Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 6, 2017

မြန်မာနယ်ခြားစောင့်တပ်က ပစ်ခတ်၍ ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား တစ်ဦးသေဆုံး


(ဓာတ်ပုံ- သေဆုံးသူ ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားပုံ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆

နတ်မြစ်အတွင်း မြန်မာ ရေပိုင်နက်ထဲ ငါးဖမ်းနေသော ဘင်္ဂလာဒေ့ရှ် ငါးဖမ်း လှေတစ်စီးအား မြန်မာ နယ်ခြားစောင့်တပ်က ပစ်ခတ်၍ ငါးဖမ်းသမား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့ ချော်ဒူရီပါရာမှ နုရ်လာမီ(ဘ) ကော်ဘီရာမတ် (၂၆) နှစ်ဖြစ်ပြီး ဒဏ်ရာရသွားသူမှာ မော်တာဇာ(ဘ) ချောနာမီယာ (၂၅) နှစ် ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသွားသူအား ယခုအခါ ကော့စ်ဘဇားမြို့ ခရိုင် ဆေးရုံကြီးတွင် တင်ထားရသည်ဟု သိရသည်။

၎င်းငါးဖမ်းလှေသည် ယနေ့ နံနက် အစောကြီးက မြန်မာရေပိုင်နက်ထဲဝင်ရောက်ငါးဖမ်းရာမှ မြန်မာဘက်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ သတိပေး ပစ်ခြင်း မရှိဘဲ တန်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေရှ့် သတင်းစာများတွင် ဖော်ပြသည်။

တက်ကနက်မြို့ နယ်စပ်နေ ရခိုင်အမျိုးသား တစ်ဦးအား နယ်စပ် အခြေအနေကို နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရကြောင်း၊ တစ်ဦးမှာ ရေထဲ ခုန်ဆင်း လွတ်မြောက်သွားခဲ့ကြောင်း၊ နယ်စပ်တွင် လူသေမှု ဖြစ်သော်လည်း အခြေအနေမှာ တည်ငြိမ်နေကြောင်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment