Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 1, 2017

ေသနတ္သမား ၾကည္လင္းကို ခိုင္းေစသူဟု ယူဆရသူအား ျမဝတီ CID ဖမ္းဆီးစစ္ေဆးသေနတ်သမား ကြည်လင်းကို ခိုင်းစေသူဟု ယူဆရသူအား မြဝတီ CID ဖမ်းဆီးစစ်ဆေး


ေသနတ္သမား ၾကည္လင္း၏ ေနအိမ္ကို မႏၲေလး ရဲတပ္ဖြဲ႕ ရွာေဖြစဥ္ / ေဇာ္ေဇာ္ / ဧရာဝတီ

By ေမစစ္ပိုင္ 1 February 2017

တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီ ကို ေသနတ္ျဖင့္ ပစ္သတ္ လုပ္ႀကံခဲ့သူ ၾကည္လင္းအား ေနာက္ကြယ္မွ ခိုင္းေစသည္ ဟု ဆိုသည့္ ျမင့္ေဆြဟု ယူဆရသူ တဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီး စစ္ေဆးေနၿပီျဖစ္ေၾကာင္း ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕က ဧရာဝတီ သို႔ အတည္ျပဳေျပာသည္။

ကရင္ျပည္နယ္ ဒုတိယရဲမွူးႀကီး ကံဝင္းက “ျမဝတီမွာ မိတာပါ။ ရန္ကုန္ကို ေခၚသြားၿပီလို႔ေတာ့ သိရတယ္။ ဖမ္းမိထားတာက ၃၀ ရက္ေန႔ ေန႔လည္ပိုင္းကတည္းက။ တေယာက္တည္းကိုပဲ မိတာပါ။ အမွုကေတာ့ ရန္ကုန္က ကိုင္တာပါ” ဟု ေျပာသည္။

ျမဝတီ ခရိုင္ရဲတပ္ဖြဲ႕ကလည္း ျမင့္ေဆြဟု ယူဆရသူကို ျမဝတီ စီအိုင္ဒီက စစ္ေဆးေနေၾကာင္း၊ ဖမ္းဆီးရမိထားသူမွာ တဦးတည္းျဖစ္ေၾကာင္း၊ အမွုႏွင့္ အမွန္တကယ္ ပတ္သက္ေနသူ ဟုတ္၊ မဟုတ္ အတည္ျပဳ စစ္ေဆးေနေၾကာင္း ေျပာသည္။

ေသနတ္သမား ၾကည္လင္းသည္ ေရွးေဟာင္းပစၥည္းမ်ားကို ခိုးယူမွုေၾကာင့္ ေထာင္က်ေနရာမွ လြတ္ၿငိမ္းခ်မ္းသာခြင့္ ျဖင့္ လြတ္ေျမာက္လာၿပီးေနာက္ အလုပ္အကိုင္ရွာေဖြရန္ မဲေဆာက္သို႔ သြားစဥ္ ျမင့္ေဆြ ႏွင့္ စတင္ သိကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း လူမွုကြန္ရက္ မီဒီယာတြင္ ပ်ံ႕ႏွံ့ေနေသာ ရဲစစ္ခ်က္မွတ္တမ္းမ်ား အရ သိရသည္။
Irrawaddy
.......

သေနတ်သမား ကြည်လင်း၏ နေအိမ်ကို မန္တလေး ရဲတပ်ဖွဲ့ ရှာဖွေစဉ် / ဇော်ဇော် / ဧရာဝတီ

By မေစစ်ပိုင် 1 February 2017

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခဲ့သူ ကြည်လင်းအား နောက်ကွယ်မှ ခိုင်းစေသည် ဟု ဆိုသည့် မြင့်ဆွေဟု ယူဆရသူ တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဧရာဝတီ သို့ အတည်ပြုပြောသည်။

ကရင်ပြည်နယ် ဒုတိယရဲမှူးကြီး ကံဝင်းက “မြဝတီမှာ မိတာပါ။ ရန်ကုန်ကို ခေါ်သွားပြီလို့တော့ သိရတယ်။ ဖမ်းမိထားတာက ၃၀ ရက်နေ့ နေ့လည်ပိုင်းကတည်းက။ တယောက်တည်းကိုပဲ မိတာပါ။ အမှုကတော့ ရန်ကုန်က ကိုင်တာပါ” ဟု ပြောသည်။

မြဝတီ ခရိုင်ရဲတပ်ဖွဲ့ကလည်း မြင့်ဆွေဟု ယူဆရသူကို မြဝတီ စီအိုင်ဒီက စစ်ဆေးနေကြောင်း၊ ဖမ်းဆီးရမိထားသူမှာ တဦးတည်းဖြစ်ကြောင်း၊ အမှုနှင့် အမှန်တကယ် ပတ်သက်နေသူ ဟုတ်၊ မဟုတ် အတည်ပြု စစ်ဆေးနေကြောင်း ပြောသည်။

သေနတ်သမား ကြည်လင်းသည် ရှေးဟောင်းပစ္စည်းများကို ခိုးယူမှုကြောင့် ထောင်ကျနေရာမှ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွတ်မြောက်လာပြီးနောက် အလုပ်အကိုင်ရှာဖွေရန် မဲဆောက်သို့ သွားစဉ် မြင့်ဆွေ နှင့် စတင် သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာတွင် ပျံ့နှံ့နေသော ရဲစစ်ချက်မှတ်တမ်းများ အရ သိရသည်။

No comments:

Post a Comment