Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 1, 2017

သူ့ပုံစံကအေးစက်စက်နဲ့ တစ်ယောက်နဲ့မှလည်း စကားပြောတာမဟုတ်ဘူး


“သူ့ပုံစံကအေးစက်စက်နဲ့ တစ်ယောက်နဲ့မှလည်း စကားပြောတာမဟုတ်ဘူး။”

“ရဲတွေကျောင်းကို လာပြီးစစ်တော့ သူ့အိတ်ထဲက ဘဏ်ကဒ်တွေနဲ့ဖုန်းကဒ်တွေတော့ တွေ့ရတယ်”

သေနတ်သမားဦးကြည်လင်း ရက် ၂၀ကျော်ကြာတည်းခိုသွားတဲ့ မင်္ဂလာတောင်ညွှန့်က ဘုန်းကြီးကျောင်းစာသင်တိုက်မှ ဆရာတော် ဦးဝိဇယနဲ့တွေ့ဆုံခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ – ဇန်နဝါရီလ ၂၉ ရက်နေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ ညနေသုံးနာရီခန့်မှာဦးကြည်လင်းဆိုသူသေနတ်သမားက သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။

အဆိုပါဦးကြည်လင်းဆို သူဟာ မင်္ဂလာတောင်ညွှန့်မြို့နယ် ကျောင်းလမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းစာသင်တိုက်တစ်တိုက်မှာ ရက်နှစ်ဆယ်ကျော် တည်းခိုခဲ့ပါတယ်။

ကျောင်းတိုက်မှ ဆရာတော်ဦးဝိဇ္ဇယကို သွားရောက်တွေဆုံပြီး ဦးကြည်လင်းဟာ ကျောင်းတိုက်ကိုဘယ်လိုလာရောက်တည်းခိုခဲ့တယ်သူရဲ့ အပြုအမှု သူ့ရဲ့လူပ်ရှားမှုတွေကို မေးမြန်းထားပါတယ်။
ကုမုဒြာ။ ။ဦးကြည်လင်းကဒီကျောင်းတိုက်ကိုဘယ်နေ့ ကစပြီးရောက်ခဲ့တာလဲ သူ့အပြင်ဘယ်သူတွေပါသေးလဲဘုရား ဒီကျောင်းမှာတည်းဖို့ကော ဘယ်လိုပြောပြီးတည်းခဲ့တာလဲဘုရား။

ဦးဝိဇယ။ ။သူစ စရောက်တာ အရင်လပထမပတ်ထဲမှာပေါ့ နှစ်ရက်နေ့လောက်ကဖြစ်မယ် သူတစ်ယောက်ထဲလာတာပါ ကျောပိုးအိတ်တစ်လုံးနဲ့ တခြားဘယ်သူမှတော့ပါမလာဘူး။

ဒါပေမယ့်သူ့ကျောင်းကိုစစရောက်တော့ သူ့နာမည်ကကြည်လင်းပါဆိုတာတော့မပြောဘူး သူ့နာမည်ကဖိုးထူးပါဆိုပြီးပြောတယ်။

ကြည်လင်းဆိုတာဖြစ်တော့မှ ဘုန်းကြီးလဲသိရတာ။ လာတုန်းကတော့ သူသန်လျင်ဘက်မှာကန်ထရိုက်လုပ်ဖို့ လာတာဆိုပြီးတော့ပြောတယ်။

ကုမုဒြာ။ ။ကိုကြည်လင်းကဒီကျောင်းမှာ အခုမှတည်းဖူးတာမျိုးလား ဒါမှမဟုတ် အရင်အခေါက်တွေကလည်း တည်းဖူးတာမျိုးရှိခဲ့လားဘုရား။

ဦးဝိဇယ။ ။သူကဆရာတော်ဘုရားတို့ထက် အရင့်အရင်တွေကိုက ဘုန်းကြီးတို့ကျောင်းကဆရာတော်ကြီး ဦးဓမ္မသာရနဲ့ အရင်ထဲကသိကျွမ်းခဲ့တာ ဆရာတော်ကြီးကတော့ဆုံးသွားတာတစ်နှစ်လောက်ရှိပြီ ။

အဲ့ဒါကြောင့်သူ့ကိုဘုန်းကြီးတို့က တည်းခွင့်ပေးလိုက်တာ ကျောင်းမှာကသူမှမဟုတ်ပါဘူး။

တခြားခရီးသည်တွေဆိုလည်း ဘုန်းကြီးတို့ကတည်းခွင့်ပေးတာပါပဲ သူဘယ်လိုလူမှန်းလည်းမသိပါဘူး ။ကျောင်းကိုစစရောက်ကတည်းက ဘုန်းကြီးကဘုန်းကြီးစာသင်သားတွေကိုသူနဲ့ စကားမပြောဖို့မှာထားတာ အရင်တစ်နှစ်လောက်ကတစ်ခါလာတည်းဖူးတယ် ။အဲ့တုန်းကတော့ ဒီလောက်မကြာဘူး နှစ်ရက်သုံးရက်လောက်ပဲတည်းသွားတယ်။
ကုမုဒြာ။ ။သူမနက်ပိုင်းတွေဆိုဘယ်ချိန်လောက်ထွက်ပြီး ညပိုင်းတွေဆိုဘယ်ချိန်တွေလောက်မှာ ပြန်ရောက်လာတတ်လဲ သူနဲ့အတူဘာပစ္စည်းတွေပါလာတာမျိုးရှိလဲ။

ဦးဝိဇယ။ ။သူလာကတည်းကကျောပိုးအိတ်တစ်လုံးပဲပါတယ် ကျန်တာတော့မတွေ့ဘူး မနက်ဆိုရင် ခုနှစ်နာရီခွဲရှစ်နာရီ လောက်ဆိုထွက်သွားတတ်တယ် ထွက်သွားရင်လည်းဘုန်းကြီးတို့ကို ဘာမှပြောမသွားဘူး ။ပြန်လာရင်အသီးတွေဝယ်လာတယ်။ ဘုရားရှိခိုးတယ်။ ကျောင်းပေါ်မှာတံမြက်စည်းလှည်းတယ်။ကြမ်းတိုက်တယ်။ ပန်းသီးတွေဘာတွေ ကပ်တယ်။

ညဆိုရင်ဘုန်းကြီးတို့က ကိုးနာရီလောက်ဆိုရင်ကျောင်းကပိတ်တော့ သူခုနှစ်နာရီလောက်ဆိုပြန်လာတတ်တယ်။

ဘာပစ္စည်းတွေပါလာတယ်တော့ ဘုန်းကြီးတို့လည်း မသိဘူး။ နောက်ဆုံးနေ့ဖြစ်ဖြစ်ပြီးချင်းမှာ ရဲတွေကျောင်းကို လာပြီးစစ်တော့ သူ့အိတ်ထဲက ဘဏ်ကဒ်တွေနဲ့ဖုန်းကဒ်တွေတော့ တွေ့ရတယ်။

ကုမုဒြာ။ ။ကျောင်းမှာတည်းသွားတဲ့အချိန်မှာကော သူညဘက်တွေထွက်တာမျိုးတွေရှိလား သူ့ကိုကြည့်ရတာဘယ်လို ပုံစံမျိုးဖြစ်နေတယ်လို့ ခန့်မှန်းမိလဲအရှင်ဘုရား ။

ဦးဝိဇယ။ ။ညဘက်ဆိုရင်တော့အပြင်ထွက်တာမျိုးမရှိဘူး ညလယ်လောက်ဆိုရင်တော့သူအိမ်သာခဏခဏသွားတယ်။ ဒီလိုအဖြစ်တွေမတိုင်ခင်မှာဆိုရင် နေ့တိုင်းလိုလို အပြင်ထွက်တယ်။ သူ့ဆီဖုန်းလာတာနဲ့ သူငယ်ချင်းနဲ့တွေ့ဖို့ဆိုပြီး ထွက်ထွက်သွားတတ်တယ်။သူရောက်ကတည်းကဘုန်းကြီးကလည်း ဘုန်းကြီးရဲ့စာသင်သားတွေကို သူနဲ့စကားမပြောဖို့ကို မှာထားတာ တစ်ခုခုဖြစ်မှာစိုးတယ်။သူ့ပုံစံကအေးစက်စက်နဲ့ တစ်ယောက်နဲ့မှလည်း စကားပြောတာမဟုတ်ဘူး။
ကုမုဒြာ။ ။နောက်ဆုံးတည်းသွားတဲ့ရက်ကကော အရှင်ဘုရားတို့ကိုဘာတွေပြောခဲ့တာမျိုးရှိသလဲ ။ဘယ်ချိန်လောက်မှာထွက်သွားတာလဲ အရှင်ဘုရား။

ဦးဝိဇယ။ ။မဖြစ်ခင်တစ်ရက်လောက်အလိုက ညပိုင်းမှာသူဆိုင်ကယ်တစ်စီးပါလာတယ် ။

အဲ့ဆိုင်ကယ်ကို ကျောင်းဝန်းထဲမှာ ရပ်ထားတယ် မနက်ရောက်တော့ ဘုန်းကြီးဆွမ်းခံပြီးပြန်လာတော့ သူအကျီင်္လဲနေတယ် ဒကာဘယ်သွား မလို့ လဲမေးတော့ သူငယ်ချင်းတစ်ယောက်နဲ့ အပြင်သွားဖို့ချိန်းထားတယ်ဆိုပြီးထွက်သွားတော့ တာပဲ။

အခုလိုအခြေအနေဖြစ်သွားကာမှပဲ ဘုန်းကြီးတို့လည်းစိုးရိမ်ရတယ် ။ဆရာတော်ဘုရားဆို တစ်နေ့ကိုဆေးတစ်လုံးထိုးနေရတယ် ။
ကုမုဒြာ။ ။အခုလက်ရှိအခြေနေမှာ အရှင်ဘုရားတို့ရဲ့ ကျောင်းလုံခြုံရေးကိုဘယ်လိုချမှတ်ထားပါလဲ ။

ဦးဝိဇယ။ ။အခုလက်ရှိမှာဘုန်းကြီးတို့ကျောင်းကို ဧည့်သည်လက်မခံထားပါဘူး။ ရဲတပ်ဖွဲ့ကလည်းလက်မခံဖို့ ပြောထားပါတယ် ။

ဘုန်းကြီးတို့ကတော့လုံခြုံရေးအတွက်စိုးရိမ်ပါတယ်။နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။

အခုလိုအချိန်ပေးဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Author ဝင်းနန္ဒာ၊နှင်းနှင်း
Kumudra

No comments:

Post a Comment