CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 7, 2017
ဦးကိုနှီအမှုမှာပါဝင်ခဲ့တဲ့ မယားကကြိုးကိုင်ခံနေရတဲ့ ဗကပြုတ် အောင်ဝင်းဇော် ဘာကြောင့်ပြုတ်ပြီး ထောင်ကျခဲ့သလဲ။
ရဲနဲ့တပ် က စစ်ဆေးစရာသူတွေကို စစ်ဆေးနေချိန်မှာ
ပရိတ်သတ်ကြီး အတွက် ဇတ်လမ်းတပုဒ်ပေးဖတ်လိုက်ပါဦးမယ်။
အများသိထားသလို မိန်းမ၂ ယောက်ထပ်ယူလို့၊ မိန်းမပွေလို စတဲ့
ဇတ်လမ်းမျိုးရှိပေမယ့် အဲ့ဒီကိစ္စကြောင့် ထောင်ကျတာမဟုတ်ပါဘူး။
မူးယစ်ဆေးဝါး နဲ့ ကျောက်စိမ်းတွေကိုလက်ဝယ် ဖမ်းဆီးရမိသွားလို့ဖြစ်ပါတယ်။
အောင်ဝင်းဇော်ဟာ လက်ရှိမိန်းမ ဘုတ်ဘုတ်ရဲ့ မှောင်ခိုပစ္စည်း (ဘိန်းနဲ့ကျောက်စိမ်း)
ကို ၀န်ထမ်းဘ၀ကတည်းက ရာထူးအရှိန်ဝါနဲ့ လိုရာခရီးသယ်ပေးနေသူပါ။
+++++
လူယုတ်မာ အောင်ဝင်းဇော်နဲ့
ဖိတ်စာရိုက်ထားပြီး စေ့စပ်ထားသူ
သနားစရာမိန်းကလေးငယ်တဦးရှိခဲ့ပါတယ်။
တနေ့မှာ အောင်ဝင်းဇော်ဟာ ထိုမိန်းကလေးကိုလာညှိပါတယ်။
မင်းကို ပွဲတက်မယားနေရာပေးမယ်။
အခု ငါနဲ့ပါလာတဲ့ အမျိုးသမီး (ဘုတ်ဘုတ်)ကိုတော့
ငါ့ညီမအနေနဲ့ အိမ်မှာကြိတ်ပုန်းခုတ်မယားအဖြစ်
ထားမယ်လို့ လာညှိပါတယ်။
နေရေးစားရေးအတွက် တမိသားစုလုံးအဆင်ပြေအောင်
ဘုတ်ဘုတ်က တာဝန်ယူတယ်လို့လည်း
ညှိနှိုင်းမှုထဲမှာ ပါပါတယ်။
( ဒီလိုမျိုး မယားပြိုင် ၂ ယောက်အနေနဲ့ နေနိုင်တဲ့ လက်ရှိမယား ဘုတ်ဘုတ်ဟာ
မျိုးရိုးလိုက်တယ်ပဲပြောရပါမယ်။ သူတို့မိသားစုဟာ သခင်လှမောင်ရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။သူဟာ အဲ့အချိန်မှာ အောင်ဝင်းဇော်ရဲ့ ကိုယ်ဝန်ကိုလွယ်ထားတဲ့အချိန်လည်းဖြစ်ပါတယ်။)
---------
ဒီလိုလာညှိတာကို တဖက်သားမိန်းကလေးက မခံနိုင်တော့
လက်ရှိမယား ဘုတ်ဘုတ် နဲ့ မိန်းကလေးငယ်ရဲ့ ညီအမတွေရိုက်ကြပုတ်ကြတဲ့
အဆင့်ထိရှိပါတယ်။ ဘုတ်ဘုတ်က အရင်စပြီး လက်တုန့်ပြန်တာပါ။
အောင်ဝင်းဇော်ကိုယ်တိုင်ကလည်း ညှိနှိုင်းတာ လက်မခံရကောင်း
လားဆိုပြီးမိန်းကလေးငယ်ကို အကြမ်းဖက်ဘို့ ကြိုးစားခဲ့ပါတယ်။
ဒီလို လာစော်ကားတာကို မခံနိုင်တဲ့ မိန်းကလေးငယ်ရဲ့မိခင်ဟာ
တပ်တွင်းကို အရင်တိုင်ပါတယ်။
တပ်ကလည်း ပွဲတက်မယားအဖြစ်နေပေးဘို့
ညှိပါတယ်။ ဒါကို မိခင်ဖြစ်သူက တိုင်းမှူးထိ
တက်တိုင်တော့မှာ အောင်ဝင်းဇော်ကို အရေးယူပါတယ်။
အောင်ဝင်းဇော်ကို အရေးယူချိန်မှာ ဘိန်းနဲ့ကျောက်စိမ်းတွေကိုလက်ဝယ်မိခဲ့တာပါ။
ပစ္စည်းတွေဟာ တကယ်တော့ ဘုတ်ဘုတ်ပစ္စည်းတွေဖြစ်ပေမယ့်လည်း
Never surrender အောင်ဝင်းဇော်ဟာမှောင်ခိုသမားအတွက် သစ္စာရှိစွာနဲ့ တယောက်တည်းထောင်ထဲဝင်ခဲ့ပါတယ်။
ဥပဒေကြောင်းအရ ၂ ယောက်စလုံးအရေးယူခံသင့်ပေမယ့်
ဥပဒေဟာ တပ်တွင်းမှာတောင် စိုးမိုးမှုမရှိခဲ့ပါဘူး။
+++++++++
အောင်ဝင်းဇော် ထောင်ကလွတ်လာချိန်မှာ
ဘုတ်ဘုတ်နဲ့သူ့သားကို လာပြန်ခေါ်ပြီး ထိုနောက်မှ တဆင့် တစတစ ကြီးပွားချမ်းသာ
လာခဲ့ပါတယ်။
တကယ်တော့ အောင်ဝင်းဇော်ဟာ
ဆွေတော်မျိုးတော်တို့ရဲ့ တူဆိုပေမယ့် သူဟာ မိသားစုဝင်တွေထဲမှာ
အဆင်းရဲဆုံးလို့ဆိုပါတယ်။
(သူတောင် အဆင်းရဲဆုံးဆိုရင်ကျန်တဲ့မိသားစုဝင်တွေ
သူ့ညီအကိုမောင်နှမတွေရဲ့ ကြွယ်ဝမှုကို ခန့်မှန်းလောက်မှာပါ)
အောင်ဝင်းဇော်ကို ဖမ်းပြီးတဲ့နောက်မှာသူရဲ့ ညီမဖြစ်သူ (ကျောက်စိမ်းမှောင်ခိုသမားများ)
အိမ်ကို ရဲတွေက ရှာဖွေစစ်ဆေးပါတယ်။
ညီမဖြစ်သူဟာ အောင်ဝင်းဇော်ကိုအင်မတန်ဒေါသထွက်ခဲ့ပါတယ်။
ကြည်လင်းပဲလူသတ်တာမို့ကြည်လင်းပဲထောင်ကျမှာ
အောင်ဝင်းဇော်ထောင်ကျလည်း ခနပဲ။ အခုတော့ ကျောက်စိမ်းမှုတွေပါ အဆစ်ပါကုန်လို့။
တောက်တခေါက်ခေါက်ဖြစ်ခဲ့ပါတယ်။
သည်တွင် အောင်ဝင်းဇော်ကိစ္စပြီး၏။
+++++++++
#လင်းယုန်မာန်
CSI MM
#PyiMoeAung
ဦးကိုနှီအမှုမှာပါဝင်ခဲ့တဲ့ မယားကကြိုးကိုင်ခံနေရတဲ့ ဗကပြုတ် အောင်ဝင်းဇော် ဘာကြောင့်ပြုတ်ပြီး ထောင်ကျခဲ့သလဲ။
Reviewed by MP4 YoU
on
February 07, 2017
Rating: 5
Reviewed by MP4 YoU
on
February 07, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment