲ့ မညီတာ ရှိရင်ဘဲ ဖြစ်ဖြစ် ၊ ပြစ်မှု ဥပဒေ တခုခုကို ကျူးလွန်ခဲ့ရင်ဘဲ ဖြစ်ဖြစ် ထုတ်ပေးထားပြီးသား လိုင်စင်ကို ပြန်သိမ်းခံရမှာ ဖြစ်ပါတယ်။
အစိုးရ ဆေးရုံတွေမှာ အလုပ်ဝင်တဲ့ သူနာပြု တက္ကသိုလ်ဆင်း တွေကို ၃ နှစ်ပြည့်မှ သူနာပြု လိုင်စင်ထုတ်ပေးဖို့ ချမှတ်ခဲ့တဲ့ အပေါ် မကျေနပ်လို့ သူနာပြု တက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၅၀၀ ကျော် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီနောက် မတ်လ ၁၇ ရက်၊ ကတော့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေး ဟာ ရန်ကုန် သူနာပြု တက္ကသိုလ်ကို ရောက်လာပြီး ဆန္ဒပြ ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးကာ အခုလို သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment