Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 7, 2017

စစ်ဗိုလ်ကြီးလှဆွေရဲ့ အောင်မြင်သူကို အကိုကြီး မခေါ်ဘူး


စစ်ဗိုလ်ကြီးလှဆွေရဲ့ အောင်မြင်သူကို အကိုကြီး မခေါ်ဘူးဆိုပီး
ရှယ်ထားတဲ့ post တစ်ခု fri တစ်ယောက်ကပေးလို့တွေ့ရပါတယ်။
စီနီယာ တစ်ယောက်အနေနဲ့ ကိုယ့်ညီလိုသဘောထားပြီးပြောတာပါ။
ဆရာလုပ်ချင်လို့ အကိုကြီးအခေါ်ခံခြင်လို့မဟုတ်ပါဘူး။
လမ်းဘေးက သူတောင်းစားတစ်ယောက်လမ်းပေါ်မှာ
သေးကော့ပန်းနေရင်ဘာမှပြောစရာမလိုဘူး
သူတောင်းစားပဲ သေးကော့ပန်းတာ မဆန်းပါဘူး။
စစ်ဗိုလ်ကြီးကိုဘာလို့ပြောလဲဆိုတော့ တပ်မတော်ကိုချစ်လို့ပါ
စစ်ဗိုလ်ကြီးလုပ်ကိုင်နေတာ စစ်ဗိုလ်ကြီးအတွက်ပြသနာမရှိပေမဲ့
လူတွေက လှဆွေ ဆိုတာစစ်ဗိုလ်ကြီးလို့သိထားတော့
တပ်မတော်မှာဒီလိုစောက်ရူးတွေရှိပါလားလို့ယူဆပြီးတပ်နာမည်
ပျက်မှာစိုးလို့ဖြစ်ပါတယ်။
အောင်မြင်သူဆိုတာလေးစားစရာမရှိပါဘူး
အောင်မြင်သူစာတွေဖတ်ကြည့်ပါ
လေးတန်းအရွယ်ကစပြီး အရက်သောက်ပါတယ်
၇ တန်းမှာ show ရိုက်တတ်နေပါပြီ
မိန်းမ ကိစ္စမကင်းပါဘူး ရော့ပတ္တမြားရော့နဂါးပါ
သူငယ်တန်းကစပြီးတက္ကသိုလ်ထိ ခင်မင်ခဲ့ဖူးတဲ့မိန်းကလေးတွေမေး
ကြည့်ပါ။အောင်မြင်သူဘယ်မိန်းကလေးကိုမှ မစောကားဖူးဘူး
အရက်သောက်ပြီးမူးမရန်းဖူးဘူး
ဖဲလိမ်မရိုက်ဖူးဘူး။သမ္မတ အကြံပေးဖဲလိမ်ရိုက်ခံရတယ်ဆိုတာ
စာအုပ်ထဲထဲ့ရေးပြီး သမ္မတဆီလက်ဆောင်ပေးပါတယ်။
ဒီတော့
အောင်မြင်သူကို အကိုကြီးခေါ်ဖို့ မထိုက်တန်ပါဘူး။
မလိုပါဘူး။
ဒါပေမဲ့
ဆိုးတဲ့နေရာပဲဖြစ်ဖြစ် ကောင်းတဲ့နေရာပဲဖြစ်ဖြစ်
ဘယ်သူနဲ့မဆိုယှဉ်ရဲပါတယ်။
စစ်သားပီပီ စစ်တိုက်တဲ့နေရာယှဉ်မလား
တိုက်ပွဲဘယ်လောက်တိုက်ခဲ့တယ်မပြောနဲ့
သူရဲကောင်းဘွဲ့ နှစ်ခါရတယ်
ကာကွယ်ရေး ဦးစီးချုပ်ချီးကျူးပြီးတပ်မတော်တစ်ရပ်လုံးဖြန့်တာ
ငါးကြိမ်ရှိပါတယ်။
တိုင်းမှူး တပ်မမှူးတွေ ကအကြိမ်ကြိမ်ပါ။
စည်းရုံးရေးပြောရအုံးမလား
တပ်မ ၄၄ စစ်ကြောင်းမှူးဘဝက တပ်မမှူး တပ်စစ်ရောက်တဲ့တပ်
တွေမှာ အရာရှိတွေကို
မင်းတို့ ခလရ ၈၁ ကဗိုလ်မှူးအောင်မြင်သူလိုပြည်သူကိုစည်းရုံး
ရမယ်။ဒီကောင်စည်းရုံးရေးကောင်းလို့ သတင်းရပီး စစ်ရေးအောင်
မြင်တယ် လိုတောင်ချီးမွန်းခံရပါတယ်။
ဒါနဲ့တောင်တပ်မှာရာထူးမရဘူးလားဆိုတော့
ရာထူးမတက်နိုင်အောင်
စစ်ရေး စည်းရုံးရေး အုပ်ချုပ် များ ရဲဘော်ကိုလေ့ကျင့်ပေးမှုအားနည်
းသည် ဆိုပြီးသောက်မြင်ကပ်ပုဒ်မ ၆၅ နဲ့။တိုင်မှူးဗိုလ်ချုပ်မောင်အေး
ရဲ့အရေးယူမှုခံရတာပါပဲ။
ဘာလို့အရေးယူခံရလဲဆိုတော့
ဖမ်းထားတဲ့လူ ၁၂ ယောက်ထဲက နှစ်ယောက်လွှတ်လိုက်တယ်။
လွှတ်တဲ့လူက ခွဲမှူးဗိုလ်မှူး ဗက လှမြင့်ရွှေ(လှမောင်ရွှေညီ)
သူ့မပြုတ်အောင်တာဝန်ယူတာက အောင်မြင်သူ
လွှတ်တဲ့လူက ဗိုလ်ချုပ်အဆင့်ထိရောက်သွားတယ်
တာဝန်ယူရဲတဲ့ကောင်က သိတဲ့အတိုင်းပဲ။

အမြောက်တပ်မှာနေတော့ မြန်မာ့တပ်မတော်မှာဘယ်သူမှ မလုပ်ဖူးတဲ့ Air OP Bell 206 တစ်စီး ပေးထားပြီးလုပ်ခိုင်တယ်။
စခန်းတွေ တိုက်မရတော့ ဦးစီးတက်နေတဲ့အောင်မြင်သူကို
Bell 206 နဲ့လာခေါ်ပြီးတိုက်ခိုင်းတယ်
တပ်မတော်မှာRAMBO လို့အခိုင်းခံရတဲ့စစ်ခေါင်းဆောင်မင်း
ကြားဖူးလား။
အောင်မြင်သူ အကြောင်းသိချင်တပ်ရင်းမှူးတပ်မှူးတွေ တပ်မမှူး
တွေမေးကြည့်နိုင်တယ်။
နေခဲ့တဲ့တပ်က အရာရှိရဲဘော်တွေမေကြည့်လို့ရတယ်။
ငွေကြေး
စစ်ဖက်နယ်ဖက် ကင်းတယ်
ပင်စင်ယူတော့အိုးတစ်လုံး ဖျာတစ်ချပ် မပိုင်ဘူး
မိဘ အမွေအနှစ်အိမ်မှာနေရတယ်။
တစ်ခုတော့ရှိတယ်
မဟုတ်တာ မမှန်တာ မလုပ်ခဲ့ဘူးဆိုတဲ့သိက္ခာတော့ပိုင်ဆိုင်တယ်။

ငါအခုရေး နေတဲ့စာတွေဟာပြည်သူ့အကျိုစာတွေပဲ။
တပ်မတော်သိက္ခာကျမဲ့အလုပ်မျိုးငါမလုပ်ဘူး။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်
ငါလေးစားတယ်။
သူနဲ့ဒို့နိုင်ငံသာမဟုတ်ဘူး ကမ္ဘာကကြိုက်တဲ့လူနဲ့ယှဉ်ကြည့်
တခြားအရည်အချင်းအသာထား
ကိုယ်ကျိုး သူလောက်စွန့်လွှတ်ပြီးပြည်သူတွေအတွက်
တစိုက်မတ်မတ်လုပ်တဲ့လူ မရှိဘူး
သူတိုင်းပြည်အတွက်လုပ်နေတာ မှားရင်မင်းထောက်ပြဝေဖန်
နိုင်တာပဲ။
မင်းရှောက်လုပ်နေတာတွေ မင်းမှန်တယ်ထင်ပေမဲ့
ပြည်သူတွေအမြင်မှာတော့ မင်းဟာစောက်ရူးလိုဖြစ်နေတယ်
ငါ့အမြင်မှာတော့ တပ်မတော်သိက္ခာကျတယ်။
စီနီယာ ဂျူနီယာ အသာထား
ငွေကြေးချမ်းသာမှုကလွဲရင်
ကြိုက်တာပြိုင်နိုင်ပါတယ်။
အောင်မြင်သူဆိုတဲ့ကောင်ကစိန်ခေါ်ရင် ငရဲပြည်အထိလိုက်ရဲတယ်
Aung Myin Thu
https://www.facebook.com/timeayeyar/posts/1346237532099831

No comments:

Post a Comment