Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 9, 2017

ဖန်းပင်နဲ့ ဝါးပင် ဥပမာ ~~~~~~~~~~~~~~~


လူတစ်ယောက်ဟာ သူ့ဘဝကို အကြီးအကျယ် စိတ်ပျက်နေတယ်။ သူဘယ်လောက်ကြိုးစား လုပ်လုပ် သူလုပ်သမျှဟာ ရှုံးနိမ့်မှု့နဲ့သာ ရင်ဆိုင်ခဲ့ရတယ်။ အဲလို စိတ်ပျက်ဝမ်းနည်းနေတဲ့ အချိန်မှာ ပညာရှိကြီးတစ်ယောက်နဲ့ သွားတွေ့တယ်။

သူဟာ ပညာရှိကြီးကို သူဖြစ်ပျက်ခဲ့သမျှပြောပြပြီး ကျနော့်ကို မရှုံးနိမ့်ပဲ အောင်မြင်မဲ့ နည်းလမ်းပြောပါလို့ တောင်းပန်လိုက်တယ်။ အဲဒါနဲ့ ပညာရှိကြီးက မင်းရှေ့က ဖန်းပင် နဲ့ ဝါးပင်းကို တွေ့လားလို့ မေးလိုက်တယ်။ (ဖန်းပင်ကို ဒရင်ကောက်ပင်လို့ လဲ ခေါ်ပါတယ်)။ ဟိုလူကလည်း ဟုတ်ကဲ့တွေ့ပါတယ် ခင်ဗျာလို့ ပြန်ဖြေတယ်။

အေးငါတို့ ဖန်းပင်နဲ့ ဝါးပင်ကို အချိန်အတူတူအတွင်း မှာ စိုက်ပျိုးတယ် ဆိုကြပါစို့။ ငါတို့တွေ ရေ တွေ ဓါတ်မြေသြဇာတွေ အတူတူ မျှတအောင် ကြွေးမယ်။ နေရောင် ကောင်းစွာ အတူတူရအောင် လုပ်ပေးမယ်။ ဘယ်ဟာက အရင် မြန်မြန်ကြီးထွားမယ်ထင်လဲ။ ဖန်းပင်က ရက်အနည်းငယ် အတွင်းမှာ မြန်မြန်ကြီးထွားလာပြီး ဝါးပင်က မြေပေါ်ကို တစ်လက်မလောက်တောင် တက်မလာဘူးတဲ့ ။ နောက် ၅ နှစ်လောက်ရေဆက်လောင်းပေး မြေသြဇာ ကြွေးလဲ သိပ်မသိသာသေးဘူးတဲ့။ ၅ နှစ် ၆ လလောက်မှ ဝါးပင်က ပေ ၁၀၀ လောက် ချက်ခြင်းထိုးတက်သွားတာတဲ့။

မသိရင် ဘာမှ မဖြစ်ထွန်းသလိုပဲတဲ့။ ဝါးပင်က ၄ နှစ်လောက် မြေထဲမှာ အခြေခိုင်စေမဲ့ အမြစ်တွေ ပွားနေတာတဲ့။ အမြင့်ဆုံးတက်မဲ့ အရာတွေဟာ အခြေခိုင်ဖို့ လိုတယ်တယ်။ လုံလောက်တဲ့ အချိန်တစ်ခုလဲ လိုတယ်။ အခု မင်းရင်ဆိုင်နေရတဲ့ အခက်အခဲ ပင်ပန်းမှုတွေ စိတ်ပျက်ဝမ်းနည်းမှု့ တွေဟာ အောင်မြင်ဖို့ အမြင့်ရောက်ဖို့ အခြေခိုင်ဖို့ အမြစ်တွေဆောက်နေတာပါ။ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးက ဝါးပင် ဥပမာယူပြီး မဆုတ်မနှစ် ကြိုးစားပါ။ အဲဒီအတိုင်းကြိုးစားရင် တစ်နေအောင်မြင်မှာပါလို့ အားပေးလိုက်ပါတယ်။

ဟုတ်ပါတယ် ဘာမှ အဖိုးမတန်တဲ့ ဖန်းပင်တွေဟာ အဖြစ်မြန်ပေမယ့် အချိန်တန်တော့ အဖိုးတန်တဲ့ ဝါးပင်တွေပဲ ပုံထဲကအတိုင်း အမြင့်ဆုံး ရောက်သွားတာပါ။

ကျနော်တို့တွေလဲ တခါတလေ ကိုယ်လုပ်တဲ့ အရာတွေ တိုးတက်သင့် သလောက် မတိုးတက်ဘူး မဖြစ်ထွန်းဘူးလို့ ထင်တတ်ကြပါတယ်။ အဲဒီအတွက် စိတ်ပျက်ဝမ်းနည်းရ လက်လျော့မတတ် ခံစားကြရတတ်ပါတယ်။ အဲဒီအချိန်မှာ ဝါးပင်လေးရဲ့ ဥပမာကို သတိရပြီး အောင်မြင်ဖို့ အမြင့်ရောက်ဖို့ အခြေခိုင်ဖို့ အမြစ်တွေတည် ဆောက်နေတာလို့ အားတင်ပြီး အချိန်တန်ရင် ဝါးပင်လေး တစ်လက်မကနေ ပေ ၁၀၀ ထိ တက်လှမ်းသွားသလို ကိုယ်ဖြစ်ချင်တဲ့ အမြင့်ဆုံး ပန်းတိုင်ထိ တက်လှမ်းနိုင်ကြပါစေ။

The Bamboo Tree ဆိုတဲ့ ပုံပြင်လေး ကို ဆီလျှော် အောင် ပြန်ဆိုပါသည်

ပုံမှာ ဖန်းပင်နဲ့ ဝါးပင်ကို နှိုင်းယှဉ်ပြထားပါသည်။

ရဲမင်း

9/1/2017

No comments:

Post a Comment