Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 5, 2017

ဝင်ငွေအကောင်းဆုံး ထိပ်တန်းအွန်လိုင်းအလုပ် ၇ မျိုး


အိမ်မှာနေရင်း ဝင်ငွေရှာရအောင်။
ဒီနေ့ ခေတ်မှာ virtual office လို့ ခေါ်တဲ့ ကိုယ်ရောက်နေရာ အရပ်ကနေ လုပ်လို့ ရတဲ့ အလုပ်အကိုင်တွေ တစ်စထက်တစ်စ များများလာပါတယ်။ အင်တာနက်ခေတ်ကြီး ဖြစ်တာနဲ့ အညီ အလုပ်တာဝန်များကို အွန်လိုင်းကနေ လုပ်ဆောင်လို့ အဆင်ပြေလာတာကြောင့် အလုပ်အပ်သူနဲ့ အလုပ်လက်ခံသူကြားမှာ အရင်တုန်းကလို ကရိကထမများတော့ဘဲ လွယ်လင့်တကူ အလုပ်ဝန်ဆောင်မှုပေးနိုင်လာပါပြီ။ တိုးတက်ပြီး နိုင်ငံရပ်ခြားတိုင်းပြည်များမှာဆို ကိုယ့်အိမ်ကိုယ်ရာမှာတင် ကိုယ့်ရုံးအလုပ်နဲ့ ကိုယ် ဝင်ငွေရနေတဲ့ သူတွေ အများကြီး ရှိပါတယ်။ အလုပ်ရှိရာ မြို့ ထဲသွားမယ်ဆိုရင် ယာဉ်ကြောပြဿနာကြောင့် အလုပ်လည်း ဖင့်သလို အချိန်လည်း လင့်သွားတတ်ပါတယ်။ အိမ်မှာနေရင်းဖြစ်စေ ယုတ်စွအဆုံး လက်ဖက်ရည်ဆိုင်မှာပဲ အေးအေးဆေးဆေး လက်ဖက်ရည်သောက်ရင်း ဝင်ငွေကောင်းကောင်း ရှာနိုင်တဲ့ အလုပ်တွေ အများကြီးထဲကမှ ဝင်ငွေအများဆုံးရတဲ့ အွန်လိုင်းအလုပ် ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) Freelance Writer
play

ဒီနေ့ လို မီဒီယာတွေ ခေတ်ကောင်းနေပြီး အွန်လိုင်းမီဒီယာစာမျက်နှာများ ဝက်ဘ်ဆိုက်များကနေ ကိုယ့်ပင်ကိုယ်စွမ်းရည်အလိုက် ပိုက်ဆံကောင်းကောင်းရှာနိုင်တဲ့ ခေတ်ကြီးမှာ အလွတ်တန်းစာရေးဆရာလို့ ခေါ်ကြတဲ့ freelance Wirter များ ၊ Content writers များ နဲ့ social media ကျွမ်းကျင်သူများဟာ ဝင်ငွေကောင်းတဲ့သူများ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်များမှာဆို တိုက်ပိုင်စာရေးဆရာတွေလည်း ရှိထားပေမယ့် ဝက်ဘ်ဆိုက်အတော်များများဟာ ပြင်ပကနေ အလွတ်တန်းရေးပြီး သတင်းနဲ့ သုံးသပ်ချက်တွေ ရေးပေးမယ့် အလွတ်တန်းစာရေးဆရာများနဲ့ content creators များကို အမြဲလိုအပ်နေပါတယ်။ ဒီအလုပ်တွေဟာ ကျွမ်းကျင်မှုရှိဖို့ က အဓိကဆိုပေမယ့် ဝါသနာက အရေးကြီးပါတယ်။ ဝါသနာကြီးကြီးနဲ့ စွဲစွဲမြဲမြဲလုပ်တတ်သူများဟာ ဒီနယ်ပယ်မှာ တစ်ချိန်မဟုတ်တစ်ချိန် အောင်မြင်သွားမှာ ဖြစ်ပါတယ်။
(၂) Virtual Assistant
play

အွန်လိုင်းမှာ အလုပ်ခေါ်တဲ့ ခေါ်စာတွေထဲမှာ မကြာမကြာတွေ့ နေရတတ်တဲ့ အလုပ်နေရာကတော့ Virtual Assistant ရာထူးပဲ ဖြစ်ပါတယ်။ ဒီရာထူးဟာလည်း ဖန်တီးနိုင်စွမ်းအားကောင်းပြီး တင်ပြမှုကျွမ်းကျင်သူများနဲ့ သင့်လျော်တဲ့ အလုပ်တစ်ခုပါ။ စီးပွားရေး စီမံခံ့ခွဲမှုတာဝန်များ နဲ့ အဖွဲ့ အစည်းရဲ့ စီမံကိန်းများကို သာမန်ဝန်ထမ်းများသိအောင် ပညာသားပါပါနဲ့ တင်ပြပေးရတဲ့ အလုပ်ဖြစ်ပြီး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တစ်ခြား အထောက်အထားတွေဖြစ်တဲ့ အီးမေးလ်စုံစမ်းမှုများကို ဖြေဆိုခြင်း content များ ဖန်တီးခြင်း ၊ ထုတ်ပြန်ခြင်းများ စတဲ့ တာဝန်တွေကို သေသေသပ်သပ်နဲ့ အားလုံးသိမြင်လွယ်အောင် ဖန်တီးပေးရပါယတ်။ ဒီအလုပ်ကို အိမ်မှာပဲ လုပ်လုပ် သွားရင်းလာရင်းနဲ့ ကော်ဖီဆိုင်မှာပဲ လုပ်လုပ် လုပ်နိုင်ပါတယ်။
(၃) Web Designer / Developer
play

ဒီနေ့ ခေတ်ကြီးမှာ ဘယ်စီးပွားရေးလုပ်ငန်းမဆို လုပ်ငန်းဝက်ဘ်ဆိုက်တစ်ခု အနည်းဆုံး လိုအပ်နေတာဖြစ်လို့ ဝက်ဘ်ဆိုက်များကို အလှဆင် ဖန်တီးပေးသူ Designer /Developer များဟာလည်း မရှိမဖြစ် လိုအပ်နေပါတယ်။ အောင်မြင်တဲ့ ဒီဇိုင်းနဲ့ ထွက်လာတဲ့ ဝက်ဘ်ဆိုက်တစ်ခုကြောင့် ဒီဝက်ဘ်ဆိုက်ကို သုံးစွဲသူများ အဆင်ပြေမှုရှိလာပါတယ်။ ဖောက်သည်များရဲ့ စိတ်ကျေနပ်မှုရရှိတဲ့ ဘယ်လုပ်ငန်းမဆို အများတကာထက် ပိုမို အောင်မြင်တတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ ခေတ်လုပ်ငန်း တစ်ခု အောင်မြင်မှုဟာ သူ့ ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဝန်ဆောင်မှုပေါ်မှာလည်း အများကြီး တည်မှီနေပါတယ်။ Web Designer / Developer အလုပ်ဟာလည်း ကိုယ်ရောက်ရာ နေရာကနေ အင်တာနက်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တဲ့ ဝင်ငွေကောင်းအလုပ်တစ်ခု ဖြစ်ပါတယ်။
(၄) Social Media Manager
play

Facebook ၊ Twitter စတဲ့ လူမှုမီဒီယာများဟာ စားသုံးသူများကို ဆွဲဆောင်နိုင်ဆုံး နေရာများဖြစ်လာသလို ဖောက်သည်များနဲ့ အထိတွေ့ ဆုံး ပလက်ဖောင်းတစ်ခု ဖြစ်လာတာကြောင့် ကုမ္ပဏီလုပ်ငန်းများအနေနဲ့ သူတို့ ရဲ့ လုပ်ငန်းများကို လူမှုမီဒီယာများမှ တစ်ဆင့် ကြော်ငြာလာပါတယ်။ ဒီလို လုပ်ငန်းကြီးထွားလာဖို့ နဲ့ လူသိများလာဖို့ အတွက် အရေးကြီးတဲ့ လူများနဲ့  ကုမ္ပဏီကို ချိတ်ဆက်ပေးခြင်းကို Social Media Managerများကနေ တာဝန်ယူပေးပါတယ်။ Social Media ကျွမ်းကျင်သူများဟာ အွန်လိုင်းစီးပွားရေးအတိုင်ပင်ခံများသဖွယ် တာဝန်ယူနိုင်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါများသလို ဝင်ငွေလည်း ခိုင်မာပါတယ်။
(၅) Email Marketer
play

အင်တာနက် စီးပွားရေး ကြီးထွားလာတာနဲ့ အမျှ ဖောက်သည်များဆီကို ထုတ်ကုန်များ နဲ့ ဝန်ဆောင်မှုများအကြောင်း ကြေငြာရာမှာ နည်းအမျိုးမျိုးကို သုံးလာကြပါတယ်။ အထူးသဖြင့် အွန်လိုင်းကနေတစ်ဆင့် သုံးစွဲသူထံ တိုက်ရိုက်အရောက် မိတ်ဆက်ပေးနိုင်မယ့် အီးမေးလ် စာပို့ စနစ်များသုံးလာပါတယ်။ Email Marketer တစ်ယောက်ဟာ သုံးစွဲသူများကို ကုမ္ပဏီရဲ့ ကုန်စည်များအကြောင်း ဂရပ်ဖစ်နဲ့ ဝက်ဘ်ဆိုက် ဒီဇိုင်းများသုံးပြီး ဈေးကွက်ကို ကြေငြာမိတ်ဆက်ပေးရတာ ဖြစ်လို့ သူ့ ရဲ့ တာဝန်နဲ့ နေရာဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အလွန်အရေးပါပါတယ်။ ဒီရာထူးအတွက် ဂရပ်ဖစ်ကျွမ်းကျင်ရုံနဲ့ တင်မရဘဲ စိတ်ကူးဥာဏ်နဲ့ စာအရေးအသားကောင်းရမှာ ဖြစ်သလို တင်ပြပုံမှာလည်း ယဉ်ကျေးပါးနပ်ရပါတယ်။
(၆) Animation Jobs
play

အွန်လိုင်းကနေ လုပ်ရတဲ့ အလုပ်အကိုင်များထဲမှာ Animation လို့ ခေါ်တဲ့ ဂရပ်ဖစ်ကို သုံးပြီး အထူးပြုလုပ်ချက်တွေသုံးရတဲ့ ပညာရပ်ဟာ အလွန်လူကြိုက်များပြီး အသုံးတည့်ပါတယ်။ လူမှုမီဒီယာတစ်ခုကနေ တစ်ဆင့် GIF ကလေး တစ်ခု ဖန်တီးရာကနေ သိပ္ပံရုပ်ရှင်သစ်တစ်ကား ရိုက်ကူးတာအထိ Animation သမားများဟာ အရေးကြီးသလို အရာရောက်ပါတယ်။ ဘယ်ကုမ္ပဏီမဆို အများထက် တမူထူးခြားတဲ့ တင်ပြနည်း ကြော်ငြာနည်းများနဲ့ ကြော်ငြာချင် တင်ပြချင်ကြပါတယ်။ Animation ပညာရှင်တစ်ယောက်ဟာ အများနဲ့ ကွဲလွဲတဲ့ ရှုထောင့်ကနေ ကြည့်ပြီး တင်ဆက်ပေးတတ်တာဖြစ်လို့ အားလုံးက အံ့သြတကြီး စိတ်ဝင်စားစေတဲ့ တင်ပြမှုတွေ ဖန်တီးပေးနိုင်ပါတယ်။
(၇) Promotional Video Maker
play

Promotion တစ်ခု လုပ်တယ်ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ တစ်ခါတစ်လေ ငွေသိန်း နဲ့ သန်း နဲ့ ချီပြီး ကုန်သွားပေမယ့် ကိုယ့်ထုတ်ကုန်ဟာ ထင်သလောက် မပေါက်ပါဘူး။ ဒီနေ့ ခေတ်ကြော်ငြာလုပ်ငန်းတွေဟာ Facebook မှာ Live ဗွီဒီယိုတွေ လွှင့်ပြီး ကြော်ငြာကြပေယမ့ တကယ့် promotion ဆိုတာ လူအားလုံး ငေးကြည့်ပြီး အကျိုးရှိတယ် ဝယ်ထိုက်တယ်လို့ မှတ်ချက်နဲ့ အဆုံးသတ်မှ အောင်မြင်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ လူတိုင်းမလုပ်တတ်တဲ့ ရောင်းအားမြှင့်တင်နည်းပညာထဲမှာ ဗွီဒီယိုနဲ့ ထုတ်ကုန် ကို ကြော်ငြာတဲ့ Promotional Video Maker များလည်း ပါဝင်ပါတယ်။ ကမ္ဘာကျော် Apple ရဲ့ iPhone 7 ဘယ်လောက်ကောင်းသလဲ မသုံးရသေးခင် သူ့ ရဲ့ commercial video တစ်ကားနဲ့ တင် ဝယ်ဖို့ ဆုံးဖြတ်ထားတဲ့ ပရိတ်သတ်ပေါင်း သန်းနဲ့ ချီပြီး ရှိကြပါတယ်။ ဒါကို ကြည့်ရင် Promotional Video ဖန်တီးသူရဲ့ အခန်းကဏ္ဍဟာ ကုမ္ပဏီတစ်ခုရဲ့ အဓိကထောက်တိုင်တွေ ထဲက တစ်ခုဆိုတာ တွေ့ ရမှာပါ။
အခုပြောခဲ့တဲ့အလုပ်အကိုင်အားလုံးဟာ ကိုယ့်စိတ်ကြိုက်နေရာမရွေး အချိန်မရွေး လုပ်လို့ ရတဲ့ အွန်လိုင်းအလုပ်တွေ ဖြစ်ပါတယ်။ ငွေကြေးအရလည်း ဝင်ငွေကောင်းသလို ဘဝရပ်တည်မှုအနေနဲ့ လည်း သိက္ခာရှိရှိ လွတ်လွတ်လပ်လပ်လုပ်နိုင်ပါတယ်။အရေးကြီးဆုံးတစ်ချက်က ဒီအလုပ်တွေဟာ ဘယ်သူနဲ့ မဆို ကိုက်ညီတဲ့ အလုပ်အကိုင်တွေ ဖြစ်တာပါပဲ။
ဓူဝံ

No comments:

Post a Comment