Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 1, 2017

မကျေပွဲ ပြန်နွဲတဲ့ ရှောင်လင်ဘုန်းဘုန်း ရီလုံ နှင့် ထိုင်းလက်ဝှေ့သမား (ရုပ်သံ)


မကျေပွဲ ပြန်နွဲတဲ့ ရှောင်လင်ဘုန်းဘုန်း ရီလုံ နှင့် ထိုင်းလက်ဝှေ့သမား (ရုပ်သံ)


ဒီပွဲကတော့ မကျေပွဲပြန်နွဲထားတဲ့ပွဲမို့ ကြည့်လို့အရမ်းကို ကောင်းပါတယ်၊ စိတ်လုပ်ရှားစရာလဲ အရမ်းကောင်းပါတယ်။ ဒီပွဲကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက တရုတ်ပြည်မှာ ထိုးခဲ့ကြတာဖြစ်ပါတယ်။ နှစ်ယောက်စလုံး အားအင်အပြည့်နဲ့ ထိုးခဲ့ကြတဲ့အတွက် အင်မတန်ကြည့်ကောင်းတဲ့ပွဲဖြစ်ပါတယ်။

(အောက်ဆုံးတွင် ရုပ်သံဖိုင်တွဲတင် ပေးထားပါတယ်။)

ပြီးခဲ့တဲ့နှစ် ၂၀၁၆ နိုဝင်ဘာလလောက်တုန်းက တရုတ်ရှောင်လင် ဘုန်းဘုန်း ရီလုံနဲ့ ထိုင်းလက်ဝှေ့သမား ဘိုခေါင်တို့ ရှင်ပြိုင်ခဲ့ကြသေးတယ်။ အဲ့ပွဲမှာ ရှောင်လင်ဘုန်းဘုန်း ရီလုံက ထိုင်းလက်ဝှေ့သမား ဘိုးခေါင်ကို စိန်ခေါ်ခဲ့ပြီး ဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ ရီလုံ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ပွဲကြည့်ပရိသတ်အများစုက ထိုင်းလက်ဝှေ့သမား ဘိုးခေါင်ပွဲလို့ပြောကြတယ်။ ဘိုးခေါင်းအကောင်းဆုံးထိုးနိုင်ခဲ့ပေမဲ့ ဒိုင်တွေရဲ့ အဆုံးအဖြတ်ကြောင့် ရှုံးခဲ့ရပါတယ်။

ဒီပွဲတော့ ပြီးခဲ့တဲ့ နှစ်ပါတ်သုံးပါတ်လောက်ကဘဲ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပွဲကတော့ ထိုင်းလက်ဝှေ့သမား ဘိုးခေါင်ရဲ့ ရှုံးပွဲကိုပြန်ပြီးခြေပနိုင်အောင် စိန်ခေါ်တဲ့ပွဲဖြစ်ပါတယ်။ အဲ့တာကြောင့် မကျေတဲ့ပွဲ ပြန်နွဲတော့ အရမ်းကိုကြည့်လို့ကောင်းတဲ့ ပွဲဖြစ်ခဲ့ပါတယ်။

ပွဲအစမှတင် ရှောင်လင်ဘုန်းဘုန်းက အင်အားအပြည့်သုံးပြီး ထိုးစစ်ဆင်ခဲပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာဘဲ ဘိုးခေါင် နှစ်ခါလောက်လှဲကျခဲ့ပါတယ်။ ဒါပေမဲ့ ဘိုးခေါင်ကလဲ တော်တော့ ရီလုံလဲအများကြီးထိခဲ့ပါတယ်။ တုတိယ နဲ့ နောက်ဆုံးမှာတော့ ရီလုံပိုမောလာဟန်တူပါတယ်။ သိပ်ပြီး ထိုစစ်မဆင်နိုင်တော့ဘဲ ဘိုးခေါင်ရဲ့ ကန်ချက် အပျင်းစားတွေနဲ့ထိတော့ တော်တော်နာသွားပုံရတယ်။

ဒီပွဲမှာ နှစ်ယောက်လုံးက အကောင်းဆုံး ထိုးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ ထိုင်းလက်ဝှေ့သမား ဘိုးခေါင် အနိုင်ရရှိခဲ့ပါတယ်။ ရှောင်လင်ကြီးကတော့ သူရှုံးသာ သိပ်မယုံချင်သေးပုံပေါ်ပါတယ်။ အနိုင်အရှုံးကြေညာတဲ့ချိန်မှာ သူတော်တော်လေးကို အံ့သြတဲ့ မျက်နှာတွေ့ခဲ့ပါတယ်။

မပြောတော့ဘူး ဒီပွဲကြီးပွဲကောင်းကို အောက်မှာ တင်ပေးထားပါတယ်။ ကြည့်ရှု့အားပေးလိုက်ကြပါဦး။ ကြည့်ပြီးလဲ တစ်ခုခုပြောခဲ့ဦးနော်။
Sunthit.com -

No comments:

Post a Comment