Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 1, 2017

အစိုးရနှင့် လွှတ်တော်မှ စည်းကမ်းမလိုက်နာသော ဒီချုပ်ပါတီဝင်များကို ဆက်လက်အရေးယူမည်

Byအောင်ဇော်ထွန်း

ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း (ဓာတ်ပုံ - နစ်ကီ)
စည်းကမ်းမလိုက်နာသည့် အစိုးရနှင့် လွှတ်တော်မှ ပါတီကိုယ်စား လှယ်များကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ခြင်း ဆက်လုပ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြောသည်။

ပါတီဗဟိုတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက် သည့် တိုင်ကြားစာဌာန ဖွင့်လှစ် ထားရာ တိုင်ကြားစာ ၂၀၀ ကျော် ရောက်ရှိပြီး ကိုယ်စားလှယ် ၁၀၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း နှင့် ယင်းအနက် ၁၀ ဦးကျော်ကို အရေးယူခဲ့ကြောင်း NLD ပါတီဗဟို လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနမှ သတင်းရရှိ သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်၊တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ကို သီးခြားအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ပြီး အပြစ်ရှိကြောင်း တွေ့ရှိချက် များအပါအဝင် စစ်ဆေးတွေ့ရှိ ချက်များကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့သို့ တင်ပြပြီး အစိုးရအဖွဲ့သို့ အကြောင်းကြားကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။

‘‘စည်းကမ်းကတော့ လူတိုင်းလိုက်နာဖို့လိုပါတယ်။ NLD က ဒါနဲ့ပတ်သက်ရင် တွေ့ရှိချက်တွေ အပေါ်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်တာမျိုးက ဆက်လုပ်နေမှာ ပဲ’’ဟု ဦးဉာဏ်ဝင်းက စည်းကမ်း မလိုက်နာသည့် အစိုးရအဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ် များရှိလာပါက ဆောင်ရွက်မည့် အခြေအနေကို ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ် များနှင့်ပတ်သက်၍ တိုင်ကြားစာ များတွင် ပြည်သူနှင့် ဆက်ဆံရေး မပြေလည်မှု၊ လုပ်ငန်းဆောင် ရွက်ရာ၌ ဘက်လိုက်လုပ်ကိုင် မှုတို့ ပါဝင်သည်ဟု NLD ပါတီ ဗဟို လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက် တာ မျိုးညွန့်ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်ပါတီ အလုပ်အမှုဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါက်တာမျိုးညွန့်က ပြောကြား သည်။

‘‘ကိုယ်စားလှယ်တွေအနေနဲ့ ကလည်း ပြည်သူတွေဟာ မိမိတို့ ကို မဲပေးရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ် များဖြစ်တယ်။ သူတို့အကျိုးကို အမြဲတမ်း ဦးထိပ်ထားရမယ်။ နောက်တစ်ခါ ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သက်ဆိုင်ရာ မြို့ နယ် အလုပ်အမှုဆောင်အဖွဲ့တွေ နဲ့ အမြဲမပြတ် ထိတွေ့နေဖို့လိုပါ တယ်။ အကယ်၍ အဲဒီလို ထိတွေ့ ခြင်းမရှိတဲ့ လွှတ်တော်ကိုယ်စား လှယ်များအတွက် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ပြောသလိုပဲ သူတို့အဖို့က အများ ကြီး နစ်နာသွားနိုင်ပါတယ်’’ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

NLD ပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးဉာဏ်ဝင်း ဦးဆောင် သည့် လေ့လာသုံးသပ်ရေးအဖွဲ့ ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်း မင်းဦးသည် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

တိုင်ကြားခံထားရသည့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အနက် တစ်ဦးသည် ရှိသင့်ရှိထိုက်သည့် ဂုဏ်သိက္ခာ နှင့် မညီညွတ်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

‘‘ကျွန်တော်တို့ တွေ့ရှိချက် မှာတော့ အပြစ်ရှိတာပါတယ်။ သို့သော် လုပ်ငန်းကိုင်ငန်းမှားတာပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ မှားတာမျိုး မတွေ့ဘူး။ ဘယ်လို အပြစ်ပေး မလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး’’ဟု ဦးဉာဏ်ဝင်းက တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ များ ကိစ္စဆောင်ရွက်ထားမှုကို ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ များအား မည်သည့်အကြောင်းအရာဖြင့် တိုင်ကြားခံရသည်၊ မည်သည့်အပြစ်ကျူးလွန်သည် ဆိုသည့်အကြောင်းအရာများကို ဖြေကြားရန် ဦးဉာဏ်ဝင်းက ငြင်းဆို ခဲ့သည်။

http://www.7daydaily.com/story/90494

No comments:

Post a Comment