CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, February 1, 2017
မြင့်ဆွေဆိုတာ ဘယ်သူလဲ ပေါ်လာပါပြီ။
လူသတ်တရားခံကြည်လင်းရဲ့ ရဲရှေ့ထွက်ဆိုချက်အရ ဦးကိုနီကို လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ဖို့ သေနတ်ပေး လက်ညိုးထိုး ခိုင်းစေခဲ့တဲ့ မြင့်ဆွေဆိုတဲ့ သူကို မန္တလေးက ရှေးဟောင်း မြန်မာလက်မှု ဗိသုကာပညာရှင် တပ္ပဝတီဦးဝင်းမောင် ကသိတယ်။ သူ့မျက်စိရှေ့တင် ကြီးလာတဲ့သူလို့ ဆိုပါတယ်။
(ကြည်လင်းက ဦးကိုနီကို သေနတ်နဲ့ ပစ်တဲ့ပုံ ရိုက်တာလည်း မြင့်ဆွေပဲ ဖြစ်နိုင်တယ်။)
မြင့်ဆွေဆိုတာ ဘယ်လိုလူလဲ ဆိုတာ ဦးဝင်းမောင်ဘီဘီစီကို ရှင်းပြတာက
*****
"မြင့်ဆွေ ဆိုတာ မန္တလေးက တပ္ပဝတီ ခတ်တန်းက { (ဘ) ဦးစံအေး} ဖြစ်ပါတယ်။ အရင် သူ့အဖေမျိုးရိုးကတော့ လက်ဖက်ရည်ဆိုင် မျိုးရိုးပေါ့။ သူ့လက်ထက် ရောက်တော့ သူက ကြေးသွန်း လုပ်တယ်။ ကြေးသွန်းလုပ်ပြီးနောက် ရှေးဟောင်းပစ္စည်း အဟောင်းအတု ပြန်လုပ်တယ်။
အဲ့ဒါတွေကို ထိုင်းကိုပို့တာ။ သူက ဘယ်လောက်အထိ ကောင်းသလဲ ဆိုရင် သူလုပ်လိုက်တဲ့ အဟောင်းတွေကို စင်္ကာပူပြတိုက်တို့ ဂျာမဏီပြတိုက်တို့ကတောင် ရှေးဟောင်းပစ္စည်း အစစ်ဆိုပြီး ပြတိုက်ထဲ ထည့်ထားတာဗျ။
စောစောပိုင်းကတော့ ဒီမှာလုပ်ပြီး ကုန်သည်က သူ့ဆီလာဝယ်တာ။ နောက်ပိုင်း သူကိုယ်တိုင် ဟိုသွားရောင်းတာ။ ကျနော်တို့က ရပ်ဆွေ ရပ်မျိုးတွေပါ။ သူ့အဖေနဲ့ကလည်း သူငယ်ချင်းတွေ။ သူလုပ်ထားတဲ့ ဘုရားတွေက ဘာပုံလဲ ဘာမှားနေလဲ လာလာမေးနေတော့ ခင်နေတာပေါ့။
သူက စီးပွါးရေးသမားဗျ။
ရာဇ၀တ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ် မကြားဘူး။ ပထမတော့ ရှေးဟောင်းအတု လုပ်ရာက နောက်ကြတော့ အဟောင်းတွေပါလိုက်ဝယ်ပြီး ထိုင်းသွားရောင်းတာကြားတယ်။
ဘယ်လောက်အထိ လုပ်သလဲဆိုတော့ အဲ့ဒီတုန်းက ကျနော်က Surf ကားဝယ်ထားတယ်။ ကျနော်က ပုဂံနန်းတော် မန္တလေးနန်းတော်တွေ လိုက်စစ်ရတော့ အဲ့ဒီလမ်းကြားက ရှေးဟောင်းပစ္စည်း ရှိတဲ့နေရာတွေ ၀င်လေ့လာဖြစ်တယ်။ အဲ့ဒီတော့ သူက ကျနော့်ကားနဲ့ ပုံစံတူ အရောင်တူ တစ်ပုံစံထဲဝယ်ပြီးတော့ ကျနော်သွားဖူးတဲ့ နေရာတွေသွားပြီး ကျနော် ဦးဝင်းမောင် တပည့်ပါ။ ဆရာက လွှတ်လိုက်လို့။ ဘာပစ္စည်းတွေ ၀ယ်မယ် ဘာညာဆိုပြီး ရှေးဟောင်း ပစ္စည်းတွေ လိုက်ဝယ်တယ်ဆိုပြီး နောက်တစ်ခေါက် ကျနော်ရွာရောက်တော့ ရောက်တဲ့နေရာတွေက ပြောတယ်ဗျ။
စီးပွါးရေးက တောင့်တယ်ဗျ။ ရှေးဟောင်းပစ္စည်း လုပ်တော့ ဘုရားတစ်ဆူ ရောင်းရင် ကားတစ်စီးလောက် ရနိုင်တယ်။ ကျနော် သိသလောက်တော့ သူက နိုင်ငံရေးမှာ သိပ်မပါဘူးဗျ။ စီးပွါးရေးသမား သက်သက်ပဲ။ ငွေရရင် ဘာမဆို လုပ်တဲ့လူမျိုး။
သူက ရှေးဟောင်း ပစ္စည်း အတုကို အစစ်ဆိုပြီး လိမ်ရောင်းတယ်။ အဲ့ဒီပြဿနာ လာရှင်းလှည့်ပါ ဆိုပြီးတော့ ထိုင်းက ခေါ်တယ်လို့ကြားတယ်။ သတင်းကြားတာကတော့ ဟိုကလူက ပိုက်ဆံပေးပြီး သတ်ပစ်လိုက်လို့ သေပြီလို့ကြားတာ။ သူ့မိသားစုက ဟုတ်မဟုတ် စုံစမ်းပြီး နောက်ဟုတ်တယ်လို့ ဆိုပြီး အိမ်မှာ သပိတ်တွေ ဘာတွေ သွတ်လိုက်ကြတယ်။ သူ့အမျိုးသမီးက အဲ့ဒီကိစ္စတွေ လိုက်ရင်းနဲ့ ဒုရဲအုပ် တစ်ယောက်နဲ့ ငြိပြီး အိမ်ထောင်ကျသွားပြီး အခုသူနဲ့နေခဲ့တဲ့ အိမ်မှာပဲ ကျနော်တို့ အရပ်ထဲမှာပဲ အခုဆက်နေတယ်။ ရပ်ကွက်ချင်း ကပ်နေတာပဲ။ တစ်လမ်းကွာလောက်ပဲ။
သူက ရိုးရိုး ၇ တန်း ၈တန်းလောက်ပဲ ကျောင်းတက်ဖူးတာပါ။ သူက ဘာသာရေး အစွန်းရောက်လည်း မဖြစ်နိုင်ဘူးဗျ။ သူက စီးပွါးရေးသမားပဲဗျ။ စီးပွါးရေးသမားတောင် ဒီအပြင် စီးပွါးရေး လုပ်တာ မဟုတ်ဘူး။ ရှေးဟောင်း ပစ္စည်း လုပ်တဲ့သူဗျ။
#အဖွဲ့အစည်းတစ်ခုအသင်းအဖွဲ့တစ်ခုခုက #နာမည်မခံချင်လို့သူ့ကိုကြားပွဲစားအနေနဲ့ #လုပ်ခိုင်းတာပဲ ဖြစ်မယ်ဗျ ကျနော်ကတော့ အဲ့ဒီလိုပဲထင်တယ်။ ကျနော်တို့ ရှေ့တင် ကြီးလာတဲ့ကလေးဆိုတော့ သိတယ်။
သူက လူတော်၊ လက်ရာလက်သားကောင်းတယ်။ ဒါပေမယ့် ငွေမက်တယ်။ ငွေရရင် ဘာအလုပ်မဆို လုပ်တယ်။
သူဖြစ်နိုင်ပါတယ်။ သေချာသလောက်ပဲ။ သူက ရှေးဟောင်း ပစ္စည်းလုပ်ရင်း ဘုတလင်ဖက်လည်း ရောက်တော့ ဒီလူနဲ့ တွဲလုပ်ဖူးလောက်တယ်။
****
ကွင်းဆက် သံသရရှိသူ
မြင့်ဆွေကို လက်မဲကြီးက အပျောက်ရိုက် မပစ်ပါစေနဲ့လို့ ဆုတောင်းရမလိုပါပဲ။
တရားခံကို စစ်ဆေးလို့ သေချာရင် ရဲတပ်ဖွဲ့က မြင့်ဆွေပုံထုတ်ပြီး အလိုရှိကြောင်း အမြန်ဆုံး ကြေငြာသင့်ပါပြီ။
****
ဇော်လွင်ဝင်း ရေးသားသည်။
Zaw Lwin Win
မြင့်ဆွေဆိုတာ ဘယ်သူလဲ ပေါ်လာပါပြီ။
Reviewed by MP4 YoU
on
February 01, 2017
Rating: 5
Reviewed by MP4 YoU
on
February 01, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment