မြန်မာ့တပ်မတော် စတင် တည်ထောင်သူ ၊ တပ်မတော်၏ ဖခင်
မြန်မာ့လွတ်လပ်ရေးဗိသုကာ
သခင်အမည် ။ သခင်အောင်ဆန်း
ဗိုလ်အမည် ။ ဗိုလ်တေဇ
အဘအမည် ။ ရှေ့နေ ဦးဖာ
အမိအမည် ။ ဒေါ်စု
မွေးသက္ကရာဇ် ။ ၁၃ . ၂ . ၁၉၁၅
မွေးရပ် ။ နတ်မောက်မြို့ ၊ မကွေးခရိုင်
ပညာအရည်အချင်း ။ ၀ိဇ္ဇာဘွဲ့
ကျဆုံး ။ ၁၉၄၇ ဇူလိုင် ၁၉ရက်နေ့တွင် ဂဠုန်ဦးစော၏ နောက်လိုက်များက
လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါသည် ။ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်
ပါသည် ။
(၂ )
သခင်အမည် ။ သခင် ရှုမောင်
ဗိုလ်အမည် ။ ဗိုလ်နေ၀င်း
အဘအမည် ။ ဦးဖိုးခ
အမိအမည် ။ ဒေါ်မိလေး
မွေးသက္ကရာဇ် ။၆.၇.၁၉၁၀
မွေးရပ် ။ ပေါင်းတည်မြို့ ၊ ပြည်ခရိုင်
ပညာအရည်အချင်း ။ တက္ကသိုလ် ဥပစာသိပ္ပံ ( ခ )တန်း
ကွယ်လွန် ။ ၂၀၀၂ ဒီဇင်ဘာ (၅)ရက် ၊ ရန်ကုန်မြို့
( ၃ )
သခင်အမည် ။ သခင် ကျော်စိန်
ဗိုလ်အမည် ။ ဗိုလ်မိုးညို
အဘအမည် ။ ဦးဘရှင်
အမိအမည် ။ ဒေါ်ငွေသင်
မွေးသက္ကရာဇ် ။ ၅.၁၀.၁၉၁၇ (တချို့စာများတွင် 6 Oct ဟု တွေ့ရ)
မွေးရပ် ။ ကမာရွတ် ၊ ရှမ်းစုရွာ ၊ ရန်ကုန်မြို့
ပညာအရည်အချင်း ။ စိန်ကျွန်းကျောင်း(ယခု အထက(၂) ၊လသာ)
ကွယ်လွန် ။ ၁၉၆၀ ခုနှစ် ဧပြီလ ( ၉ )ရက်နေ့ ၊ ရန်ကုန်မြို့
( ၄ )
သခင်အမည် ။ သခင် ခင်မောင်ဦး
ဗိုလ်အမည် ။ ဗိုလ်တာရာ
အဘအမည် ။ ဦးကောက်
အမိအမည် ။ ဒေါ်လွန်း
မွေးသက္ကရာဇ် ။ ၁၃.၄.၁၉၁၉
မွေးရပ် ။ ပျဉ်းမနားမြို့
ပညာအရည်အချင်း ။ ဒဿမတန်းအောင်မြင်
ကွယ်လွန် ။ ၁၉၉၃ ခုနှစ် ဖေဖေါ်ဝါရီလ ( ၆ ) ရက်နေ့ ၊ ရန်ကုန်မြို့
( ၅ )
သခင်အမည် ။ သခင် ငွေ
ဗိုလ်အမည် ။ ဗိုလ်စောအောင်
အဘအမည် ။ ဦးဘိုးညွန့်
အမိအမည် ။ ဒေါ်ရွှေမှတ်
မွေးသက္ကရာဇ် ။ ၂၈.၄.၁၉၁၄
မွေးရပ် ။ ကမာရွတ် ၊ရှမ်းစုရွာ ၊ ရန်ကုန်မြို့
ပညာအရည်အချင်း ။ အင်္ဂလိပ် - မြန်မာ သတ္တမတန်းအထိ ပညသင်ကြားခဲ့
ကျဆုံး ။ ရွှေကျင်မြို့သိမ်းတိုက်ပွဲဆင်နွဲစဉ် ၁၉၄၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆ )
ရက်နေ့ ၁၁၀၀ချိန်တွင် ကျဆုံး ။ စစ်မြေပြင်တွင် ပထမဆုံးကျဆုံးသော
ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပါသည် ။
( ၆ )
သခင်အမည် ။ သခင် စောလွင်
ဗိုလ်အမည် ။ ဗိုလ်မင်းခေါင်
အဘအမည် ။ ဦးသောကြာ
အမိအမည် ။ ဒေါ်ကြော့
မွေးသက္ကရာဇ် ။ ၁၈.၁၀.၁၉၂၀
မွေးရပ် ။ ကြို့ပင်ကောက် ၊ သာယာဝတီခရိုင်
ပညာအရည်အချင်း ။ ကြို့ပင်ကောက် မြို့မ အထက်တန်းကျောင်း
ကွယ်လွန် ။ ၁၉၈၃ ခုနှစ် သြဂုတ်လ ( ၂၄ )ရက်နေ့ ၊ ရန်ကုန်မြို့
( ၇ )
သခင်အမည် ။ သခင် စံမြ
ဗိုလ်အမည် ။ ဗိုလ်တောက်ထိန်
အဘအမည် ။ ဦးဘိုးအောင်
အမိအမည် ။ ဒေါ်ရွှေမြ
မွေးသက္ကရာဇ် ။ ၁၇. ၁. ၁၉၁၁
မွေးရပ် ။ ရမည်းသင်းခရိုင် ၊ ပျဉ်းမနားမြို့
ပညာအရည်အချင်း ။ သတ္တမတန်း
ကွယ်လွန် ။ ၁၉၉၆ ခုနှစ် ဧပြီလ ( ၁၈ )ရက်နေ့ ၊ ပျဉ်းမနားမြို့
( ၈ )
သခင်အမည် ။ သခင် စံလှိုင်
ဗိုလ်အမည် ။ ဗိုလ်အောင်
အဘအမည် ။ ဦးရွှေမှန်
အမိအမည် ။ ဒေါ်ဖော့
မွေးသက္ကရာဇ် ။ ၃၀.၈.၁၉၁၀
မွေးရပ် ။ ကျောက်တံခါးမြို့နယ် ၊ ပဲခူးတိုင်း
ပညာအရည်အချင်း ။ ပထမကြီးတန်းအောင်
ကွယ်လွန် ။ ၁.၁၁.၉၈
( ၉ )
သခင်အမည် ။ သခင် စိုး
ဗိုလ်အမည် ။ ဗိုလ်မြင့်အောင်
အဘအမည် ။ ဦးပန်း
အမိအမည် ။ ဒေါ်သက်ရှည်
မွေးသက္ကရာဇ် ။ ၁၄.၁၁.၁၉၁၇
မွေးရပ် ။ သူရဲတန်းကျေးရာ ၊ ပန်းတောင်းမြို့နယ်
ပညာအရည်အချင်း ။ အထက်တန်း
သတ်သေ ။ ၁၉၄၅ ခုနှစ် ဇွန်လ ( ၂၄ )ရက်နေ့တွင် နတ္တလင်းမြို့တွင်
ကိုယ့်ကိုယ်ကို သတ်သေခဲ့သည် ။
( ၁၀ )
သခင်အမည် ။ ကို ဆောင်း
ဗိုလ်အမည် ။ ဗိုလ်ထိန်ဝင်း
အဘအမည် ။ ဦးလွန်းမောင်
အမိအမည် ။ ဒေါ်ပွား
မွေးသက္ကရာဇ် ။ ၁၇.၅.၁၉၁၄(စက်တင်ဘာဟုလည်းရှိ)
မွေးရပ် ။ ရွှေကျင်မြို့ ၊ ပဲခူးတိုင်း
ပညာအရည်အချင်း ။ ၁၀ တန်းအောင်
ကွယ်လွန် ။ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၊ လန်ပန် ၊ ထိုင်းနိုင်ငံ
ထူးခြားချက် ။ ဂျပန်တွင် လက်မှုပညာအတတ်သင် တက္ကသိုလ်တွင် ပညာ
သင်ကြားနေစဉ် ဗိုလ်မှူးကြီး ဆူဇူကီး (ခေါ်) ဗိုလ်မိုးကြိုးနှင့် ဆက်သွယ်မိပြီး
ဂျပန်သို့ ရောက်ရှိနေသော သခင်အောင်ဆန်း ၊ သခင်လှမြိုင်တို့နှင့် ဆက်
သွယ်ရောက်ရှိခဲ့ ။
( ၁၁ )
သခင်အမည် ။ သခင် တင်အေး
ဗိုလ်အမည် ။ ဗိုလ်ဘုန်းမြင့်
အဘအမည် ။ ဦးဘ
အမိအမည် ။ ဒေါ်ရွှေခဲ
မွေးသက္ကရာဇ် ။ ၃.၁.၁၉၂၀
မွေးရပ် ။ ကွမ်းခြံရွာ ၊ လက်ပံတန်းမြို့နယ် ၊ သာယာဝတီခရိုင်
ပညာအရည်အချင်း ။ န၀မတန်းအောင်
ကွယ်လွန် ။ ၁၉၈၉ ခုနှစ် ဇူလိုင် ( ၂၈ )ရက်နေ့ ၊ လက်ပံတန်းမြို့
( ၁၂ )
သခင်အမည် ။ သခင် ထွန်းခင်
ဗိုလ်အမည် ။ ဗိုလ်မြင့်ဆွေ
အဘအမည် ။ ဦးဖိုးမောင်
အမိအမည် ။ ဒေါ်ငွေဝင်း
မွေးသက္ကရာဇ် ။ ၈.၄.၁၉၁၁
မွေးရပ် ။ သရက်ပင်ကျေးရွာ ၊ သဲကုန်းမြို့ ၊ ပြည်ခရိုင်
ပညာအရည်အချင်း ။ ဂျူနီယာကင်းဘရစ်အောင် ၊ ကိုလံဘိုမြို့ ၊ သီရိလင်္ကာ
ကွယ်လွန် ။ ၁၉၇၃ ခုနှစ် ဇန်န၀ါရီ (၂၃)ရက်နေ့ ၊ ရန်ကုန်မြို့
( ၁၃ )
သခင်အမည် ။ ကိုထွန်းရှိန်
ဗိုလ်အမည် ။ ဗိုလ်ရန်နိုင်
အဘအမည် ။ ဦးခန့်
အမိအမည် ။ ဒေါ်သန့်
မွေးသက္ကရာဇ် ။ ၂.၁၁.၁၉၁၈
မွေးရပ် ။ ကမ္မလေးကျေးရွာ ၊ အောင်လံမြို့
ပညာအရည်အချင်း ။ ၁၉၄၀ ဗမာ့နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ
အတွင်းရေးမှူး ၊ ရန်ကုန်တက္ကသိုလ်
ကွယ်လွန် ။ ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ( ၂၈ )ရက်နေ့ ၊ ရန်ကုန်မြို့
( ၁၄ )
သခင်အမည် ။ သခင် ထွန်းရွှေ
ဗိုလ်အမည် ။ ဗိုလ်လင်းယုန်
အဘအမည် ။ ဦးအောင်သိန်း
အမိအမည် ။ ဒေါ်ဒေါ်စိမ်း
မွေးသက္ကရာဇ် ။ ၁၉၁၇ ခုနှစ် အောက်တိုဘာလ
မွေးရပ် ။ တောင်ငူမြို့
ပညာအရည်အချင်း ။ သိရှိပါက ဖော်ပြပေးပါရန်
ကွယ်လွန် ။ ၁၉၇၄ ခုနှစ် ဧပြီလ ( ၈ )ရက်နေ့ ၊ ရန်ကုန်မြို့
( ၁၅ )
သခင်အမည် ။ သခင်ထွန်းလွင်
ဗိုလ်အမည် ။ ဗိုလ်ဗလ
အဘအမည် ။ ဦးကျော်ဟန်
အမိအမည် ။ ဒေါ်သိန်း
မွေးသက္ကရာဇ် ။ ၁၇.၃.၁၉၁၇
မွေးရပ် ။ ကျိုက်ပိရွာ ၊ မော်လမြိုင်ကျွန်းမြို့
ကွယ်လွန် ။ သိရှိပါက ဖော်ပြပေးပါရန်
( ၁၆ )
သခင်အမည် ။ သခင် ထွန်းအုပ်
ဗိုလ်အမည် ။ မရှိပါ ။
အဘအမည် ။ ဦးရွှေ
အမိအမည် ။ ဒေါ်ရွှေ
မွေးသက္ကရာဇ် ။ ၇.၁၂.၁၉၀၇
မွေးရပ် ။ သိုက်တောရွာ ၊ သဲကုန်းမြို့ ၊ ပြည်ခရိုင်
ကွယ်လွန် ။ ၁၉၇၀ ခုနှစ် ဇန်န၀ါရီလ ( ၂၃ ) ရက်နေ့ ၊ ရန်ကုန်မြို့
( ၁၇ )
သခင်အမည် ။ သခင် ဗဂျမ်း
ဗိုလ်အမည် ။ ဗိုလ်လရောင်
အဘအမည် ။ ဦးသာဒွား
အမိအမည် ။ ဒေါ်ငွေသင်
မွေးသက္ကရာဇ် ။ ၂၈.၅.၁၉၁၁
မွေးရပ် ။ သူဌေးကုန်းရပ်ကွက် ၊ မင်းဘူးမြို့
ပညာအရည်အချင်း ။ တန်းမြင့်ကျောင်းထွက်
ကွယ်လွန် ။ ၁၉၆၉ ခုနှစ် ဇူလိုင်လ ( ၉ )ရက်နေ့ ၊ ရန်ကုန်မြို့
(၆၈ ခုနှစ်တွင် ကွယ်လွန်ဟုလည်း သိရ)
( ၁၈ )
သခင်အမည် ။ သခင် မောင်မောင်
ဗိုလ်အမည် ။ ဗိုလ်ဉာဏ
အဘအမည် ။ ဦးဘပု
အမိအမည် ။ ဒေါ်မြစ်
မွေးသက္ကရာဇ် ။ ၁၉၁၄ ခုနှစ်
မွေးရပ် ။ ကျောက်တိုင်တောင် ကျေးရွာ ၊ ဖြူးမြို့နယ်
ပညာအရည်အချင်း ။ သတ္တမတန်း
ကျဆုံး ။ ၁၉၄၂ ခုနှစ် ဧပြီလ ( ၄ ) ရက်နေ့တွင် ဖာပွန်မြို့၌ ငြိမ်ဝပ်ပိပြားရေး
တာဝန်များထမ်းဆောင်နေစဉ် ကရင်လက်နက်ကိုင်တပ်များ၏ ချုံခိုတိုက်ခိုက်
မှုကြောင့် ကျဆုံးခဲ့ပြီး ခေါင်းဖြတ်ယူသွားခြင်း ခံရသည် ။ တတိယမြောက်
ကျဆုံးသွားသော ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည် ။
( ၁၉ )
သခင်အမည် ။ ကိုရွှေ
ဗိုလ်အမည် ။ ဗိုလ်ကျော်ဇော
အဘအမည် ။ ဦးပန်း
အမိအမည် ။ ဒေါ်တင့်
မွေးသက္ကရာဇ် ။ ၃၀.၁၁.၁၉၁၈
မွေးရပ် ။ ဆိုင်းစုကျေးရွာ ၊ သုံးဆယ်မြို့
ပညာအရည်အချင်း ။ အထက်တန်း
ကွယ်လွန် ။ ၁၈.၁၀.၂၀၁၂
( ၂၀ )
သခင်အမည် ။ သခင် လှ
ဗိုလ်အမည် ။ ဗိုလ်မင်းရောင်
အဘအမည် ။ ဦးဖိုးထင်း
အမိအမည် ။ ဒေါ်သင်းမြိုင်
မွေးသက္ကရာဇ် ။ ၂၆.၉.၁၉၁၇
မွေးရပ် ။ ရေကျော်ရပ်ကွက် ၊ ပုဇွန်တောင်မြို့နယ်
ပညာအရည်အချင်း ။ ဒဿမတန်း
ကွယ်လွန် ။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ( ၆ )ရက် ၊ ရန်ကုန်မြို့
( ၂၁ )
သခင်အမည် ။ သခင် လှဖေ
ဗိုလ်အမည် ။ ဗိုလ်လင်္ကျာ
အဘအမည် ။ ဦးစိန်သွင်
အမိအမည် ။ ဒေါ်ကျင်မြိုင်
မွေးသက္ကရာဇ် ။ ၃၀.၈.၁၉၁၁
မွေးရပ် ။ ပျဉ်းမနား
ပညာအရည်အချင်း ။ ရန်ကုန်တက္ကသိုလ်
ကျဆုံး ။ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ( ၂၇ )ရက်နေ့တွင် ဦးနု၏ ပြည်ပြေးအဖွဲ့
တွင် ခေါင်ဆောင်တစ်ဦးအနေဖြင့် တာဝန်ယူနေစဉ် ထိုင်း - မြန်မာနယ်စပ်အ
နီး ပရာကျွတ်စခန်းတွင် ကေအင်ယူ ရွှေဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားရာတွင်
ကျဆုံးခဲ့သည် ။
( ၂၂ )
သခင်အမည် ။ ကိုလှမောင်
ဗိုလ်အမည် ။ ဗိုလ်ဇေယျ
အဘအမည် ။ ဦးချစ်မောင်
အမိအမည် ။ ဒေါ်စိန်တိုင်
မွေးသက္ကရာဇ် ။ ၁၀.၁၂.၁၉၁၃
မွေးရပ် ။ နန်းတော်ရှေ့ရွာ ၊ အလုံမြို့နယ်
ပညာအရည်အချင်း ။ ၀ိဇ္ဇာဘွဲ့
ကျဆုံး ။ ၁၉၄၈ခုနှစ် သြဂုတ်လ ( ၁၀ ) ရက်နေ့ ဗမာ့တပ်မတော်တပ်ရင်း
အချို့တောခိုရာ၌ ပါဝင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီတွင် ဗဟိုကော်မတီဝင်
ဖြစ်လာခဲ့သည် ။ ၁၉၆၈ ခုနှစ် ဧပြီလ ( ၁၆ )ရက်နေ့တွင် ဗမာ့တပ်မတော်မှ
ဗကပဌာနချုပ်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်စဉ် ကျဆုံးခဲ့သည် ။
( ၂၃ )
သခင်အမည် ။ သခင် လှမြိုင်
ဗိုလ်အမည် ။ ဗိုလ်ရန်အောင်
အဘအမည် ။ ဦးဘအောင်
အမိအမည် ။ ဒေါ်သိန်းမြတ်
မွေးသက္ကရာဇ် ။ ၂.၃.၁၉၁၇
မွေးရပ် ။ ဒါးပိန်ကျေးရွာ ၊ လှည်းကူးမြို့နယ်
ပညာအရည်အချင်း ။ ဒဿမတန်းအောင်
ကျဆုံး ။ ၁၉၄၈ ခုနှစ်တွင် တောခိုပြီး ဗကပ၏ ဖြုတ် ထုတ် သတ် လမ်းစဉ်
အရ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလ ( ၂၆ ) ရက်နေ့တွင် ပဲခူးရိုးမရှိ ဗကပ ဌာနချုပ်
ဗဟိုစခန်း၌ လူငယ်များ ၊ အမျိုးသမီးများနှင့် ကင်းအဖွဲ့ဝင်များ၏ သတ်ဖြတ်
ခြင်း ခံရသည် ။
( ၂၄ )
သခင်အမည် ။ သခင် သစ်
ဗိုလ်အမည် ။ ဗိုလ်စောနောင်
အဘအမည် ။ ဦးဘိုးညွန့်
အမိအမည် ။ ဒေါ်ရွှေမှတ်
မွေးသက္ကရာဇ် ။ ၂.၉.၁၉၂၀
မွေးရပ် ။ ရှမ်းစုရပ် ၊ ကမာရွတ်မြို့နယ်
ပညာအရည်အချင်း ။ သတ္တမတန်း
ကွယ်လွန် ။ ၁၉၇၆ ခုနှစ် ဇန်န၀ါရီလ ( ၃၀ )ရက်နေ့ ၊ ရန်ကုန်မြို့
( ၂၅ )
သခင်အမည် ။ သခင် သန်းညွန့်
ဗိုလ်အမည် ။ ဗိုလ်ဇင်ယော်
အဘအမည် ။ ဦးပို
အမိအမည် ။ ဒေါ်နှင်းမြ
မွေးသက္ကရာဇ် ။ ၂၁. ၁၁.၁၉၁၉
မွေးရပ် ။ အေးရွာ ၊ ခရမ်းမြို့နယ်
ပညာအရည်အချင်း ။ န၀မတန်းအောင်မြင်
ကွယ်လွန် ။ ၁၉၉၃ ခုနှစ် ဒီဇင်ဘာ( ၃၁ )ရက်နေ့ ၊ ရန်ကုန်မြို့
( ၂၆ )
သခင်အမည် ။ သခင် သန်းတင်
ဗိုလ်အမည် ။ ဗိုလ်သန်းတင်
အဘအမည် ။ ဦးမောင်
အမိအမည် ။ ဒေါ်စိုး
မွေးသက္ကရာဇ် ။ ၂၇.၈.၁၉၂၀
မွေးရပ် ။ ညောင်ပင်ဆိပ်ရွာ ၊ မော်လမြိုင်မြို့
ပညာအရည်အချင်း ။ သိရှိက ဖော်ပြပေးပါရန်
ကွယ်လွန် ။ ဂျပန်သို့ စစ်ပညာသင်ရန်အသွားတွင် ဖျားနာ၍ ဆေးရုံတက်
ရောက်ရာ အူအတက်ပေါက်မှုကို ခွဲစိတ်ကုသမှု ခံယူစဉ် ကွယ်လွန်ခဲ့ရာ
ရဲဘော်သုံးကျိပ်တွင် ပထမဆုံး ကွယ်လွန်သူအဖြစ် မှတ်တမ်းတင်ခဲ့သည် ။
( ၂၇ )
သခင်အမည် ။ သခင် သန်းတင်
ဗိုလ်အမည် ။ ဗိုလ်မြဒင်
အဘအမည် ။ ဦးမောင်ဖေ
အမိအမည် ။ ဒေါ်ရွှေဖန်
မွေးသက္ကရာဇ် ။ ၁၉၂၀
မွေးရပ် ။ အုတ်ဖိုမြို့ ၊ သာယာဝတီခရိုင်
ပညာအရည်အချင်း ။ သတ္တမတန်း
ကွယ်လွန် ။ မြန်မာနိုင်ငံသို့ ရှေ့ပြေးဝင်ရောက်စဉ် ထိုင်း - မြန်မာ နယ်စပ်
အရောက် ငှက်ဖျားရောဂါဖြစ်ပွား၍ ဇင်းမယ်ဆေးရုံ၌ တက်ရောက်ကုသနေ
စဉ် ကွယ်လွန်ခဲ့ရာ ဒုတိယမြောက်ကွယ်လွန်သူအဖြစ် မှတ်တမ်းတင်ခဲ့သည်။
( ၂၈ )
သခင်အမည် ။ သခင် အေးမောင်
ဗိုလ်အမည် ။ ဗိုလ်မိုး
အဘအမည် ။ ဦးဖိုးမှီ
အမိအမည် ။ ဒေါ်အေးတင်
မွေးသက္ကရာဇ် ။ ၂၁.၃.၁၉၁၈
မွေးရပ် ။ ရန်ကုန်မြို့
ပညာအရည်အချင်း ။ ဒဿမတန်း
ကျဆုံး ။ ၁၉၄၂ ခုနှစ် မတ်လ ( ၈ ) ရက်နေ့ ဖူးကြီးတွင် ဗြိတိသျှတပ်များနှင့်
တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်ဦးမှ အမိန့်ပေးနေစဉ် ရန်သူ၏ ကျည်သင့်၍
ကျဆုံးခဲ့ရာ ရဲဘော်သုံးကျိပ်တွင် ဒုတိယမြောက် ကျဆုံးခဲ့သူဖြစ်သည် ။
( ၂၉ )
သခင်အမည် ။ သခင် အောင်သန်း
ဗိုလ်အမည် ။ ဗိုလ္စႀကာၤ
အဘအမည် ။ ဦးမြတ်သာ
အမိအမည် ။ ဒေါ်သန်းတင်
မွေးသက္ကရာဇ် ။ ၁.၇.၁၉၁၅
မွေးရပ် ။ ရန်ကုန်မြို့
ပညာအရည်အချင်း ။ သိရှိက ဖော်ပြပေးပါရန်
ကွယ်လွန် ။ ဦးနုခေါင်းဆောင်သော ပြည်ပြေးအဖွဲ့တွင်ပါဝင်ခဲ့ပြီး ၁၉၆၉ခုနှစ်
စက်တင်ဘာ ( ၆ ) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကွယ်လွန်ခဲ့သည် ။
( ၃၀ )
သခင်အမည် ။ ကိုအောင်သိန်း
ဗိုလ်အမည် ။ ဗိုလ်ရဲထွဋ်
အဘအမည် ။ ဦးဘိုးလွန်
အမိအမည် ။ ဒေါ်စောရှင်
မွေးသက္ကရာဇ် ။ ၂၅.၂.၁၉၂၂
မွေးရပ် ။ တာမွေကလေးရပ် ၊ ရန်ကုန်မြို့
ပညာအရည်အချင်း ။ ဒဿမတန်းအောင်မြင်
ကွယ်လွန် ။
#credit