မတ် ၂၉၊ ၂၀၁၇
မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာ၌ ရာအိမ်မှူးနှင့်ဇနီးဖြစ်သူတို့ သည် နေအိမ်တွင် အိပ်နေစဉ် ဓါးဖြင့်ခုတ်ခံရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ ၂၈ ရက် နံနက် ၄ နာရီခန့်တွင် ကျေးရွာရာအိမ်မှူးဖြစ်သူ နုရ်အာမိန် (ဘ) အာကေအာလီနှင့် ဇနီးဖြစ်သူတို့သည် နေအိမ်တွင် အိပ်နေစဉ် တစ်ရွာတည်းနေ ဟာဘီအူလ္လာ ပါ (၄) ဦးတို့မှ “မင်းတို့ လုပ်လို့ ငါတို့အဖွဲ့တွေ အဖမ်းခံနေရတယ် ငါတို့အဖွဲ့တွေ ပြန်လွတ်အောင်လုပ်ပေး အပြင်ထွက်ခဲ့” ဟု ပြောဆိုကာ တံခါးအားတွန်းဖွင့်၍ အတင်းဝင်ရောက်လာပြီး ဓါးဖြင့် ၀ိုင်းဝန်း ထိုးခုတ်ခဲ့ကြောင်း သိရသည်။
နုရ်အာမိန်မှ ပြန်လည်ခုခံခဲ့သဖြင့် ၀ဲဘက်ပုခုံး၊ ဦးခေါင်းနောက်စေ့၊ ယာနားထင်၊ ယာလက်မနှင့် လက်ညှိုးကြား၊ ယာလက်ကောက်ဝတ် တို့တွင် စုစုပေါင်း ဓါးခုတ်ဒဏ်ရာ (၈) ချက်နှင့် ၎င်း၏ ဇနီးဖြစ်သူ နုဟာဘတ်တွင် ရင်ညွှန့်တည့်တည့် ထိုးထွင်းဒဏ်ရာ တစ်ချက်၊ ယာပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက် အသီးသီးရရှိခဲ့ပြီး နုရ်အာမိန်က ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီ တောင်းခံသဖြင့် ဟာဘီအူလ္လာ ပါ (၄) ဦးမှာ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ နှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးကာ ပြစ်မှု ကျူးလွန်ထွက်ပြေး လွတ်မြောက်နေသူ ဟာဘီအူလ္လာ ပါ (၄) ဦးအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ် လျက်ရှိသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom/
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 29, 2017
ကျေးရွာရာအိမ်မှူးနှင့် ဇနီးဖြစ်သူ ဓါးခုတ်ခံရမှုဖြစ်ပွား
ကျေးရွာရာအိမ်မှူးနှင့် ဇနီးဖြစ်သူ ဓါးခုတ်ခံရမှုဖြစ်ပွား
Reviewed by MP4 YoU
on
March 29, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment