Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 7, 2017

သင်မသိသေးတဲ့ Siri အသုံးပြုနည်း ၁၀ နည်း

05.02.2017

အိုင်ဖုန်းတစ်လုံးကို ထိထိရောက်ရောက် သုံးကြရအောင်။


အိုင်ဖုန်းသုံးသူတိုင်းလိုလို တစ်ချိန်မဟုတ် တစ်ချိန် Siri ကို သုံးဖြစ်ကြမှာပါ။ Siri ဆိုတာကတော့ iOS မှာ သုံးတဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ် တစ်ကိုယ်ရေသုံးအကူအက်ပ်တစ်ခုဖြစ်ပါတယ်။ Siri အက်ပ်လေးကို နှိပ်ထားပြီး ကိုယ်သိလိုရာကို မေးမြန်းနိုင်သလို အမြန်ဖြေဆိုပေးနိုင်တာကြောင့် နောက်ထွက်အန်းဒရိုက်တွေကတောင် အတုယူရတဲ့ Apple ရဲ့ တီထွင်ချက်တစ်ခု ဖြစ်ပါတယ်။
iOS 9 နဲ့ ထွက်လာတဲ့ iPhone နဲ့ iPad တွေမှာဆိုရင် ထိစရာတောင် မလိုဘဲ အင်တာနက်ဖွင့်ပြီး Hey Siri လို့ ပြောလိုက်ရုံနဲ့ ကိုယ့်မေးသမျှကို ဖြေပေးနိုင်အောင် အဆင့်မြင့်လာပါတယ်။ Siri ဟာ လုံးဝပြီးပြည့်စုံတဲ့ ဒစ်ဂျစ်တယ်အကူ ဖြစ်ပြီလို့ မပြောနိုင်ပါဘူး။ Siri ဟာ အက်ပလီကေးရှင်းတိုင်းကို ရယူလို့ မရနိုင်သလို သူ့ ကို သုံးဖို့ ဆို အင်တာနက်ရှိပြီးသား ဖြစ်မှ သုံးရတာတွေ ရှိပါတယ်။ သို့ သော်လည်း Siri ရဲ့ လုပ်ဆောင်နိုင်စွမ်းများထဲမှာ လူသုံးနည်းပြီး အသုံးတည့်တဲ့ လုပ်ဆောင်ချက်လေးတွေ ရှိနေပါတယ်။
(၁) ဓါတ်ပုံတွေကို နေရာပြောပြီး ရှာနိုင်ပါတယ်။

အိုင်ဖုန်းနဲ့ ရိုက်ကူးခဲ့သမျှ ဓါတ်ပုံထောင်ပေါင်းများစွာထဲကမှ နေရာအလိုက် ဓါတ်ပုံရှာမယ်ဆိုရင် ရှာရလွယ်မှာပါ။ အိုင်ဖုန်းရဲ့ Camera app မှာ Location Services ကို ဖွင့်ထားသမျှ ကိုယ့်ဖုန်းမှာ ရှိသမျှ ဓါတ်ပုံတစ်ပုံချင်းစီကို နေရာခွဲပြီး သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Siri ကို ဖွင့်ပြီး နေ့ အလိုက် ၊ နှစ် လ အလိုက်ရော ရှာလို့ ရသလို ဘယ်မြို့ မှာ ရိုက်ထားတဲ့ ပုံရှာပေးပါ လို့ ပြောလို့ ရပါတယ်။ ဥပမာ - ချောင်းသာမှာ ဓါတ်ပုံရိုက်ခဲ့တယ်ဆိုရင် Find photos I took in Chaung Tar လို့ ပြောလိုက်တာနဲ့ Siri ဟာ ချောင်းသာမှာ ရိုက်သမျှကို ပြန်ပြီး ထုတ်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၂) အိမ်ရောက်ရင် ဒါလေး သတိပေးပါ လို့ လည်း ခိုင်းနိုင်ပါတယ်။

Siri ကို သုံးပြီး လတ်တလောအတွက် နေရာပေါ်မူတည်ပြီး သတိပေးဖို့ လည်း စေခိုင်းနိုင်ပါတယ်။ နမူနာပြောရရင် သင်ဟာ စာမျက်နှာတစ်ခုကို ရှာနေပြီး နောက်လည်း ပြန်ကြည့်ဖို့ သတိရချင်တယ်ဆိုရင် "ဒါလေး" ကိုတော့ ပြန်သတိပေးပါ လို့ ပြောရင် Siri ဟာ ဒီစာမျက်နှာကို ပြောတယ်ဆိုတာ နားလည်နိုင်ပြီး သတိပေးနိုင်ပါတယ်။ ဒီနေရာမှာ နေရာအစား အချိန်သတ်မှတ်ပြီးလည်း သတိပေးခိုင်းနိုင်ပါတယ်။
(၃) Bluetooth ဖွင့်ပါ။

iOS မှာပါတဲ့ Settings app မှာ လူတိုင်းမသိနိုင်တဲ့ features တွေ အများကြီး ပါရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်က setting ဘယ်အပိုင်းမှာ ဘာရှိတယ်ဆိုတာ သိပေမယ့် အဲဒီကို သွားဖို့ က အဆင့်ပေါင်းများစွာ ဖြတ်သွားရဖို့ လိုအပ်ပါတယ်။ ဒါမျိုးဆိုရင် Siri ကို သာ ပြောလိုက်ပါ။ ဆိုပါစို့ ။ Do Not Disturb လိုမျိုး feature ကို သွားဖို့ ဆိုရင် အဆင့်ဆင့် ဝင်နေရတာကြောင့် ကိုယ်ကနေ Siri ကို Do Not Disturb ကို ဖွင့်ပါ လို့ ပြောလိုက်ရင် ချက်ချင်း ဝင်နိုင်မှာ ဖြစ်ပါတယ်။ Siri ဟာ Personal Hotspot ကို မဖွင့်နိုင်ပေမယ့် အဲဒီ feature ကို ဝင်လို့ ရမယ့် screen ကို တိုက်ရိုက်ပြောနိုင်ပါတယ်။
(၄) စားပွဲတင်ဇွန်းတွေထဲမှာ လက်ဖက်စားဇွန်း ဘယ်နှစ်ဇွန်းပါသလဲ။

တစ်ခါတစ်လေ ကြံကြံဖန်ဖန် ဟင်းချက်ရင်း ဟိုဟာဒီဟာ ဘယ်နှစ်မျိုးပါသလဲ ချိန်ဆရတာမျိုးတွေမှာ အချိန်ပုပ်သွားတတ်ပါတယ်။ ဆိုပါစို့ ။ ကြက်ဥကြော်ထဲ ဆားလက်ဖက်စားတစ်ဇွန်းခပ်ချင်တယ်။ ကိုယ့်မှာက ဇွန်းအကြီးစားတစ်မျိုးတည်းပဲ ရှိတာမို့ ဘယ်လောက်ဆို လက်ဖက်စားတစ်ဇွန်းစာရှိမလဲ သိချင်ရင် Hey Siri လို့ စပြောပြီးတာနဲ့ ကိုယ်သိလိုရာကို မေးလို့ ရပါတယ်။ ဒါမျိုး တစ်ခြား သင်္ချာအတိုင်းအတာတွေ ဖြစ်တဲ့ သကြားတစ်ပေါင်မှာ ဘယ်နှစ်ကီလို လေးမလဲ စတာတွေပါ ပေါက်ပေါက်ရှာရှာမေးနိုင်ပါတယ်။
(၅) ကိုယ့်ဆီလာတဲ့ မက်ဆေ့တွေ ဖတ်ခိုင်းမလား။

ကိုယ်က ကားမောင်းရင်း မအားမလပ်ဖြစ်နေချိန် မက်ဆေ့ဝင်လာပြီဆိုရင်လည်း Siri သုံးပြီး ကိုယ့်အစား မက်ဆေ့တွေ ရှာဖွေ ဖတ်ခိုင်းလို့ ရပါတယ်။ ဒါဆိုရင် Siri ကနေ မက်ဆေ့ဖတ်ပေးသွားမှာပါ ။ ပြီးတာနဲ့ ဒီမက်ဆေ့ကို Reply ပြန်မလားလို့ မေးပါလိမ့်မယ်။ ကိုယ်ကနေ ပြန်ပြီး စာပို့ မယ်လည်း ပို့ လို့ ရသလို မပို့ ချင်ရင်လည်း No လို့ ပြောလိုက်တာနဲ့ ပြီးသွားမှာပါ။
(၆) ကြယ်လေးပွင့်စားသောက်ဆိုင်မှာ ကြိုတင်ဘွတ်ကင်လုပ်မယ်ဆိုရင်လည်း ဖြစ်တယ်။

ဒီညတော့ ဘယ်မှာ သွားစားရမလဲ မသိသေးဘူးဆိုပါတော့။ Siri က ဧည့်ကြိုတစ်ဦးလို ဝန်ဆောင်မှုပေးနိုင်ပါတယ်။ Yelp လိုမျိုးအက်ပ်တစ်ခုသုံးပြီး ကိုယ်စားချင်တဲ့ စားသောက်ဆိုင်အဆင့်အတန်း ၊ နေရာ နဲ့ ဘယ်လိုဆိုင်မျိုးစားချင်တယ်ဆိုတာကို စားသောက်ဆိုင်စာရင်းအလိုက် ရွတ်ပြပေးသွားမှာပါ။ တကယ်လို့ ကိုယ်ရွေးလိုက်တဲ့ စားသောက်ဆိုင်မှာ OpenTable လို့ ခေါ်တဲ့ နေရာလွတ်ရှိနေတယ်ဆိုရင် Siri ဟာ ကိုယ့်ကိုယ်စား နေရာကြိုပြီး ဘွတ်ကင်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
(၇)အပေါ်ထပ်မီး ဖွင့်ကြမယ်။
play

စမတ်ဟုမ်းလို့ ခေါ်တဲ့ နည်းပညာမြင့်အိမ်တွေမှာ သုံးတဲ့ စမတ်မီးလုံးတွေကို HomeKit နဲ့ ချိတ်ထားတယ်ဆိုရင် Siri ကနေတစ်ဆင့် သင့်ကိုယ်စား မီးဖွင့်ပေးသွားနိုင်ပါတယ်။ ဒီလို မီးပိတ်မီးဖွင့်လုပ်ရာမှာ ကိုယ့်စကားလုံးနဲ့ ကို အမိန့် တွေ ပေးထားနိုင်ပါတယ်။ ဥပမာ Good Night လို့ ပြောလိုက်တာနဲ့ အောက်ထပ်က မီးတွေကို ပိတ်ပေးပြီး အပေါ်ထပ်က မီးတွေကို ဖွင့်ပေးနိုင်သလို တံခါးတွေကိုလည်း လော့ခ်ချပေးနိုင်ပါတယ်။
(၈) နှိုးစက်ပေးကြရအောင်။

ကိုယ်သုံးတဲ့ အိုင်ဖုန်းကို အဆင့်မြင့်နှိုးစက်နာရီတစ်လုံးလို လုပ်လို့ ရပါတယ်။ ဒါပေမယ့်လည်း နှိုးစက်ပေးရာမှာ အချိန်နဲ့ နေ့ ရက်နာရီတွေကို သတ်မှတ်ဖို့ ဆိုတာ အဆင့်တွေ အများကြီးဝင်ပြီး ချိန်ရတာပါ။ ဒါမျိုးကို Siri ကို ဖွင့်ပြီး ပြောလိုက်တာနဲ့ အလွယ်ကလေး နှိုးစက် နာရီချိန်ပေးထားနိုင်ပါတယ်။ အချိန်မှတ်ရာမှာ ၁၀ မိနစ် ၁၅ မိနစ်ဆိုသလို ကိုယ်နားချင်တဲ့အချိန်လေးတွေ သတ်မှတ်ပြီး မှတ်ပေးထားဖို့ Siri ကို ပြောထားလို့ ရပါတယ်။
(၉) သီချင်းနာမည်လည်း ပြောပေးပါတယ်။

တစ်ခါတစ်လေ ကိုယ်က ဖုန်းလေးဖွင့်ပြီး သီချင်းလေးနားထောင်နေတယ် ။ သီချင်းရဲ့ နာမည်ကို မသိဘူး ဖြစ်နေတယ်ဆိုရင်လည်း Siri ကိုမေးလို့ ရပါတယ်။ ဒီလို မေးချင်တယ်ဆိုရင် Shazams လို့ ခေါ်တဲ့ သီချင်းတွေအကြောင်း ထည့်ထားတဲ့ အက်ပ်နဲ့ ချိတ်ထားရပါမယ်။ ဒါဆိုရင် သီချင်းတစ်ပုဒ်အကြောင်း မေးလိုက်တာနဲ့ Siri ဟာ Shazams နဲ့ သွားချိတ်ပြီး သီချင်းနာမည်နဲ့ ဆိုတဲ့ အဆိုတော်အကြောင်း ပြောပေးမှာပါ။ ပြီးတာနဲ့ ဒီသီချင်းကို My Shazams ဆိုတဲ့ စာရင်းလေးထဲသွားသိမ်းထားမှာ ဖြစ်ပြီး နောက်ကိုယ်လိုချင်ရင် ဒီအထဲ အလွယ်နဲ့ ရှာပေးသွာနိုင်မှာ ဖြစ်ပါတယ်။
(၁၀) တေးရေးတေးဆို အဆိုတော်များထဲကမှ ထိပ်တန်းသီချင်းများကို ဖွင့်ခိုင်းနိုင်ပါတယ်။

Siri ဟာ Music app ထဲမှာ ပါတဲ့ သီချင်းတိုင်းကို ဖွင့်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်အနေနဲ့ Apple Music မှာ ကြေးသွင်း subscribe လုပ်ထားတယ်ဆိုရင် ပိုပြီးတောင်မှ ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။ Apple Music နဲ့ ချိတ်ထားပြီး သူ့ သီချင်းအမျိုးအစားစုစည်းမှု playlist နဲ့ တကွ သီချင်းပေါင်း သန်း ၃၀ အထိ အလွယ်တကူ ဆွဲထုတ်ပြီး ဖွင့်ခိုင်းလို့ ရပါတယ်။ သီချင်းစုစည်းမှုထဲမှာမှ တေးရေးတေးဆို အဆိုတော်တွေ ဆိုတဲ့ ထိပ်တန်းသီချင်းတွေကို ရွေးပြီး ဖွင့်ခိုင်းလို့ ရပါတယ်။
Siri ဟာ စမတ်ဖုန်းဒစ်ဂျစ်တယ်အကူများထဲမှာ အဆင့်မြင့်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ယခုပြောခဲ့တဲ့ လုပ်ဆောင်ချက်တွေကို လူတိုင်း သိနိုင်ခဲ ပါတယ်။ ဖုန်းတစ်လုံးရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို သိနိုင်ဖို့ ဆိုရင် အခုပြောခဲ့တဲ့ မိမိတို Siri ရဲ့ လုပ်ဆောင်ချက်ကို အကျိုးရှိရှိ အသုံးချခြင်းအားဖြင့် အိုင်ဖုန်းတစ်လုံးကို ကိုင်ရာမှာ ယခင်ကထက် ထူးထူးခြားခြား ပိုမိုလွယ်ကူအဆင်ပြေလာမှာ ဖြစ်ပါတယ်။
ဓူဝံ

No comments:

Post a Comment